အို ထာဝရဘုရား၊ မည်မျှကြာပါမည်နည်း။ ကိုယ်တော်သည် အကျွန်ုပ်ကို အစဉ်မေ့လျော့တော်မူမည်လော။ မျက်နှာတော်ကို အကျွန်ုပ်ထံမှ မည်မျှကြာအောင် လွှဲ၍နေတော်မူမည်နည်း။
ဟေရှာယ 49:14 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် ဇိအုန်မြို့က “ထာဝရဘုရားသည် ငါ့ကိုစွန့်ပယ်တော်မူပြီ။ ဘုရားရှင်သည် ငါ့ကိုမေ့လျော့တော်မူပြီ”ဟု ဆိုလေပြီတကား။ Common Language Bible သို့ရာတွင်ယေရုရှလင်မြို့သူမြို့သားတို့က ``ထာဝရဘုရားသည်ငါတို့ကိုစွန့်ပစ်တော် မူပြီ။ ကိုယ်တော်သည်ငါတို့အားမေ့လျော့တော်မူပါပြီ တကား'' ဟုဆိုကြ၏။ Garrad Bible ဇိ အုန် မြို့ က မူ ထာ ဝ ရ ဘု ရား သည် ငါ့ ကို စွန့် ပစ် တော် မူ၏။ အ ရှင် ဘု ရား သည် ငါ့ ကို အ မှတ် မ ရ ဟု ဆို ရာ၌၊ Judson Bible ဇိအုန်ကလည်း၊ ထာဝရဘုရားသည် ငါ့ကိုစွန့်ပစ်တော်မူပြီ။ ဘုရားရှင်သည် ငါ့ကိုမေ့လျော့တော်မူပြီဟု ဆိုလေသော်၊ |
အို ထာဝရဘုရား၊ မည်မျှကြာပါမည်နည်း။ ကိုယ်တော်သည် အကျွန်ုပ်ကို အစဉ်မေ့လျော့တော်မူမည်လော။ မျက်နှာတော်ကို အကျွန်ုပ်ထံမှ မည်မျှကြာအောင် လွှဲ၍နေတော်မူမည်နည်း။
အကျွန်ုပ်၏ဘုရား၊ အကျွန်ုပ်၏ဘုရား၊ အကျွန်ုပ်ကိုအဘယ်ကြောင့်စွန့်ပစ်တော်မူသနည်း။ အကျွန်ုပ်ကိုကယ်တင်တော်မမူ၊ အကျွန်ုပ်ညည်းတွားသောစကားတို့ကိုလည်း နားထောင်တော်မမူဘဲ အဘယ်ကြောင့် ဝေးစွာနေတော်မူသနည်း။
“ကိုယ်တော်၏မျက်မှောက်တော်မှ အဆက်ဖြတ်ခံရပြီ”ဟု အကျွန်ုပ်အလန့်တကြားပြောဆိုမိပါ၏။ သို့သော် အကျွန်ုပ်သည် ကိုယ်တော်ထံ အကူအညီအော်ဟစ်တောင်းခံသောအခါ ကိုယ်တော်သည် အကျွန်ုပ်အသနားခံသောအသံကို နားညောင်းတော်မူ၏။
အို ယာကုပ်အမျိုး၊ အို အစ္စရေးလူမျိုး၊ “ထာဝရဘုရားသည် ငါ့လမ်းကို မမြင်။ ငါ၏ဘုရားသခင်သည် ငါ့အမှုကို ဂရုမစိုက်”ဟု အဘယ်ကြောင့်ပြောဆိုရသနည်း။
အို မိုးကောင်းကင်၊ ရွှင်လန်းစွာသီချင်းဆိုလော့။ အို မြေကြီး၊ ရွှင်လန်းလော့။ အို တောင်များတို့၊ သီချင်းဟစ်ကြော်သီဆိုကြလော့။ အကြောင်းမူကား ထာဝရဘုရားသည် မိမိလူမျိုးတော်ကို နှစ်သိမ့်တော်မူမည်။ အဖိနှိပ်ခံရသောမိမိလူမျိုးတော်ကို သနားတော်မူမည်။
မိခင်သည် မိမိနို့စို့ကလေးကို မေ့လျော့နိုင်မည်လော။ မိမိဝမ်းနှင့်လွယ်သောသားသမီးကို မသနားဘဲနေမည်လော။ ထိုသို့မေ့လျော့နိုင်ခဲ့လျှင်ပင် ငါသည် သင့်ကိုမေ့လျော့မည်မဟုတ်။
စွန့်ပစ်ခြင်းခံရ၍ စိတ်ထိခိုက်နေသော၊ ငယ်ရွယ်စဉ်ကပေါင်းဖော်ခဲ့ပြီးမှ ငြင်းပယ်ခံရသောမိန်းမကို ပြန်ခေါ်သကဲ့သို့ သင့်ကိုထာဝရဘုရားပြန်ခေါ်တော်မူပြီ”ဟု မိန့်တော်မူ၏။
ကြည့်ရှုလော့။ ငါသည် သင်တို့ကို လုံးဝမေ့ပစ်မည်။ သင်တို့နှင့်တကွ သင်တို့နှင့်သင်တို့ဘိုးဘေးတို့အား ငါပေးသောမြို့ကို ငါ၏ရှေ့မှောက်မှ ဖယ်ရှားပစ်မည်။
ရှေးယခင်ကပင် ထာဝရဘုရားသည် ကိုယ်ထင်ရှားပြ၍ “ငါသည် သင့်ကို ထာဝရမေတ္တာနှင့်ချစ်၏။ ထို့ကြောင့် ငါ၏မေတ္တာကရုဏာကို သင်၌ တည်စေပြီ။
အကျွန်ုပ်တို့ကို အဘယ်ကြောင့် အစဉ်မေ့လျော့တော်မူပါသနည်း။ အဘယ်ကြောင့် အချိန်ကြာမြင့်စွာ စွန့်ပစ်တော်မူပါသနည်း။
အချင်းလူသား၊ အစ္စရေးအမျိုးအနွယ်တို့အား ‘သင်တို့က ငါတို့လွန်ကျူးသောအပြစ်ဒုစရိုက်များကြောင့် ဝန်ပိလျက်၊ ခွန်အားယုတ်လျော့လျက်နေသည်ဖြစ်၍ မည်သို့အသက်ရှင်နိုင်မည်နည်းဟူ၍ ဆိုတတ်ကြသည်’ဟု ဆင့်ဆိုလော့။