ဩဇိမင်းကြီး၏သားတော်ယောသံမင်းကြီး နန်းစံအနှစ်နှစ်ဆယ်တွင် ဧလာမင်းကြီး၏သားတော်ဟောရှေသည် ရေမလိ၏သားပေကာမင်းကြီးကို လုပ်ကြံရန် လျှို့ဝှက်ကြံစည်ပြီး လုပ်ကြံသတ်ဖြတ်ကာ သူ့အရိုက်အရာကို ဆက်ခံလေ၏။
ဟေရှာယ 9:21 - မြန်မာ့စံမီသမ္မာကျမ်း မနာရှေအမျိုးက ဧဖရိမ်အမျိုးကို၊ ဧဖရိမ်အမျိုးက မနာရှေအမျိုးကို ဝါးမျို၏။ သူတို့အတူတကွ ယုဒအမျိုးကို ဆန့်ကျင်ကြ၏။ ဤအရာအလုံးစုံဖြစ်စေကာမူ အမျက်တော်မပြေ၊ လက်တော်သည် ဆန့်လျက်ရှိသေး၏။ Common Language Bible မနာရှေသားချင်းစုနှင့်ဧဖရိမ်သားချင်း စုသည်အပြန်အလှန်တိုက်ခိုက်ကြပြီးလျှင် သူတို့နှစ်ဦးပေါင်း၍ယုဒသားချင်းစုကို တိုက်ခိုက်ကြတော့၏။ သို့နှင့်လည်းထာဝရ ဘုရားသည်အမျက်တော်မပြေဘဲအပြစ် ဒဏ်ခတ်တော်မူရန်လက်တော်ကိုချိန်ရွယ် လျက်ပင်ထားတော်မူ၏။ Judson Bible မနာရှေအမျိုးသည် ဧဖရိမ်အမျိုးကိုလည်းကောင်း၊ ဧဖရိမ်အမျိုးသည် မနာရှေအမျိုးကိုလည်းကောင်း ကိုက်စားကြလိမ့်မည်။ ထိုနှစ်မျိုးတို့သည် ယုဒအမျိုးကို တညီတညွတ်တည်း ရန်ပြုကြလိမ့်မည်။ သို့သော်လည်း၊ အမျက်တော်သည်မငြိမ်း၊ လက်တော်သည် ဆန့်လျက်ရှိသေး၏။ |
ဩဇိမင်းကြီး၏သားတော်ယောသံမင်းကြီး နန်းစံအနှစ်နှစ်ဆယ်တွင် ဧလာမင်းကြီး၏သားတော်ဟောရှေသည် ရေမလိ၏သားပေကာမင်းကြီးကို လုပ်ကြံရန် လျှို့ဝှက်ကြံစည်ပြီး လုပ်ကြံသတ်ဖြတ်ကာ သူ့အရိုက်အရာကို ဆက်ခံလေ၏။
အကျဉ်းသားတို့တွင် ဝပ်တွားခြင်း၊ သတ်ဖြတ်ခံရသောသူတို့တွင် လဲကျခြင်းမှတစ်ပါး အခြားမရှိ။ ဤအရာအလုံးစုံဖြစ်စေကာမူ အမျက်တော်မပြေ၊ လက်တော်သည် ဆန့်လျက်ရှိသေး၏။
ဧဖရိမ်အမျိုး၏မနာလိုဝန်တိုစိတ်သည် ပျောက်သွားမည်။ ယုဒအမျိုးအား ရန်ပြုသောသူတို့သည် ဖယ်ရှားခြင်းခံရမည်။ ဧဖရိမ်အမျိုးသည် ယုဒအမျိုးကို မနာလိုမဖြစ်။ ယုဒအမျိုးသည်လည်း ဧဖရိမ်အမျိုးကို ရန်မပြု။
ထာဝရဘုရားသည် မိမိလူမျိုးတော်ကို အမျက်ထွက်၍ သူတို့အပေါ်လက်တော်ကိုဆန့်လျက် ဒဏ်ခတ်တော်မူမည်။ တောင်တို့သည်လှုပ်ခတ်ကြလိမ့်မည်။ သူတို့အလောင်းသည် လမ်းမအလယ်၌ အမှိုက်သရိုက်ကဲ့သို့ဖြစ်လိမ့်မည်။ ဤအရာအလုံးစုံဖြစ်စေကာမူ အမျက်တော်မပြေ၊ လက်တော်သည် ဆန့်လျက်ရှိသေး၏။
