ဖာရောမင်းကြီးသည် မိမိနန်းတော်သို့လှည့်ပြန်သွားကာ ဤအမှုကိုလည်း နှလုံးမသွင်းဘဲနေ၏။
ဟေရှာယ 47:7 - မြန်မာ့စံမီသမ္မာကျမ်း သင်က “ငါသည် သခင်မ ထာဝစဉ်ဖြစ်နေမည်”ဟု ဆိုလျက် ဤအရာတို့ကိုနှလုံးမသွင်း၊ အဆုံးကိုလည်း မအောက်မေ့။ Common Language Bible မိမိသည်အစဉ်အမြဲဘုရင်မဖြစ်၍နေ လိမ့်မည်ဟု ထင်မှတ်ကာ၊ဤအမှုတို့ကိုနှလုံးမသွင်း။ ယင်းတို့အဘယ်သို့နိဂုံးချုပ်မည်ကိုလည်း မစဉ်းစား။ Garrad Bible အ ရှင် မ အ ဖြစ် အ မြဲ နေ မည် ဟု အောက် မေ့ လျက်၊ ထို အ ကြောင်း အ ရာ များ ကို နှ လုံး မ သွင်း၊ အ ကျိုး အ ပြစ် ကို လည်း သ တိ မ ထား ပါ တ ကား။ Judson Bible သင်ကလည်း၊ ငါသည် အရှင်မ၏အရာ၌ အစဉ်အမြဲနေမည်ဟု ထင်သောကြောင့်၊ ဤအမှုအရာတို့ကို မဆင်ခြင်။ သင်၌ နောက်ဆုံးဖြစ်လတ္တံ့သောအမှုကို မအောက်မေ့။ |
ဖာရောမင်းကြီးသည် မိမိနန်းတော်သို့လှည့်ပြန်သွားကာ ဤအမှုကိုလည်း နှလုံးမသွင်းဘဲနေ၏။
ထို့ကြောင့် ကိုယ်တော်သည် ပြင်းစွာသောအမျက်တော်၊ ပြင်းထန်သောစစ်ပွဲကို သူတို့အပေါ် ကျရောက်စေတော်မူသဖြင့် သူတို့ပတ်လည်၌ မီးတောက်လောင်သော်လည်း သူတို့မသိမှတ်ကြ။ သူတို့ကိုမီးလောင်ကျွမ်းသော်လည်း သူတို့နှလုံးမသွင်းကြ။
အို ခါလဒဲသမီး၊ တိတ်ဆိတ်စွာ ထိုင်လော့။ အမှောင်ထဲသို့ သွားလော့။ သင့်ကို တိုင်းနိုင်ငံတို့၏ဘုရင်မဟု ခေါ်တော့မည်မဟုတ်။
ဖြောင့်မတ်သောသူဆုံးပါးသွားသည်ကို မည်သူမျှနှလုံးမသွင်းကြ။ ကျေးဇူးပြုတတ်သောသူတို့ ရုပ်သိမ်းခြင်းခံရသည်ကို မည်သူမျှနားမလည်ကြ။ အကယ်စင်စစ် ဖြောင့်မတ်သောသူသည် မကောင်းမှုထဲမှရုပ်သိမ်းခံရခြင်းဖြစ်၏။
မည်သူ့ကို ထိတ်လန့်ကြောက်ရွံ့၍ သင်လိမ်လည်သနည်း၊ ငါ့ကို သင်မအောက်မေ့၊ ငါ့ကို သင့်စိတ်ထဲ၌ မထား။ ငါ ကြာမြင့်စွာတိတ်ဆိတ်နေသောကြောင့် သင်ငါ့ကိုမကြောက်သည် မဟုတ်လော။
