ကိုယ်တော်သည် အကျွန်ုပ်အား ရွှံ့စေးကဲ့သို့ ပုံသွင်းတော်မူခဲ့သည်ကို သတိရတော်မူပါ။ ယခု အကျွန်ုပ်ကို မြေမှုန့်ပြန်ဖြစ်စေတော်မူမည်လော။
ဟေရှာယ 45:9 - မြန်မာ့စံမီသမ္မာကျမ်း မိမိကို ပုံဖော်ဖန်ဆင်းသောအရှင်အား ရန်တွေ့သောသူသည် အမင်္ဂလာရှိ၏။ ထိုသူသည် မြေအိုးကွဲများထဲမှ အိုးကွဲတစ်ခုသာဖြစ်၏။ အိုးမြေက မိမိကိုပုံသွင်းသောသူအား ‘မည်သည့်အရာကို သင်ပြုလုပ်နေသနည်း။ သင်ပြုလုပ်ထားသောအရာ၌ လက်မရှိပါလား’ဟု ဆိုရမည်လော။ Common Language Bible အခြားအိုးများနှင့်မထူးခြားသည့်မြေအိုး သည် အိုးထိန်းသည်နှင့်အတူငြင်းခုံဝံ့ပါမည် လော။ ရွှံ့စေးကအိုးထိန်းသည်အား အဘယ်သို့သောအရာကိုသင်ပြုလုပ် သနည်းဟု မေးရပါမည်လော။ မြေအိုးကမိမိကိုပြုလုပ်သူတွင်ကျင် လည်မှု မရှိဟုညည်းညူရပါမည်လော။ Garrad Bible ဖန် ဆင်း တော် မူ သော အ ရှင် နှင့် မြေ အိုး များ အ နက် တစ် လုံး မျှ သာ ဖြစ် သော၊ ဖက် ပြိုင် သူ သည် အ မင်္ဂ လာ ရှိ၏။ အိုး ထိန်း အား မြေ စေး က၊ မည် သည့် အ ရာ ကို ပြု လုပ် သ နည်း ဟူ၍ လည်း ကောင်း၊ သင့် လက် ဖြစ် က၊ သင်၌ လက် မ ရှိ ဟူ၍ လည်း ကောင်း ဆို အပ် သ လော။ Judson Bible အကြင်သူသည် မိမိကို ဖန်ဆင်းသောသူနှင့် ဆန့်ကျင်ဘက်ပြု၏၊ ထိုသူသည် အမင်္ဂလာရှိ၏။ မြေအိုးခြမ်းတို့တွင် အိုးခြမ်းပါတကား။ အိုးမြေက၊ သင်သည် အဘယ်သို့သောအရာကို လုပ်သနည်းဟု အိုးထိန်းသမားကို ဆိုရမည်လော။ ငါ့ကိုလုပ်သောသူ၌ လက်မရှိဟု သင်လုပ်သောအရာက ဆိုရမည်လော။ |
ကိုယ်တော်သည် အကျွန်ုပ်အား ရွှံ့စေးကဲ့သို့ ပုံသွင်းတော်မူခဲ့သည်ကို သတိရတော်မူပါ။ ယခု အကျွန်ုပ်ကို မြေမှုန့်ပြန်ဖြစ်စေတော်မူမည်လော။
အဘယ်ကြောင့် ကိုယ်တော်ကို ရန်တွေ့ရသနည်း။ သင်ပြောသမျှကို ကိုယ်တော်မတုံ့ပြန်သောကြောင့်လော။
“အပြစ်တင်ပြောဆိုတတ်သောသူ၊ သင်သည် အနန္တတန်ခိုးရှင်ကို ဖက်ပြိုင်မည်လော။ ဘုရားသခင်နှင့် ငြင်းခုံလိုသောသူ၊ သင်ပြန်ပြောပါလော့”ဟု မိန့်တော်မူလျှင်
ကိုယ်တော်သိမ်းယူတော်မူလျှင် မည်သူတားနိုင်သနည်း။ ‘မည်သို့ပြုတော်မူသနည်း’ဟု ကိုယ်တော်အား မည်သူမေးလျှောက်ဝံ့သနည်း။
ဉာဏ်ပညာတန်ခိုးကြီးတော်မူသောဘုရားကို မည်သူသည် ဆန့်ကျင်အာခံပြီး အသက်ချမ်းသာရာရဖူးသနည်း။
မည်သည့်ဉာဏ်ပညာ၊ ထိုးထွင်းဉာဏ်၊ အကြံဉာဏ်မျှ ထာဝရဘုရားကိုဆန့်ကျင်၍ မတည်နိုင်။
ယခုရှိနေသောအရာ၏အမည်ကို မှည့်ခေါ်ထားပြီးဖြစ်၏။ လူသည် မည်သည့်အရာဖြစ်သည်ကိုလည်း သိထားပြီးဖြစ်၍ သူသည် မိမိထက်တန်ခိုးကြီးသောသူနှင့် ဖက်ပြိုင်၍မရနိုင်။
