ပရောဖက်ဟဂ္ဂဲနှင့် ဣဒေါ၏သားပရောဖက်ဇာခရိတို့သည် အစ္စရေးလူမျိုးတို့၏ဘုရားသခင်နာမတော်ကိုအမှီပြု၍ ယုဒပြည်၊ ဂျေရုဆလင်မြို့ရှိ ဂျူးလူမျိုးတို့အား ပရောဖက်ပြုဟောပြောလေ၏။
ဟ္ဂဲ 1:3 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ပရောဖက်ဟဂ္ဂဲမှတစ်ဆင့် ရောက်လာ၍ Common Language Bible ဟုမိန့်တော်မူပြီးနောက်ပရောဖက်ဟ္ဂဲမှ တစ်ဆင့် ထာဝရဘုရား၏နှုတ်ကပတ်တော် ကပြည်သူတို့အား၊- Garrad Bible ဗိ မာန် တော် သည် ဖုန်း ဆိုး ကုန်း ဖြစ် ခိုက် အ ခင်း အ ကာ စုံ လင် သော ကိုယ့် တိုက် အိမ် များ တွင် သင် တို့ နေ ထိုင် ရန် အ ချိန် ဟုတ် သ လော ဟု ပ ရော ဖက် ဖြစ် သူ ငါ ဟ ဂ္ဂဲ အား ဖြင့် ထာ ဝ ရ ဘု ရား မေး တော် မူ၏။ Judson Bible ပရောဖက် ဟဂ္ဂဲအားဖြင့် ထာဝရဘုရား၏ နှုတ်ကပတ်တော်ရောက်လာသည်ကား၊ |
ပရောဖက်ဟဂ္ဂဲနှင့် ဣဒေါ၏သားပရောဖက်ဇာခရိတို့သည် အစ္စရေးလူမျိုးတို့၏ဘုရားသခင်နာမတော်ကိုအမှီပြု၍ ယုဒပြည်၊ ဂျေရုဆလင်မြို့ရှိ ဂျူးလူမျိုးတို့အား ပရောဖက်ပြုဟောပြောလေ၏။
ဒါရိမင်းကြီးနန်းစံ ဒုတိယနှစ်၊ ဆဋ္ဌမလ၊ တစ်ရက်နေ့တွင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ပရောဖက်ဟဂ္ဂဲမှတစ်ဆင့် ရှာလသေလ၏သား ယုဒဘုရင်ခံဇေရုဗဗေလနှင့် ယောဇဒက်၏သား ယဇ်ပုရောဟိတ်မင်းယောရှုတို့ထံသို့ ရောက်လာသည်မှာ ဤသို့တည်း။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ ‘ထာဝရဘုရား၏အိမ်တော်ကို ပြန်လည်တည်ဆောက်ချိန် မရောက်သေး’ဟူ၍ ဤလူတို့ ဆိုတတ်ကြသည်”ဟု မိန့်တော်မူ၏။
“ဤအိမ်တော် ပျက်စီးနေချိန်တွင် သင်တို့ကိုယ်တိုင် အိမ်ကြီးအိမ်ကောင်းများနှင့် နေထိုင်ရသလော။
ဒါရိမင်းကြီးနန်းစံ ဒုတိယနှစ်၊ အဋ္ဌမလတွင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ဣဒေါ၏မြေး၊ ဗေရခိ၏သား ပရောဖက်ဇာခရိထံသို့ရောက်လာ၍