ဟေရှာယ 5:18 - Common Language Bible18 သင်တို့သည်အမင်္ဂလာရှိကြ၏။ မိမိတို့အပြစ် များ၏အနှောင်အဖွဲ့မှသင်တို့မရုန်းမထွက် နိုင်ကြ။- အခန်းကိုကြည့်ပါ။Garrad Bible18-19 ငါ တို့ မြင် ကြ စေ ရန် အ မှု တော် ကို လျင် လျင် ပြီး မြောက် တော် မူ ပါ စေ ဟူ ၍ လည်း ကောင်း သိ ရ စေ ရန် ဣ သ ရေ လ လူ မျိုး၏ သန့် ရှင်း သော အ ရှင် ပြ ဋ္ဌာန်း တော် မူ ချက် သည် ချဉ်း ကပ် လာ ရောက် ပါ စေ ဟူ၍ လည်း ကောင်း ဆို လျက်၊ မု သာ ဝင် ကြိုး ဖြင့် အ ပြစ်၊ လှည်း ပတ် ကြိုး သ ဖွယ် ဖြင့် ဒု စ ရိုက် များ ကို ဆွဲ ငင် သော သူ တို့ သည် အ မင်္ဂ လာ ရှိ ကြ၏။ အခန်းကိုကြည့်ပါ။Judson Bible18 ဒုက္ခကို ဒုစရိုက်ဖြင့်ဆွဲသောသူ၊ လှည်းကြိုးဖြင့် ဆွဲသကဲ့သို့၊ အပြစ်ကို ဆွဲငင်သောသူတို့သည် အမင်္ဂလာရှိကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း18 ဒုစရိုက်ကို မုသားကြိုးဖြင့်ဆွဲသောသူ၊ အပြစ်ကို လှည်းကြိုးဆွဲသကဲ့သို့ ဆွဲသောသူတို့သည် အမင်္ဂလာရှိကြ၏။ အခန်းကိုကြည့်ပါ။ |
သင်တို့သည်သေမင်းနှင့်မဟာမိတ်စာချုပ် ချုပ်ဆိုထားပြီဟူ၍လည်းကောင်း၊ မရဏ နိုင်ငံနှင့်သဘောတူညီမှုရရှိပြီဟူ၍ လည်းကောင်းကြွားဝါတတ်ကြ၏။ သင်တို့ သည်လိမ်လည်လှည့်စားမှုများကိုအမှီ သဟဲပြုကာဘေးမဲ့လုံခြုံမှုကိုရှာသူ များဖြစ်သဖြင့် ဘေးအန္တရာယ်ကျရောက် ချိန်၌လည်းအသက်ချမ်းသာရာရလိမ့် မည်ဟုစွဲမှတ်ယုံကြည်ကြလေသည်။-
ငါတို့ပြည်သည်ထာဝရဘုရားအား သစ္စာမဲ့သူများနှင့်ပြည့်နှက်လျက်ရှိ၏။ သူတို့သည်မသမာသောအမှုများကို ပြုကျင့်လျက် မိမိတို့တန်ခိုးအာဏာကိုအလွဲသုံးစား ပြုကြ၏။ ငါတို့ပြည်သည်ထာဝရဘုရား၏ ကျိန်စာသင့်သဖြင့်ငိုကြွေးမြည်တမ်း လျက်၊တိရစ္ဆာန် စားကျက်သည်လည်းခြောက်သွေ့လျက်နေ၏။
သို့ရာတွင်ယေရုရှလင်မြို့မှပရောဖက်များကမူ ထိုသူတို့ထက်ပင်ပို၍ဆိုးရွားစွာပြုကျင့်ကြ သည်ကို တွေ့မြင်ရ၏။ သူတို့သည်သူတစ်ပါး၏အိမ်ရာကိုပြစ်မှား၍ မုသားကိုပြောဆိုကြ၏။ သူတို့ကလူတို့အားအမှားကိုပြုကျင့်ရန် အားပေးကူညီကြသဖြင့် အဘယ်သူမျှမိမိပြုသည့်မကောင်းမှုများ ကို မရပ်စဲကြတော့ပေ။ ထိုသူအပေါင်းတို့သည်သောဒုံမြို့သား များနှင့်တူကြ၏။ ယေရုရှလင်မြို့သားတို့သည် ဂေါမောရမြို့သူမြို့သားများကဲ့သို့ပင် ဆိုးညစ်ယုတ်မာကြ၏'' ဟုမိန့်တော်မူ၏။