ပုဆိန်သည် သူ့ကိုကိုင်သောသူထက် မိမိကိုယ်မိမိအမွှမ်းတင်မည်လော။ လွှသည် သူ့ကိုအသုံးပြုသောသူထက် မိမိကိုယ်မိမိချီးမြှောက်မည်လော။ ကြိမ်လုံးက ကိုင်မြှောက်သောသူကို ပြန်၍လွှဲယမ်းသကဲ့သို့၊ တောင်ဝှေးက သစ်သားမဟုတ်သောလူကို ပြန်၍ကိုင်မြှောက်သကဲ့သို့ ဖြစ်ပါသည်တကား။
သင်တို့သည် ကပြောင်းကပြန်လုပ်ကြပါသည်တကား။ အိုးထိန်းသည်ကို ရွှံ့စေးကဲ့သို့မှတ်ယူသင့်သလော။ အပြုခံက ပြုသူအား “ဤသူသည် ငါ့ကိုပြုလုပ်ခဲ့သည်မဟုတ်”ဟု ဆိုသင့်သလော။ ဖန်ဆင်းခံက ဖန်ဆင်းသူအား “ဤသူသည် အသိဉာဏ်မရှိ”ဟု ဆိုသင့်သလော။
ဖခင်အား ‘သင်သည် မည်သည့်အရာကို မွေးဖွားစေသနည်း’ဟူ၍လည်းကောင်း၊ မိခင်အား ‘သင်သည် မည်သည့်အရာကို မွေးဖွားသနည်း’ဟူ၍လည်းကောင်း ဆိုသောသူသည် အမင်္ဂလာရှိ၏”ဟု မိန့်တော်မူ၏။
ကိုယ်တော်သည် အကျွန်ုပ်တို့ထံမှ မျက်နှာတော်ကိုလွှဲ၍ ဒုစရိုက်လက်ထဲ၌ အကျွန်ုပ်တို့ကို နစ်မွန်းစေသဖြင့် ကိုယ်တော်၏နာမတော်ကိုခေါ်သောသူ၊ မိမိစိတ်ကို နှိုးဆော်၍ ကိုယ်တော်ကို ဖက်တွယ်သောသူတစ်ယောက်မျှမရှိ။
သို့ရာတွင် အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်တို့၏အဖဖြစ်တော်မူ၏။ အကျွန်ုပ်တို့သည် မြေစေးဖြစ်၏။ ကိုယ်တော်သည် အိုးထိန်းဖြစ်တော်မူ၏။ အကျွန်ုပ်တို့အားလုံးသည် ကိုယ်တော်၏လက်တော်ဖြင့် ဖန်ဆင်းထားသောသူများ ဖြစ်ကြပါ၏။
ထာဝရဘုရားက “အို အစ္စရေးအမျိုးအနွယ်တို့၊ အိုးထိန်းသည် ပြုသကဲ့သို့ သင်တို့ကို ငါပြုနိုင်သည်မဟုတ်လော။ ကြည့်ရှုလော့။ ရွှံ့စေးသည် အိုးထိန်းသည်လက်၌ရှိသကဲ့သို့ အစ္စရေးအမျိုးအနွယ်တို့သည် ငါ့လက်၌ရှိ၏။
သင်သည် ယုဒဘုရင်ယောယကိမ်အား ‘သင်က ထိုစာလိပ်ပေါ်တွင် ဘေဘီလုံဘုရင်အမှန်လာ၍ ဤပြည်ကိုဖျက်ဆီးမည်။ ဤပြည်ရှိ လူနှင့်တိရစ္ဆာန်တို့ကို ဖယ်ရှားပစ်မည်ဟူ၍ အဘယ်ကြောင့် ရေးမှတ်သနည်းဟု ဆိုလျက် စာလိပ်ကို သင်မီးရှို့လေပြီ’ဟူ၍ ထာဝရဘုရားမိန့်တော်မူ၏”ဟု ဆင့်ဆိုရမည်။
အို ဘေဘီလုံမြို့၊ သင်သည် ငါထောင်ထားသော ကျော့ကွင်း၌မိပြီ။ သင်သည် ထာဝရဘုရားကို အာခံသောကြောင့် သင်မသိမမြင်လိုက်သောအချိန်တွင်ပင် ကျော့မိလေပြီ။
မြေကြီးသားတို့ကို ဘာမျှမဟုတ်သောအရာကဲ့သို့ မှတ်တော်မူ၏။ ကောင်းကင်သားကိုဖြစ်စေ၊ မြေကြီးသားကိုဖြစ်စေ အလိုရှိသည့်အတိုင်း ပြုတော်မူ၏။ ကိုယ်တော်၏လက်တော်ကို ဆီးတားနိုင်သောသူမရှိ။ “ကိုယ်တော် မည်သို့ပြုဘိသနည်း”ဟု ဆိုနိုင်သောသူမရှိ။
ငါတို့သည် သခင်ဘုရားအား သဝန်တိုစေကြသလော။ ငါတို့သည် ကိုယ်တော်ထက် ခွန်အားကြီးကြသလော။