မြေသည် သင့်အဖို့ ဆူးပင်နှင့် ဆူးလေပင်တို့ကိုပေါက်စေမည်။ သင်သည် လယ်ယာမှထွက်သောအပင်ကို စားရမည်။
ဟေရှာယ 7:23 - မြန်မာ့စံမီသမ္မာကျမ်း ထိုနေ့ရက်၌ စပျစ်ပင်တစ်ထောင်ပါရှိသော တစ်ထောင်တန်စပျစ်ခြံတိုင်းသည် ချုံတော၊ ဆူးတောများဖြစ်သွားလိမ့်မည်။ Common Language Bible ထိုအချိန်ကျရောက်လာသောအခါစပျစ် ပင်တစ်ထောင်ရှိ၍ ငွေခွက်တစ်ထောင်တန်ဖိုး ထိုက်သည့်စပျစ်ဥယျာဉ်တိုင်းပင်လျှင်ဆူး ခြုံအမျိုးမျိုးဖြင့်ဖုံးအုပ်၍နေလိမ့်မည်။- Garrad Bible ထို ကာ လ၊ အ ဖိုး ငွေ တစ် ထောင် တန်၊ စ ပျစ် ပင် တစ် ထောင် ရှိ ဖူး ရာ အ ရပ် ရပ် သည်၊ ဆူး ချုံ၊ ရှား စောင်း တော ဖြစ် သည် နှင့် အ ညီ၊ Judson Bible ထိုအခါ စပျစ်နွယ်ပင်တစ်ထောင်ရှိ၍၊ ငွေတစ်ထောင် အဖိုးထိုက်သော စပျစ်ဥယျာဉ်တိုင်း၊ ဆူးပင်မျိုးသက်သက် ဖြစ်ရလိမ့်မည်။ |
မြေသည် သင့်အဖို့ ဆူးပင်နှင့် ဆူးလေပင်တို့ကိုပေါက်စေမည်။ သင်သည် လယ်ယာမှထွက်သောအပင်ကို စားရမည်။
မိမိကိုယ်မိမိ ယုံကြည်စိတ်ချနေသောသမီးတို့၊ တစ်နှစ်ကျော်လျှင် သင်တို့ ထိတ်လန့်တုန်လှုပ်ရလိမ့်မည်။ အကြောင်းမူကား စပျစ်သီးဆွတ်ခူးခြင်း ရှိမည်မဟုတ်။ သီးနှံရိတ်သိမ်းခြင်း ရှိမည်မဟုတ်။
စပျစ်ခြံဆယ်ဧကသည် တစ်ဗတ်သာ ထွက်မည်။ မျိုးစေ့တစ်ဟောမဲသည် တစ်ဧဖာသာထွက်မည်။
ရှင်းလင်းပြုစုခြင်း၊ တူးဆွပေါင်းသင်ခြင်းမခံရဘဲ ချုံပင်၊ ဆူးပင်များပေါက်ရောက်ရာ ဖုန်းဆိုးမြေဖြစ်မည်။ ထိုခြံအပေါ် မိုးမရွာသွန်းစေရန် တိမ်တိုက်တို့ကို ငါမိန့်မှာမည်။
မြေတစ်ပြင်လုံး ချုံတော၊ ဆူးတော ဖြစ်သွားသောကြောင့် လူတို့သည် ထိုနေရာသို့သွားလျှင် လေး၊ မြား ဆောင်လျက် သွားရလိမ့်မည်။
ငါကြည့်လိုက်သော် သီးနှံဖြစ်ထွန်းသောမြေတို့သည် တောကန္တာရဖြစ်လေပြီ။ ထာဝရဘုရားရှေ့၊ ပြင်းထန်သောအမျက်တော်ရှေ့၌ မြို့အားလုံး ပြိုပျက်သွားလေပြီ။
လူနေရာမြို့တို့သည် တိတ်ဆိတ်သွားလိမ့်မည်။ ပြည်သည် လူသူကင်းမဲ့သွားလိမ့်မည်။ ထိုအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိကြမည်ဟု မိန့်တော်မူ၏’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်ဆို၏။
‘ငါ့ချစ်သူတို့က ငါ့ကိုလက်ဆောင်ပေးသည်’ဟုဆိုသည့် သူ၏စပျစ်ပင်၊ သဖန်းပင်တို့ကိုလည်း ငါဖျက်ဆီး၍ တောအုပ်ဖြစ်စေကာ တောရိုင်းတိရစ္ဆာန်တို့ ကျက်စားရာဖြစ်စေမည်။
ပျက်စီးခြင်းဘေးကြောင့် သူတို့ထွက်ပြေးသော်လည်း အီဂျစ်ပြည်သည် သူတို့ကိုစုသိမ်းလိမ့်မည်။ မင်ဖိမြို့သည် သူတို့ကိုသင်္ဂြိုဟ်လိမ့်မည်။ သူတို့တန်ဖိုးထားသောငွေတို့ကို ဖက်ယားပင် ဖုံးလွှမ်းသွားလိမ့်မည်။ သူတို့၏တဲများကိုလည်း ဆူးပင်ဖုံးလွှမ်းသွားလိမ့်မည်။
အခြားသောပုံဥပမာကို နားထောင်ကြလော့။ ခြံပိုင်ရှင်တစ်ဦးရှိ၏။ သူသည် စပျစ်ခြံကိုစိုက်ပျိုး၍ ခြံစည်းရိုးခတ်လျက် ခြံထဲတွင် စပျစ်သီးနယ်ရာကျင်းကိုတူးကာ မျှော်စင်ကိုဆောက်လေ၏။ ထို့နောက် ထိုခြံကို ခြံသမားတို့အားငှားရမ်း၍ ခရီးထွက်လေ၏။
သို့ရာတွင် ဆူးပင်နှင့်ဆူးလေပင်များကိုပေါက်စေလျှင် အသုံးမဝင်သဖြင့် မကြာမီ ကျိန်ခြင်းခံရလျက် နောက်ဆုံး၌ မီးရှို့ခြင်းခံရ၏။