အချိန်တန်လျှင် စုသိမ်းခြင်းကိုခံရသောကောက်လှိုင်းကဲ့သို့ သင်သည်လည်း အိုမင်းသောအခါ သင်္ချိုင်းတွင်းသို့ ရောက်ရလိမ့်မည်။
ဟေရှာယ 65:20 - မြန်မာ့စံမီသမ္မာကျမ်း ထိုအရပ်၌ ရက်အနည်းငယ်သာအသက်ရှင်ပြီးသေသွားသော နို့စို့ကလေး၊ သက်တမ်းစေ့မနေရသော လူကြီး ဟူ၍ရှိတော့မည်မဟုတ်။ အသက်တစ်ရာအရွယ်၌ကွယ်လွန်သောသူကို လူငယ်ဟုသာမှတ်ရမည်။ အသက်တစ်ရာမနေရသောသူသည် ကျိန်ခြင်းခံရသောသူဖြစ်၏။ Common Language Bible နို့စို့သူငယ်တို့သည်လည်းအရွယ်မရောက်မီ သေကြရတော့မည်မဟုတ်။ လူတိုင်းပင်သက် တမ်းစေ့နေရကြလိမ့်မည်။ အသက်တစ်ရာနေရ သူတို့ကိုပင်ငယ်ရွယ်သူများဟုထင်မှတ်ရ ကြလိမ့်မည်။ အသက်တစ်ရာမတိုင်မီသေဆုံး သူတို့ကိုမူကား ငါ၏အပြစ်ဒဏ်ခံရသည့် လက္ခဏာဟုမှတ်ယူကြလိမ့်မည်။- Garrad Bible ရက် သား သူ ငယ် သည်လည်း ကောင်း၊ အ သက် တမ်း မ စေ့ သော လူ အို သည်လည်း ကောင်း၊ မ သေ ရ။ အ သက် တစ် ရာ အ ရွယ် သေ သော သူ ကို သူ ငယ် ဟူ၍လည်း ကောင်း၊ အ သက် တစ် ရာ အ ရွယ် လူ ဆိုး သေ သော် ကား၊ အ မင်္ဂ လာ ခံ သူ ဟူ၍လည်း ကောင်း မှတ် ကြ လိမ့် မည်။ Judson Bible ထိုမြို့၌ အသက်ငယ်သောသူငယ် မရှိရ။ အသက်မပြည့်စုံသော လူအိုလည်း မရှိရ။ အသက်တစ်ရာရှိလျက် သေသောသူကို သူငယ်ဟူ၍ မှတ်ရ၏။ အပြစ်ရှိသောသူသည် အသက်တစ်ရာရှိလျက် သေလျှင်၊ ကျိန်ခြင်းကိုခံရသောသူဟူ၍ မှတ်ရ၏။ |
အချိန်တန်လျှင် စုသိမ်းခြင်းကိုခံရသောကောက်လှိုင်းကဲ့သို့ သင်သည်လည်း အိုမင်းသောအခါ သင်္ချိုင်းတွင်းသို့ ရောက်ရလိမ့်မည်။
အသက်ရှင်ခြင်းကိုနှစ်သက်၍ ကောင်းသောအရာကိုတွေ့မြင်ရရန် နေ့ရက်ကာလတို့ကိုလိုလားသောသူကား မည်သူနည်း။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် ငါ့ကို ဗျာဒိတ်ပေးတော်မူ၏။ “သင်တို့၏အပြစ်ကို သင်တို့သေသည့်တိုင်အောင် ဖြေလွှတ်လိမ့်မည်မဟုတ်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်သခင်ထာဝရဘုရား မိန့်တော်မူ၏။
ဆိုးယုတ်သောသူသည် အမင်္ဂလာရှိ၏။ သူ၌ ဆိုးညစ်သောအမှု သက်ရောက်မည်။ သူ၏လုပ်ဆောင်မှုအတိုင်း သူ၌ဖြစ်လိမ့်မည်။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘သက်ကြီးရွယ်အို ယောက်ျားမိန်းမတို့သည် အသက်ကြီး၍ တောင်ဝှေးကိုကိုင်ထားလျက် ဂျေရုဆလင်မြို့ရှိလမ်းဆုံလမ်းခွတို့၌ တစ်ဖန်ပြန်၍ ထိုင်နေကြလိမ့်မည်။
သင်တို့နှင့်တကွ နောင်လာမည့် သင်တို့၏သားမြေးတို့ ကောင်းစားမည့်အကြောင်း၊ သင်တို့အား သင်တို့၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသောပြည်၌ သင်တို့ အသက်ရှည်ရှည်နေထိုင်ရမည့်အကြောင်း ယနေ့ သင်တို့အား ငါဆင့်ဆိုသော ဘုရားသခင်၏ပြဋ္ဌာန်းချက်များနှင့်ပညတ်တော်များကို စောင့်ထိန်းရမည်”ဟု မြွက်ဆိုလေ၏။