သူက “ဘုရားသခင် မေ့လျော့တော်မူပြီ။ မျက်နှာတော်လွှဲ၍ မည်သည့်အခါမျှ မြင်တော်မမူ”ဟု စိတ်နှလုံးထဲ၌ပြောဆိုတတ်၏။
ဟေရှာယ 5:18 - မြန်မာ့စံမီသမ္မာကျမ်း ဒုစရိုက်ကို မုသားကြိုးဖြင့်ဆွဲသောသူ၊ အပြစ်ကို လှည်းကြိုးဆွဲသကဲ့သို့ ဆွဲသောသူတို့သည် အမင်္ဂလာရှိကြ၏။ Common Language Bible သင်တို့သည်အမင်္ဂလာရှိကြ၏။ မိမိတို့အပြစ် များ၏အနှောင်အဖွဲ့မှသင်တို့မရုန်းမထွက် နိုင်ကြ။- Garrad Bible ငါ တို့ မြင် ကြ စေ ရန် အ မှု တော် ကို လျင် လျင် ပြီး မြောက် တော် မူ ပါ စေ ဟူ ၍ လည်း ကောင်း သိ ရ စေ ရန် ဣ သ ရေ လ လူ မျိုး၏ သန့် ရှင်း သော အ ရှင် ပြ ဋ္ဌာန်း တော် မူ ချက် သည် ချဉ်း ကပ် လာ ရောက် ပါ စေ ဟူ၍ လည်း ကောင်း ဆို လျက်၊ မု သာ ဝင် ကြိုး ဖြင့် အ ပြစ်၊ လှည်း ပတ် ကြိုး သ ဖွယ် ဖြင့် ဒု စ ရိုက် များ ကို ဆွဲ ငင် သော သူ တို့ သည် အ မင်္ဂ လာ ရှိ ကြ၏။ Judson Bible ဒုက္ခကို ဒုစရိုက်ဖြင့်ဆွဲသောသူ၊ လှည်းကြိုးဖြင့် ဆွဲသကဲ့သို့၊ အပြစ်ကို ဆွဲငင်သောသူတို့သည် အမင်္ဂလာရှိကြ၏။ |
သူက “ဘုရားသခင် မေ့လျော့တော်မူပြီ။ မျက်နှာတော်လွှဲ၍ မည်သည့်အခါမျှ မြင်တော်မမူ”ဟု စိတ်နှလုံးထဲ၌ပြောဆိုတတ်၏။
မိုက်မဲသောသူက “ဘုရားသခင်မရှိ”ဟု မိမိစိတ်နှလုံးထဲ၌ ဆိုတတ်၏။ ထိုသို့သောသူတို့သည် အကျင့်ပျက်ပြား၍ စက်ဆုပ်ရွံရှာဖွယ်အမှုကိုပြုတတ်ကြ၏။ ကောင်းသောအမှုကိုပြုသောသူမရှိ။
အကြောင်းမူကား သူသည် မိမိကိုယ်ကိုမြှောက်ပင့်ပြောဆို၍ မိမိဒုစရိုက်ကိုမမြင်နိုင်၊ မမုန်းနိုင်ချေ။
အကယ်စင်စစ် သူတို့သည် ဆိုးယုတ်ခြင်းမုန့်ကိုစား၍ ရက်စက်ကြမ်းကြုတ်ခြင်းစပျစ်ဝိုင်ကို သောက်ကြ၏။
သင်တို့က “ငါတို့သည် သေခြင်းနှင့် ပဋိညာဉ်ဖွဲ့ကြပြီ။ မရဏာနိုင်ငံနှင့် သဘောတူညီမှု ပြုကြပြီ။ လွှမ်းမိုးသောဘေးဆိုးဖြတ်သွားသည့်အခါ ငါတို့ထံလာမည်မဟုတ်။ အကြောင်းမူကား ငါတို့သည် လိမ်လည်မှုကို ငါတို့၏ခိုလှုံရာဖြစ်စေလျက် မုသားထဲ၌ ပုန်းနေကြပြီ”ဟု ဆိုကြ၏။
အကြောင်းမူကား တစ်ပြည်လုံး အိမ်ထောင်ရေးဖောက်ပြန်သူတို့နှင့် ပြည့်လျက်နေ၏။ အကျိန်ခံရသောကြောင့် တစ်ပြည်လုံး ငိုကြွေးမြည်တမ်းကြ၏။ တောကန္တာရစားကျက်မြေများလည်း ခြောက်သွေ့လျက်ရှိ၏။ သူတို့သည် ဆိုးညစ်စွာအသက်ရှင်ကြ၏။ သူတို့၏ခွန်အားကို မမှန်မကန်အသုံးချကြ၏။
