ကိုယ်တော်မှတစ်ပါး မျှော်လင့်စောင့်စားသောသူအား ကျေးဇူးပြုပေးတော်မူသောဘုရားဟူ၍ မရှိ။ ရှိသည်ဟု ရှေးကာလကတည်းက မည်သူမျှမကြားဖူး၊ မသိဖူး၊ မျက်စိဖြင့်လည်း မမြင်ဖူးပေ။
ဟေရှာယ 66:8 - မြန်မာ့စံမီသမ္မာကျမ်း ဤသို့သောအမှုကို မည်သူကြားဖူးသနည်း။ ဤသို့သောအမှုများကို မည်သူမြင်ဖူးသနည်း။ တိုင်းပြည်တစ်ပြည်ကို တစ်ရက်အတွင်း မွေးဖွားနိုင်သလော။ လူမျိုးတစ်မျိုးကို တစ်ခဏအတွင်း မွေးဖွားနိုင်သလော။ သို့သော် ဇိအုန်မြို့သည် မီးဖွားချိန်ရောက်သည်နှင့် သားသမီးများကို မွေးဖွားလေပြီ။ Common Language Bible ဤသို့သောအမှုမျိုးမြင်ဖူးကြားဖူးသူ တစ်စုံတစ်ယောက်ရှိပါသလော။ တိုင်းနိုင်ငံ တစ်ခုသည်တစ်နေ့ခြင်းတွင်ပေါ်ပေါက်လာ ဖူးပါသလော။ ဇိအုန်မြို့သည်ဣသရေလ နိုင်ငံမပေါ်ထွန်းမီကြာရှည်ဆင်းရဲဒုက္ခ ရောက်ရလိမ့်မည်မဟုတ်။- Garrad Bible ထို သို့ သော အ ရာ ကို မည် သူ ကြား ဖူး သ နည်း။ ထို သို့ သော အ ရာ များ ကို မည် သူ မြင် ဖူး သ နည်း။ တိုင်း နိုင် ငံ လုံး ကို နေ့ ချင်း ဖွား မည် လော။ လူ မျိုး လုံး ကို တစ် ပြိုင် တည်း ဖွား မည် လော။ ဇိ အုန် မြို့ မူ ကား ဝေ ဒ နာ ခံ လျှင် ခံ ချင်း၊ သား များ ကို ဖွား မြင် လေ ၏။ Judson Bible ထိုသို့သောအမှုကို အဘယ်သူသည် ကြားဖူးသနည်း။ ထိုသို့သောအမှုတို့ကို အဘယ်သူသည် မြင်ဖူးသနည်း။ တိုင်းနိုင်ငံကို တစ်နေ့ချင်းတွင် ဖွားတတ်သလော။ ပြည်သူပြည်သား အပေါင်းတို့ကို တစ်ပြိုင်နက် ဖွားတတ်သလော။ ဇိအုန်သတို့သမီးသည် သားဖွားခြင်းဝေဒနာကို ခံအံ့ဆဲဆဲတွင်၊ သားများကို ဖွားမြင်ပါသည်တကား။ |
ကိုယ်တော်မှတစ်ပါး မျှော်လင့်စောင့်စားသောသူအား ကျေးဇူးပြုပေးတော်မူသောဘုရားဟူ၍ မရှိ။ ရှိသည်ဟု ရှေးကာလကတည်းက မည်သူမျှမကြားဖူး၊ မသိဖူး၊ မျက်စိဖြင့်လည်း မမြင်ဖူးပေ။
သို့ဖြစ်၍ ထာဝရဘုရားက “လူမျိုးခြားတို့တွင်မေးကြည့်လော့။ ဤသို့သောအမှုကို မည်သူကြားဖူးသနည်း။ အစ္စရေးအပျိုကညာသည် စက်ဆုပ်ဖွယ်အမှုကို ပြုလေပြီ။
ထိုအခါ ပေတရု၏စကားကိုလက်ခံသောသူတို့သည် ဗတ္တိဇံခံကြသဖြင့် ထိုနေ့၌ လူပေါင်းသုံးထောင်ခန့်မျှတိုးပွားလာ၏။
ထိုသူတို့သည်ကြားလျှင် ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းကြ၏။ ထို့နောက် သူတို့သည် ပေါလုအား “ငါတို့ညီ၊ သင်သိမြင်သည့်အတိုင်း ဂျူးလူမျိုးတို့တွင် ယုံကြည်လာသူထောင်ပေါင်းများစွာရှိ၍ သူတို့အားလုံးသည် ပညတ်တရား၌ စိတ်အားထက်သန်သူများဖြစ်ကြ၏။
သို့သော် နှုတ်ကပတ်တရားကို ကြားနာသူများစွာတို့သည် ယုံကြည်ကြရာ ယောက်ျားအရေအတွက် ငါးထောင်ခန့်မျှဖြစ်လာလေ၏။
သို့သော် ကျမ်းစာ၌ရေးထားသည်နှင့်အညီ “ဘုရားသခင်သည် မိမိကိုချစ်သောသူတို့အတွက် မျက်စိဖြင့် မမြင်ဖူးသောအရာ၊ နားဖြင့် မကြားဖူးသောအရာ၊ လူ၏စိတ်နှလုံး၌ မတွေးမိဖူးသောအရာတို့ကို ပြင်ဆင်ထားတော်မူ၏။”