ပုရွက်ဆိတ်သည် ဦးစီးဦးဆောင်သူမရှိ၊ ကြီးကြပ်သူမရှိ၊ အုပ်စိုးသူလည်းမရှိဘဲလျက်
ဟဗက္ကုတ် 1:14 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် လူတို့ကို ပင်လယ်ငါးကဲ့သို့လည်းကောင်း၊ အုပ်စိုးသောသူမရှိသော တွားသွားသတ္တဝါကဲ့သို့လည်းကောင်း ဖြစ်စေ၏။ Common Language Bible ကိုယ်တော်ရှင်သည်အဘယ်ကြောင့်လူတို့အားငါးများကဲ့သို့လည်းကောင်း၊ မိမိတို့အားအုပ်ချုပ်လမ်းညွှန်မည့်သူမရှိသည့်ပိုးအုံမွှားအုံကဲ့သို့သော်လည်းကောင်းဖြစ်စေတော်မူပါသနည်း။- Garrad Bible မင်း မ ရှိ သော မ စ္ဆ ပိုး မွှား က စ၍ ရေ သ တ္တ ဝါ များ ကဲ့ သို့၊ ရောက် စေ တော် မူ သော လူ သ တ္တ ဝါ တို့ ကို၊ Judson Bible လူသတ္တဝါတို့ကိုလည်း ပင်လယ်ငါးကဲ့သို့လည်းကောင်း၊ မင်းမရှိသော ပိုးကောင်ကဲ့သို့လည်းကောင်း အဘယ်ကြောင့် ဖြစ်စေတော်မူသနည်း။ |
ပုရွက်ဆိတ်သည် ဦးစီးဦးဆောင်သူမရှိ၊ ကြီးကြပ်သူမရှိ၊ အုပ်စိုးသူလည်းမရှိဘဲလျက်
ထာဝရဘုရားက ‘ကြည့်ရှုလော့။ ငါသည် တံငါသည်အမြောက်အမြားစေလွှတ်၍ သူတို့ကိုမျှားစေမည်။ မုဆိုးအမြောက်အမြားတို့ကိုလည်း စေလွှတ်၍ တောင်ကြီးတောင်ငယ်၊ ကျောက်ကြိုကျောက်ကြားမှ သူတို့ကို လိုက်လံဖမ်းဆီးစေမည်။
ကိုယ်တော်သည် မကောင်းမှုများကို မမြင်ထိုက်၊ ဆိုးညစ်မှုများကို မကြည့်ထိုက်အောင် သန့်ရှင်းစင်ကြယ်သောမျက်လုံးများ ရှိတော်မူပါ၏။ သို့သော် သစ္စာမရှိသောသူတို့ကို အဘယ်ကြောင့် ကြည့်နေနိုင်ပါသနည်း။ ဆိုးယုတ်သောသူတို့က မိမိထက်ဖြောင့်မတ်သောသူတို့အား ဝါးမျိုနေသည်ကို အဘယ်ကြောင့် ဆိတ်ဆိတ်နေတော်မူပါသနည်း။
သူတို့သည် ထိုသူအပေါင်းတို့ကို ငါးမျှားချိတ်နှင့်မျှားလျက်၊ ပိုက်ကွန်နှင့်ဖမ်းလျက်၊ ပိုက်နှင့်ဆွဲလျက် ဝမ်းမြောက်ရွှင်လန်းကြ၏။