ရေမလိ၏သားပေကာမင်းကြီး နန်းစံတစ်ဆယ့်ခုနစ်နှစ်တွင် ယုဒဘုရင်ယောသံမင်းကြီး၏သားတော်အာခတ် နန်းတက်၏။
ဟေရှာယ 7:3 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ထာဝရဘုရားက ဟေရှာယအား “သင်သည် သင်၏သားရှာယာရှုပ်နှင့်အတူ ခဝါသည်၏လယ်သို့သွားသောလမ်းမကြီးတွင်ရှိသည့် အထက်ရေကန်ရေသွယ်မြောင်းအဆုံး၌ အာခတ်မင်းကြီးနှင့် သွားရောက်တွေ့ဆုံ၍ Common Language Bible ထာဝရဘုရားသည်ဟေရှာယအား``သင်၏ သားရှာယာရှုပ်ကိုခေါ်၍အာခတ်နှင့်သွား ရောက်တွေ့ဆုံလော့။ သင်သည်သူ့ကိုအထက် ရေကန်ရေသွယ်မြောင်းအဆုံးအထည်ယက် သမားများအလုပ်လုပ်သည့်နေရာအနီး ရှိလမ်းပေါ်တွင်တွေ့လိမ့်မည်။- Garrad Bible ထို အ ခါ၊ ထာ ဝ ရ ဘု ရား သည် ဟေ ရှာ ယ အား မိန့် တော် မူ သည် ကား။ ခ ဝါ သည် မြေ ကွက် ရှိ လမ်း မ အ နီး၊ အ ထက် ရေ ကန် ပြွန် ဝ သို့၊ သားရှာ ယာ ရှုပ် ပါ သွား ရောက်၍၊ အာ ခတ် မင်း ကို ဆီး ကြို ဆင့် ဆို ရ မည် မှာ၊ ဣ န္ဒြေ နှင့် ငြိမ် ဝပ် စွာ နေ လော့။ Judson Bible ထိုအခါ ထာဝရဘုရားသည် ဟေရှာယကို မိန့်တော်မူသည်ကား၊ သင်သည်သင်၏သား ရှာယာရှုပ်နှင့် အတူသွား၍၊ ခဝါသည်၏ လယ်နားမှာလျှောက်သောလမ်း၊ အထက်ရေကန်ပြွန်ဝ၌ အာခတ်မင်းကို ကြိုဆို၍တွေ့လျှင်၊ ဆင့်ဆိုရမည်မှာ၊ |
ရေမလိ၏သားပေကာမင်းကြီး နန်းစံတစ်ဆယ့်ခုနစ်နှစ်တွင် ယုဒဘုရင်ယောသံမင်းကြီး၏သားတော်အာခတ် နန်းတက်၏။
အဆီးရီးယားဘုရင်သည် တာတန်၊ ရာဗသာရိတ်၊ ရာဗရှာခတို့ကို စစ်သည်အလုံးအရင်းနှင့်တကွ လာခိရှမြို့မှ ဂျေရုဆလင်မြို့ရှိဟေဇကိမင်းကြီးထံသို့ စေလွှတ်သဖြင့် သူတို့သည် ဂျေရုဆလင်မြို့သို့ ချီသွားကြ၏။ သူတို့ ရောက်သွားသောအခါ ခဝါသည်၏လယ်သို့သွားသောလမ်းမကြီးတွင်ရှိသည့် အထက်ရေကန်ရေသွယ်မြောင်းနားတွင် တပ်ချပြီး
ကျန်ရှိနေသော ဟေဇကိမင်းကြီးလက်ထက်အဖြစ်အပျက်များ၊ ဘုန်းတန်ခိုးကြီးခဲ့ပုံများ၊ ရေမြောင်းရေကန်ဆောက်လုပ်ခဲ့ပုံ၊ မြို့တွင်းသို့ ရေသွင်းပေးခဲ့ပုံ စသည်တို့ကို ယုဒဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
