ကမ္ဘာမြေကြီးပေါ်ရှိရှင်ဘုရင်တို့သည် ထကြ၍ အုပ်ချုပ်သူတို့သည် အတူတကွစုဝေးကြကာ ထာဝရဘုရားနှင့် ကိုယ်တော်ဘိသိက်ပေးထားသောအရှင်ကို ဆန့်ကျင်လျက်
ဟေရှာယ 7:5 - မြန်မာ့စံမီသမ္မာကျမ်း ဆီးရီးယားပြည်သည် ဧဖရိမ်ပြည်သားဖြစ်သောရေမလိ၏သားနှင့်အတူ သင့်ကို မကောင်းကြံစည်လျက် Common Language Bible ရှုရိပြည်သည်ဣသရေလပြည်နှင့် ၎င်း ၏ရှင်ဘုရင်တို့နှင့်အတူ လျှို့ဝှက်သော အကြံအစည်တစ်ခုကိုပြု၏။- Garrad Bible ရှု ရိ မင်း မှ စ၍ ရေ မ လိ သား နှင့် ဧ ဖ ရိမ် လူ တို့ ပါ၊ ယု ဒ ပြည် ကို ချီ သွား၍ ချောက် လှန့် ဖောက် ထွင်း ပြီး လျှင် ထို ပြည် ပေါ် တွင် တ ဗာ လ၏ သား ကို မင်း မြှောက် ကြ ကုန် အံ့ ဟု သင့် တစ် ဘက်၌ မ ကောင်း ကြံ ကြ သော ကြောင့်၊ Judson Bible ရှုရိပြည်၊ ဧဖရိမ်ပြည်၊ ရေမလိသားတို့က၊ ငါတို့သည် ယုဒပြည်သို့သွား၍ နှောင့်ယှက်ကြကုန်အံ့။ တိုက်ယူ၍ ပြည်အလယ်မှာ တဗာလ၏သားကို မင်းအရာ၌ ခန့်ထားကြကုန်အံ့ဟု သင့်ဘက်၌ မကောင်းသောအကြံကို ကြံကြသော်လည်း၊ |
ကမ္ဘာမြေကြီးပေါ်ရှိရှင်ဘုရင်တို့သည် ထကြ၍ အုပ်ချုပ်သူတို့သည် အတူတကွစုဝေးကြကာ ထာဝရဘုရားနှင့် ကိုယ်တော်ဘိသိက်ပေးထားသောအရှင်ကို ဆန့်ကျင်လျက်
“ဆီးရီးယားပြည်သည် ဧဖရိမ်ပြည်နှင့် မဟာမိတ်ဖွဲ့သည်”ဟု ဒါဝိဒ်အမျိုးအနွယ်ကြားသိသောအခါ တောထဲမှသစ်ပင်တို့သည် လေတိုက်၍လှုပ်ခါသကဲ့သို့ အာခတ်မင်းကြီးနှင့် ပြည်သူပြည်သားတို့၏စိတ်နှလုံးသည် လှုပ်ခါသွားလေ၏။
ငါတို့သည် ယုဒပြည်သို့စစ်ချီပြီး ထိုပြည်ကို တစ်စစီဖြိုခွဲ၍ ခွဲဝေယူကြစို့။ တဗာလ၏သားကို ထိုပြည်၏ရှင်ဘုရင်အဖြစ်တင်မြောက်ကြစို့ဟု ဆိုကြ၏။
ထာဝရဘုရားကို ဆန့်ကျင်ကြံစည်သူ၊ ဆိုးဝါးယုတ်ညံ့သောအကြံကို ပေးသူတစ်ဦး သင့်အထဲမှ ပေါ်လာလိမ့်မည်။
ငါအနည်းငယ်အမျက်ထွက်၍ ဂျေရုဆလင်မြို့ကို ဘေးပြုဆုံးမစေသော်လည်း ငြိမ်းချမ်းစွာနေရသောလူမျိုးခြားတို့သည် ပို၍ ပြုကြသောကြောင့် သူတို့ကို ငါအလွန်အမျက်ထွက်၏’ဟု မိန့်တော်မူ၏။