သူတို့သည် ငါ့အသက်ကိုသတ်ရန် စောင့်မျှော်နေကြသည်နှင့်အညီ ပူးပေါင်းကြံစည်လျက်၊ ချောင်းမြောင်းလျက် ငါ၏ခြေလှမ်းများကိုစောင့်ကြည့်ကြ၏။
ဟေရှာယ 54:15 - မြန်မာ့စံမီသမ္မာကျမ်း တစ်စုံတစ်ဦးသည် သင့်ကို ရန်ပြုခဲ့လျှင် ထိုအမှုသည် ငါ့ထံမှလာသည်မဟုတ်။ သင့်ကိုရန်ပြုသောသူသည် သင့်ရှေ့၌ကျဆုံးလိမ့်မည်။ Common Language Bible အကယ်၍သင့်အားထိပါးတိုက်ခိုက်လာသူ တစ်စုံတစ်ယောက်ရှိပါမူ၊ ထိုသူသည်ငါ၏ခွင့်ပြုချက်ကိုရရှိလိမ့်မည်မဟုတ်။ သင့်အားစစ်ပြိုင်လာသူမှန်သမျှသည် ကျဆုံးရကြလိမ့်မည်။ Garrad Bible သင် နှင့် ရန် ပြု သော် လည်း ငါ့ အ ခွင့် ရ ကြ မည် မ ဟုတ်။ ရန် ပြု သူ တို့ သည် သင့် အ တွက် ကြောင့် ကျ ဆုံး ကြ လိမ့် မည်။ Judson Bible ငါ၏အခွင့်မရှိဘဲ သင့်တစ်ဖက်၌ အဘယ်သူမျှ နေရာမကျရ။ နေရာကျဖူးသောသူတို့သည် သင့်ဘက်သို့ ဝင်စားကြလိမ့်မည်။ |
သူတို့သည် ငါ့အသက်ကိုသတ်ရန် စောင့်မျှော်နေကြသည်နှင့်အညီ ပူးပေါင်းကြံစည်လျက်၊ ချောင်းမြောင်းလျက် ငါ၏ခြေလှမ်းများကိုစောင့်ကြည့်ကြ၏။
“စစ်ပွဲ ပြီးဆုံးပြီ။ ထာဝရဘုရား၏လက်တော်မှ မိမိအပြစ်အတွက် နှစ်ဆခံယူပြီးပြီဖြစ်၍ အပြစ်လည်း ခွင့်လွှတ်ခြင်းခံရပြီ”ဟု ဂျေရုဆလင်မြို့အား ကြေညာပြီး နှစ်သိမ့်ပေးလော့။
အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင်၊ သင်တို့ကိုရွေးနုတ်သောအရှင် ထာဝရဘုရားက “သင်တို့အတွက် ဘေဘီလုံမြို့သို့ စစ်သည်တို့ကို ငါစေလွှတ်၍ ခါလဒဲလူမျိုးအပါအဝင် ထိုမြို့၌ရှိသောလူအားလုံးတို့ကို မိမိတို့ဂုဏ်ယူရသောသင်္ဘောဖြင့် ထွက်ပြေးစေမည်။
ကြည့်ရှုလော့။ မီးခဲကို မီးတောက်အောင်မှုတ်ပြီး လက်နက်ကိုထုတ်လုပ်တတ်သော ပန်းပဲဆရာကို ငါကိုယ်တော်တိုင်ဖန်ဆင်း၏။ ဖျက်ဆီးတတ်သော အဖျက်သမားကိုလည်း ငါကိုယ်တော်တိုင်ဖန်ဆင်း၏။
ထိုနေ့ရက်တွင် ငါသည် ဂျေရုဆလင်မြို့ကို လူမျိုးအပေါင်းတို့အဖို့ အလွန်လေးလံသောကျောက် ဖြစ်စေမည်။ ထိုကျောက်ကို ချီမသောသူတိုင်း ဒဏ်ရာအပြင်းအထန် ရလိမ့်မည်။ မြေကြီးပေါ်ရှိ လူမျိုးတကာတို့သည် ဂျေရုဆလင်မြို့ကို တိုက်ခိုက်ရန် စုဝေးကြလိမ့်မည်”ဟု မိန့်တော်မူ၏။
ထိုနေ့ရက်တွင် ဂျေရုဆလင်မြို့ကို ချီတက်တိုက်ခိုက်လာမည့် လူမျိုးတကာတို့အား ငါရှာဖွေဖျက်ဆီးပစ်မည်။
ဘုန်းအသရေထင်ရှားတော်မူပြီးနောက်တွင် သင်တို့အားလုယူဖျက်ဆီးသောတစ်ပါးအမျိုးသားတို့ထံသို့ ငါ့ကိုစေလွှတ်တော်မူ၏။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “သင်တို့အားထိပါးသောသူသည် မျက်ရှုတော်ကိုထိပါးသောသူဖြစ်၏”ဟု မိန့်တော်မူ၏။
ထိုဝိညာဉ်တို့သည် နိမိတ်လက္ခဏာများကိုပြုသော နတ်ဆိုးတို့၏ဝိညာဉ်များဖြစ်ကြ၏။ ၎င်းတို့သည် ကမ္ဘာတစ်ဝန်းလုံးရှိ ဘုရင်များကို အနန္တတန်ခိုးရှင်ဘုရားသခင်၏နေ့ရက်ကြီးနှင့်ဆိုင်သောစစ်ပွဲအတွက်စုဝေးစေရန် ထိုဘုရင်များထံသို့ ထွက်ခွာသွားကြ၏။