သူတို့က ဟေရှာယအား “ဟေဇကိမင်းကြီးက ‘ယနေ့သည် ဆင်းရဲဒုက္ခရောက်သောနေ့၊ ဆုံးမခြင်းခံရသောနေ့၊ အရှက်ကွဲရသောနေ့ ဖြစ်၏။ သားဖွားချိန်ရောက်သော်လည်း သားဖွားရန်ခွန်အားမရှိ။
ဟေရှာယ 66:7 - မြန်မာ့စံမီသမ္မာကျမ်း ဇိအုန်သမီးသည် သားဖွားဝေဒနာမခံရမီ သားဖွား၏။ ဗိုက်မနာမီ သားယောက်ျားကို မွေးဖွား၏။ Common Language Bible ငါ၏သန့်ရှင်းမြင့်မြတ်သည့်မြို့တော်သည် သားဖွားခြင်းဝေဒနာကိုလုံးဝမခံရ ဘဲ ရုတ်တရက်သားရတနာကိုဖွားမြင် သည့်မိခင်နှင့်တူ၏။- Garrad Bible ဇိ အုန် မြို့ သည် ဝေ ဒ နာ မ ခံ မီ မျက် နှာ မြင် ခွင့်၊ ဝေ ဒ နာ မ ခံ စား မီ သား ယောက်ျား ဖွား ခွင့် ရ လေ ပြီ။ Judson Bible ဇိအုန်သတို့သမီးသည် သားဖွားခြင်းဝေဒနာကို မခံမီ သားကိုဖွား၏။ ဝေဒနာခံချိန်မရောက်မီ သားယောက်ျားကို မြင်၏။ |
သူတို့က ဟေရှာယအား “ဟေဇကိမင်းကြီးက ‘ယနေ့သည် ဆင်းရဲဒုက္ခရောက်သောနေ့၊ ဆုံးမခြင်းခံရသောနေ့၊ အရှက်ကွဲရသောနေ့ ဖြစ်၏။ သားဖွားချိန်ရောက်သော်လည်း သားဖွားရန်ခွန်အားမရှိ။
ထာဝရဘုရားက “သားမဖွားဖူးသောအမြုံမ၊ ရွှင်လန်းစွာသီချင်းဆိုလော့။ ကလေးမမွေးဖူးသောမိန်းမ၊ သီချင်းဟစ်ကြော်သီဆိုလော့။ ကြွေးကြော်လော့။ အကြောင်းမူကား စွန့်ပစ်ခံရသောမိန်းမ၏သားသမီးသည် ယောက်ျားရှိသောမိန်းမ၏သားသမီးထက် သာ၍များ၏”ဟု မိန့်တော်မူ၏။
အမျိုးသမီးတစ်ဦးသည် သားဖွားသောအခါ မွေးဖွားချိန်ရောက်လာသောကြောင့် ပူဆွေးခြင်းရှိတတ်၏။ သို့ရာတွင် ကလေးမွေးဖွားပြီးသောအခါ ဤလောကတွင် လူတစ်ယောက်မွေးဖွားသည့်အတွက် ဝမ်းမြောက်ခြင်းရှိသဖြင့် ခံစားခဲ့ရသောဒုက္ခဝေဒနာကို သတိမရတော့ပေ။
သို့သော် အထက်အရပ်တွင်ရှိသော ဂျေရုဆလင်မြို့သည် လွတ်လပ်သောမိန်းမဖြစ်၍ ၎င်းသည် ငါတို့၏အမိဖြစ်၏။