ထိုအခါ ယဇ်ပုရောဟိတ်ဟိလခိ၊ အဟိကံ၊ အာခဗော်၊ ရှာဖန်၊ အသာယတို့သည် ဂျေရုဆလင်မြို့နေရာသစ်တွင်နေထိုင်သော ဟရဟတ်၏မြေး၊ တိကဝ၏သား ဝတ်လုံတော်ထိန်းရှလ္လုံ၏မယားဖြစ်သူ ပရောဖက်မ ဟုလဒထံသွား၍ စကားပြောဆိုကြရာ
ဟေရှာယ 8:3 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ငါသည် ပရောဖက်ကတော်ကိုချဉ်းကပ်သဖြင့် သူသည် ကိုယ်ဝန်ဆောင်၍ သားယောက်ျားကိုမွေးဖွားလေ၏။ ထာဝရဘုရားက ငါ့အား “ထိုသား၏အမည်ကို ‘မဟေရရှာလလဟာရှဗတ်’ဟု မှည့်ခေါ်လော့။ Common Language Bible ကာလအနည်းငယ်ကြာသောအခါငါ၏ ဇနီးသည်သည်ကိုယ်ဝန်ဆောင်ကာသားယောကျာ်း ကိုဖွားမြင်လေသည်။ ထာဝရဘုရားကလည်း ``ထိုသားကိုမြန်မြန်တိုက်မြန်မြန်လုဟု နာမည်မှည့်လော့။- Garrad Bible ပ ရော ဖက် က တော် နှင့် ငါ သင့် မြတ် သ ဖြင့်၊ သ န္ဓေ တည်၍ သား ယောက်ျား ကို ဖွား မြင် ရာ၊ ထာ ဝ ရ ဘု ရား က ထို သား ကို မ ဟေ ရ ရှာ လ လ ဟာ ရှ ဗတ် ဟု အ မည် မှည့် လော့။ Judson Bible ထိုနောက်မှ ငါသည် ပရောဖက်ကတော်ကို ချဉ်းသဖြင့်၊ သူသည် ပဋိသန္ဓေစွဲယူ၍ သားယောက်ျားကို ဖွားမြင်လေ၏။ ထာဝရဘုရားကလည်း၊ ထိုသားကို မဟေရရှာလလဟာရှဗတ်ဟူသော အမည်ဖြင့် မှည့်လော့။ |
ထိုအခါ ယဇ်ပုရောဟိတ်ဟိလခိ၊ အဟိကံ၊ အာခဗော်၊ ရှာဖန်၊ အသာယတို့သည် ဂျေရုဆလင်မြို့နေရာသစ်တွင်နေထိုင်သော ဟရဟတ်၏မြေး၊ တိကဝ၏သား ဝတ်လုံတော်ထိန်းရှလ္လုံ၏မယားဖြစ်သူ ပရောဖက်မ ဟုလဒထံသွား၍ စကားပြောဆိုကြရာ
တစ်ဖန် ထာဝရဘုရားက ငါ့အား “သင်သည် ကျောက်ပြားကြီးတစ်ချပ်ကိုယူ၍ ကညစ်တံဖြင့် ‘မဟေရရှာလလဟာရှဗတ်’ဟူ၍ ရေးသားလော့။
နောက်တစ်နေ့တွင် ပါရှုရသည် ယေရမိကိုထိတ်ခတ်ထားရာမှ လွှတ်ပေးသောအခါ ယေရမိက ပါရှုရအား “ထာဝရဘုရားသည် သင်၏အမည်ကို ပါရှုရ ဟု မခေါ်၊ မာဂေါမိဿဘိတ် ဟု မှည့်ခေါ်လေပြီ။
ထိုကာလ၌ လပိဒုတ်၏မယား ပရောဖက်မဒေဗောရသည် အစ္စရေးလူမျိုးတို့ကို စီရင်အုပ်ချုပ်ရ၏။