ဂျေရုဆလင်ပရောဖက်တို့တွင်လည်း ကြောက်မက်ဖွယ်ရာကို ငါတွေ့ပြီ။ သူတို့သည် အိမ်ထောင်ရေးဖောက်ပြန်၍ မုသားလမ်းကို လိုက်လျှောက်ကြ၏။ ဆိုးညစ်သူတို့ကို အားပေးသောကြောင့် မည်သူမျှ မိမိမကောင်းမှုမှ နောင်တမရကြ။ ပရောဖက်အားလုံးသည် ငါ့ရှေ့၌ သောဒုံမြို့သားကဲ့သို့ ဖြစ်ကြ၏။ ဂျေရုဆလင်မြို့သားတို့သည်လည်း ဂေါမောရမြို့သားကဲ့သို့ ဖြစ်ကြ၏။
“ငါမမြင်နိုင်အောင် ကွယ်ရာ၌ ပုန်းနိုင်သောသူ တစ်စုံတစ်ယောက်ရှိသလော”ဟု ထာဝရဘုရားမေးတော်မူ၏။ “ငါသည် ကောင်းကင်၊ မြေကြီးအနှံ့ ရှိသည်မဟုတ်လော”ဟု ထာဝရဘုရားမေးတော်မူ၏။
စာသုံးလေးပိုင်းမျှ ဖတ်အပြီးတွင် ရှင်ဘုရင်သည် စာရေးတော်ကြီး၏ဓားဖြင့် စာလိပ်ကိုဖြတ်၍ မီးတောက်နေသောမီးလင်းဖိုထဲသို့ပစ်ချရာ စာလိပ်တစ်ခုလုံး မီးလင်းဖိုထဲတွင် လောင်ကျွမ်းကုန်၏။
ပရောဖက်တို့သည် မဟုတ်မမှန်ပရောဖက်ပြုကြ၏။ ယဇ်ပုရောဟိတ်တို့သည်လည်း မိမိတို့သဘောအတိုင်း အုပ်ချုပ်ကြ၏။ ထိုသို့သောအမှုအရာတို့ကို ငါ့လူမျိုးတော်သည် နှစ်သက်ကြ၏။ အဆုံး၌ သင်တို့ မည်သို့ပြုကြမည်နည်း။
သင်တို့သည် ငါမနာကျင်စေလိုသော ဖြောင့်မတ်သူတို့ကို လိမ်ညာနာကျင်စေခဲ့ပြီ။ ဆိုးယုတ်သောသူတို့ အသက်ချမ်းသာရာရရန် မကောင်းသောလမ်းမှ ပြန်မလှည့်စေဘဲ သူတို့ဆိုးယုတ်သည်ကို သင်တို့အားပေးအားမြှောက်ပြုလေပြီ။
ထိုကာလ၌ ငါသည် ဂျေရုဆလင်မြို့ကို မီးအိမ်ထွန်း၍ ရှာဖွေမည်။ ‘ထာဝရဘုရားသည် အကောင်းကိုလည်း မပြု၊ အဆိုးကိုလည်း မပြု’ဟု စိတ်ထင်လျက် မိမိဘာသာအားရကျေနပ်နေသောသူတို့ကို ဒဏ်ခတ်မည်။
လူတို့သည် သင်တို့ကို ဝတ်ပြုစည်းဝေးကျောင်းမှ ထုတ်ပယ်ကြလိမ့်မည်။ ထိုမျှမက သင်တို့ကိုသတ်သောသူတိုင်း မိမိတို့သည် ဘုရားဝတ်ကိုပြုနေသည်ဟု ထင်မှတ်သောအချိန်ကာလရောက်လာတော့မည်။
အမှန်စင်စစ် အကျွန်ုပ်ကိုယ်တိုင်သည်လည်း နာဇရက်မြို့သားယေရှု၏နာမတော်အား ဆန့်ကျင်သည့်အမှုများစွာတို့ကိုပြုရမည်ဟုထင်မှတ်၍
မိက္ခာကလည်း “ငါသည် လေဝိအမျိုးကို ငါ၏ယဇ်ပုရောဟိတ်အဖြစ်ရရှိထားသောကြောင့် ယခုမှာ ထာဝရဘုရားသည် ငါ့ကို ကောင်းစားစေတော်မူမည်ကိုငါသိ၏”ဟု ဆို၏။
ထိုသူ မိက္ခာ၌ ဘုရားဝတ်ကျောင်းရှိ၏။ သူသည် ဧဖုဒ်နှင့်တေရပ်ရုပ်တုများကို သွန်းလုပ်ပြီးလျှင် မိမိသားတစ်ယောက်ကို ယဇ်ပုရောဟိတ်အဖြစ်ခန့်ထား၏။