သူတို့သည် ခက်ခဲပင်ပန်းလျက်၊ ဆာလောင်မွတ်သိပ်လျက် ပြည်တစ်လျှောက်ဖြတ်သန်းသွားရမည်။ ဆာလောင်သောအခါ အမျက်ထွက်၍ မိမိဘုရင်၊ မိမိဘုရားသခင်ကို ကျိန်ဆဲမည်။ အထက်သို့ မော့ကြည့်လျှင်ဖြစ်စေ၊
အရှေ့ဘက်မှ ဆီးရီးယားလူမျိုး၊ အနောက်ဘက်မှ ဖိလိတ္တိလူမျိုးတို့သည် အစ္စရေးလူမျိုးကို အငမ်းမရဝါးမျိုကြလိမ့်မည်။ ဤအရာအလုံးစုံဖြစ်စေကာမူ အမျက်တော်မပြေ၊ လက်တော်သည် ဆန့်လျက်ရှိသေး၏။
သူတို့အားလုံးသည် ဘုရားတရားမဲ့သောသူ၊ ဆိုးညစ်သောသူတို့ဖြစ်ကြ၏။ သူတို့အားလုံး၏နှုတ်သည်လည်း မိုက်မဲသောစကားကို ပြောဆိုတတ်ကြ၏။ ထို့ကြောင့် ဘုရားရှင်သည် လူပျိုတို့အပေါ် နှစ်သက်တော်မမူ။ မိဘမဲ့နှင့် မုဆိုးမတို့ကို သနားတော်မမူ။ ဤအရာအလုံးစုံဖြစ်စေကာမူ အမျက်တော်မပြေ၊ လက်တော်သည် ဆန့်လျက်ရှိသေး၏။
သူတို့အချင်းချင်းကိုသာမက သားအဖချင်းကိုပင် ကွဲပြားစေမည်။ မသနား၊ မညှာတာ၊ မစာနာဘဲ သူတို့ကိုဖျက်ဆီးမည်’ဟူ၍ မိန့်တော်မူ၏”ဟု ဆင့်ဆိုလော့။
ထို့ကြောင့် လျှော်တေအဝတ်ကိုဝတ်၍ ငိုကြွေးမြည်တမ်းကြလော့။ အကြောင်းမူကား ထာဝရဘုရား၏ပြင်းထန်သောအမျက်တော်သည် ငါတို့ထံမှ ပြန်လှည့်မသွားသေးပေ။
ထို့နောက် ယုဒလူမျိုးနှင့် အစ္စရေးလူမျိုးကြား ညီအစ်ကိုတော်စပ်မှုကို ပယ်ဖျက်ရန် ဒုတိယတောင်ဝှေးဖြစ်သော “စည်းလုံးခြင်းတောင်ဝှေး”ကို ငါချိုးပစ်၏။
ထိုကာလ၌ များစွာသောလူတို့သည် စိတ်ပျက်ကြ၍ အချင်းချင်းအပ်နှံလျက် အချင်းချင်းမုန်းတီးကြလိမ့်မည်။
သို့သော် သင်တို့သည် အချင်းချင်းကိုက်ဖြတ်ဝါးမျိုကြလျှင် အချင်းချင်းကြောင့် ပျက်စီးခြင်းသို့ရောက်မည်ကို စိုးရိမ်ရသဖြင့် သတိပြုကြလော့။
ထာဝရဘုရားက ဂိဒေါင်အား “သင်နှင့်အတူ ပါလာသောသင့်လူတို့သည် အလွန်များသောကြောင့် သူတို့လက်သို့ မိဒျန်လူမျိုးတို့ကို ငါမအပ်။ အပ်မည်ဆိုလျှင် အစ္စရေးလူမျိုးတို့က ‘ငါတို့၏လက်ရုံးသည် ငါတို့ကိုကယ်တင်ပြီ’ဟု ဝါကြွားပြောဆိုကြလိမ့်မည်။
ရှောလုမင်းကြီးနှင့် သူ၌ရှိသောလူအပေါင်းတို့သည် စုရုံး၍ စစ်မြေပြင်သို့ချီသွားကြလျှင် ဖိလိတ္တိစစ်သည် အချင်းချင်းဓားနှင့် ခုတ်သတ်ကြ၍ ဝရုန်းသုန်းကားဖြစ်နေကြသည်ကိုတွေ့လိုက်ရ၏။