ပရောဖက်တို့သည် မဟုတ်မမှန်ပရောဖက်ပြုကြ၏။ ယဇ်ပုရောဟိတ်တို့သည်လည်း မိမိတို့သဘောအတိုင်း အုပ်ချုပ်ကြ၏။ ထိုသို့သောအမှုအရာတို့ကို ငါ့လူမျိုးတော်သည် နှစ်သက်ကြ၏။ အဆုံး၌ သင်တို့ မည်သို့ပြုကြမည်နည်း။
သူ၏အညစ်အကြေးသည် သူ့အဝတ်၌စွန်းနေပြီ။ သူ၏နိဂုံးကို သူမဆင်ခြင်မိခဲ့။ သူသည် အံ့ဩဖွယ်ပြိုလဲသွားလေပြီ။ သူ့ကို နှစ်သိမ့်ပေးမည့်သူလည်းမရှိ။ အို ထာဝရဘုရား၊ ရန်သူတို့သည် အကျွန်ုပ်ကို အောင်နိုင်ကြပြီ။ အကျွန်ုပ်ခံရသော ဆင်းရဲဒုက္ခကို ကြည့်ရှုတော်မူပါ။
“အချင်းလူသား၊ တိုင်ရာမင်းကြီးအား ဤသို့ဆင့်ဆိုလော့။ ဘုရားရှင်ထာဝရဘုရားက ‘သင်သည် ဘဝင်မြင့်၍ ငါသည် ဘုရားဖြစ်၏။ သမုဒ္ဒရာအလယ် ဘုရားတို့၏ပလ္လင်တော်၌ စံမြန်း၏ဟု သင်ဆို၏။ သင်သည် ဘုရားမဟုတ် လူသားဖြစ်လျက်နှင့် သင့်စိတ်ထဲတွင် သင့်ကိုယ်သင် ဘုရားဟုထင်မှတ်၏။
ဘုရားရှင်ထာဝရဘုရားက ‘အီဂျစ်ဘုရင်ဖာရောမင်းကြီး၊ နိုင်းမြစ်ကိုငါပိုင်၏၊ ငါ့အဖို့ ငါဖန်ဆင်းပြီဟု ဆိုလျက် မြစ်ချောင်းထဲတွင် လဲလျောင်းနေသောသတ္တဝါကြီး၊ သင့်ကို ငါဆန့်ကျင်မည်။
“အချင်းလူသား၊ အစ္စရေးပြည်အား ဘုရားရှင်ထာဝရဘုရားက ‘သူ၏နိဂုံးချုပ်ချိန်သည် ရောက်လာပြီ။ ပြည်တစ်ပြည်လုံး နိဂုံးချုပ်ချိန်ရောက်လေပြီ။
ထိုမှ တစ်ဆယ့်နှစ်လလွန်သော် မင်းကြီးသည် ဘေဘီလုံနန်းတော်ပေါ်တွင် လမ်းလျှောက်ရင်း
ငါနေဗုခဒ်နေဇာမင်းကြီးသည် ငါ့စံအိမ်တွင် နားနားနေနေရှိစဉ်၊ ငါ့နန်းတော်တွင် စည်းစိမ်ခံစားလျက်နေစဉ်၊
သူတို့သည် ဉာဏ်ပညာရှိလျှင် ဤအမှုကိုနားလည်ကြလိမ့်မည်။ သူတို့၏နိဂုံးကိုဆင်ခြင်မိကြလိမ့်မည်။
သူသည် မိမိကိုယ်ကိုချီးမြှောက်၍ စည်းစိမ်ခံစားခဲ့သည်နှင့်အမျှ သူ့အား ညှဉ်းဆဲခြင်းနှင့်ဝမ်းနည်းကြေကွဲခြင်းတို့ကို ပေးကြလော့။ အဘယ်ကြောင့်ဆိုသော် သူက ‘ငါသည် မိဖုရားဖြစ်၏။ မုဆိုးမ မဟုတ်။ ဝမ်းနည်းကြေကွဲခြင်းကိုလည်း မည်သည့်အခါမျှ ကြုံတွေ့ရလိမ့်မည်မဟုတ်’ဟု မိမိစိတ်ထဲ၌ဆိုသောကြောင့်ဖြစ်၏။