သူ၏ဘေးတွင် အာဇဗုတ်၏သား ဗက်ဇုရနယ်တစ်ဝက်ကိုအုပ်ချုပ်ရသူနေဟမိသည် ဒါဝိဒ်၏သင်္ချိုင်းနှင့်မျက်နှာချင်းဆိုင်မှစ၍ တူးထားသောရေကန်အထိ၊ ထိုမှ စစ်သူရဲနေအိမ်အထိ ပြုပြင်၏။
နံနက်အချိန်၌ ဖာရောမင်းကြီးသည် ရေဆိပ်သို့သွားမည်ဖြစ်၍ သူနှင့်တွေ့ဆုံရန် နိုင်းမြစ်ကမ်းနား၌ သွားစောင့်နေလော့။ မြွေအဖြစ်သို့ပြောင်းလဲခဲ့သောတောင်ဝှေးကိုလည်း သင့်လက်ထဲ၌ ယူဆောင်သွားရမည်။
ယာကုပ်အမျိုး၏အကြွင်းအကျန်တို့သည် တန်ခိုးကြီးတော်မူသော ဘုရားသခင်ထံ ပြန်လာကြလိမ့်မည်။
ဂျေရုဆလင်မြို့ရှိအိမ်များကိုရေတွက်၍ မြို့ရိုးကို အခိုင်အမာပြုပြင်ရန် အိမ်များကို ဖြိုဖျက်ကြ၏။
သင်တို့သည် ရေကန်ဟောင်းမှရေကိုသိုလှောင်ရန် မြို့ရိုးနှစ်ခုကြားတွင် ရေလှောင်ကန်ဆောက်လုပ်ကြ၏။ သို့သော် သင်တို့သည် ဤအမှုကို စီရင်တော်မူသောအရှင်ကို မကြည့်ကြ။ ရှေးယခင်ကပင် ဤအမှုကို စီမံထားတော်မူသောအရှင်ကို မမြင်ကြ။
အဆီးရီးယားဘုရင်သည် ရာဗရှာခကို စစ်သည်အလုံးအရင်းနှင့်တကွ လာခိရှမြို့မှ ဂျေရုဆလင်မြို့ရှိဟေဇကိမင်းကြီးထံသို့ စေလွှတ်လေ၏။ ရာဗရှာခသည် ခဝါသည်၏လယ်သို့သွားသောလမ်းမကြီးတွင်ရှိသည့် အထက်ရေကန်ရေသွယ်မြောင်းနားတွင် တပ်ချလေ၏။
ဆိုးယုတ်သောသူသည် မိမိလမ်းကိုလည်းကောင်း၊ အပြစ်ဒုစရိုက်ပြုသောသူသည် မိမိအကြံအစည်တို့ကိုလည်းကောင်း စွန့်ပစ်၍ ထာဝရဘုရားထံတော်သို့ ပြန်လှည့်လာပါစေ။ သို့ပြုလျှင် ကိုယ်တော်သည် သူ့ကို သနားတော်မူမည်။ ငါတို့၏ဘုရားသခင်ထံတော်သို့ ပြန်လှည့်လာပါစေ။ အကြွင်းမဲ့ခွင့်လွှတ်တော်မူမည်။
သပိတ်ပင်နှင့်ဝက်သစ်ချပင်တို့သည် ခုတ်လှဲခြင်းခံရ၍ အငုတ်သာကျန်သကဲ့သို့ ဆယ်ပုံတစ်ပုံသာကြွင်းကျန်သောထိုပြည်သည် ထပ်၍ဝါးမျိုဖျက်ဆီးခြင်းခံရလိမ့်မည်။ သန့်ရှင်းသောအမျိုးအနွယ်သည် အငုတ်ဖြစ်လိမ့်မည်”ဟု မိန့်တော်မူ၏။
ထာဝရဘုရားက “ယုဒဘုရင်၏နန်းတော်သို့ဆင်းသွားလော့။ ထိုအရပ်၌ ဤစကားကို သင်ပြောကြားရမည်။
ဟေရှာယကလည်း အစ္စရေးလူမျိုးနှင့်ပတ်သက်၍ “အစ္စရေးအမျိုးသားတို့၏အရေအတွက်သည် ပင်လယ်သဲပွင့်များနှင့်အမျှရှိသော်လည်း ကျန်ရစ်သောသူမျှသာ ကယ်တင်ခြင်းခံရလိမ့်မည်။