အပြစ်ဒုစရိုက်ပြုသောသူအပေါင်းတို့သည် ဘာမျှမသိကြသလော။ သူတို့သည် မုန့်စားသကဲ့သို့ ငါ၏လူမျိုးကိုဝါးမျိုကြ၏။ ထာဝရဘုရားကိုလည်း ခေါ်ဆိုပတ္ထနာပြုခြင်းမရှိ။
ဟေရှာယ 43:22 - မြန်မာ့စံမီသမ္မာကျမ်း သို့သော်လည်း အို ယာကုပ်အမျိုး၊ သင်သည် ငါ့ကိုမခေါ်။ အို အစ္စရေးလူမျိုး၊ သင်သည် ငါ့ကိုငြီးငွေ့လေပြီ။ Common Language Bible ထာဝရဘုရားက ``သင်တို့ဝတ်ပြုကိုးကွယ်ခြင်းကိုခံရသူမှာ ငါမဟုတ်။ အို ဣသရေလအမျိုးသားတို့၊ သင်တို့သည် ငါ့ကို ဝတ်ပြုကိုးကွယ်ရန်ငြီးငွေ့လျက်ရှိကြ၏။ Garrad Bible အို ယာ ကုပ် အ မျိုး၊ ဣ သ ရေ လ အ နွယ်၊ သင် ကား။ ငါ့ အ တွက် ညီး ငွေ့၍၊ ငါ့ ကို ပ ဌ နာ ပြု လေ့ မ ရှိ။ Judson Bible သို့သော်လည်း၊ အို ယာကုပ်အမျိုး၊ သင်သည် ငါ့ကိုပတ္ထနာမပြု။ အို ဣသရေလအမျိုး၊ သင်သည် ငါ့ကို ငြီးငွေ့သည်တကား။ |
အပြစ်ဒုစရိုက်ပြုသောသူအပေါင်းတို့သည် ဘာမျှမသိကြသလော။ သူတို့သည် မုန့်စားသကဲ့သို့ ငါ၏လူမျိုးကိုဝါးမျိုကြ၏။ ထာဝရဘုရားကိုလည်း ခေါ်ဆိုပတ္ထနာပြုခြင်းမရှိ။
ကိုယ်တော်ကိုမသိသော လူမျိုးတို့အပေါ်သို့လည်းကောင်း၊ ကိုယ်တော်၏နာမတော်ကို တသခေါ်ဆိုခြင်းမပြုသော တိုင်းနိုင်ငံတို့အပေါ်သို့လည်းကောင်း ကိုယ်တော်၏အမျက်ဒေါသကို သွန်းလောင်းတော်မူပါ။
အကျွန်ုပ်တို့အားလုံးသည် မစင်ကြယ်သောသူကဲ့သို့ဖြစ်ကြ၏။ အကျွန်ုပ်တို့၏ဖြောင့်မတ်သောလုပ်ဆောင်မှုရှိသမျှသည်လည်း ညစ်ပေသောအဝတ်နှင့်တူကြပါ၏။ အကျွန်ုပ်တို့အားလုံးသည် သစ်ရွက်ကဲ့သို့ညှိုးနွမ်း၍ အကျွန်ုပ်တို့၏ဒုစရိုက်များသည်လည်း လေကဲ့သို့ အကျွန်ုပ်တို့ကို တိုက်ချ၏။
ကိုယ်တော်သည် အကျွန်ုပ်တို့ထံမှ မျက်နှာတော်ကိုလွှဲ၍ ဒုစရိုက်လက်ထဲ၌ အကျွန်ုပ်တို့ကို နစ်မွန်းစေသဖြင့် ကိုယ်တော်၏နာမတော်ကိုခေါ်သောသူ၊ မိမိစိတ်ကို နှိုးဆော်၍ ကိုယ်တော်ကို ဖက်တွယ်သောသူတစ်ယောက်မျှမရှိ။
ကိုယ်တော်ကိုမသိသော လူမျိုးခြားတို့အပေါ်သို့လည်းကောင်း၊ ကိုယ်တော်၏နာမတော်ကိုမခေါ်သော မျိုးနွယ်စုတို့အပေါ်သို့လည်းကောင်း အမျက်တော်ကို သွန်ချတော်မူပါ။ အကြောင်းမူကား သူတို့သည် ယာကုပ်အမျိုးကိုဝါးမျို၍ အကုန်အစင်ဖျက်ဆီးလေပြီ။ သူနေထိုင်ရာအရပ်ကိုလည်း ဖျက်ဆီးလေပြီ။
ထာဝရဘုရားက “သင်တို့၏ဘိုးဘေးတို့သည် ငါ၌မည်သည့်မတရားမှုကိုတွေ့၍ ငါနှင့်ဝေးဝေးနေကြသနည်း။ အဘယ်ကြောင့် အချည်းနှီးသောအရာနောက်သို့လိုက်၍ အသုံးမကျသောသူဖြစ်ကြသနည်း။
ပညတ္တိကျမ်းတွင် မောရှေရေးထားသည့် ဘေးဆိုးအလုံးစုံတို့သည် အကျွန်ုပ်တို့အပေါ် သင့်ရောက်ပါ၏။ ထိုသို့ဖြစ်သည့်တိုင် အကျွန်ုပ်တို့သည် အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား၏မျက်နှာတော်ကို မရှာ၊ အပြစ်လမ်းမှ ပြန်မလှည့်၊ သမ္မာတရားကို အလေးမထားခဲ့ကြပါ။
အို ငါ့လူမျိုးတော်၊ သင့်ကို ငါမည်သို့ပြုမိခဲ့သနည်း။ သင့်ကို ငါမည်သို့ စိတ်ပင်ပန်းစေခဲ့သနည်း။ ပြောပါလော့။
သင်တို့သည် နှာခေါင်းရှုံ့လျက် ‘ငြီးငွေ့ဖွယ်ကောင်းလှသည်တကား’ဟု ဆိုပြီး လုယူထားသောအကောင်၊ ခြေမသန်သောအကောင်၊ နာနေသောအကောင်တို့ကို ယူဆောင်လာ၍ ယဇ်ပူဇော်ကြ၏။ ထိုသို့သော သင်တို့၏ပူဇော်သက္ကာကို ငါလက်ခံရမည်လော”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
သင်တို့သည် သင်တို့၏စကားများဖြင့် ထာဝရဘုရားကို ပင်ပန်းစေကြ၏။ သို့သော် သင်တို့က “ကိုယ်တော်ကို အကျွန်ုပ်တို့ မည်သို့ပင်ပန်းစေသနည်း”ဟု မေးတတ်ကြ၏။ “မကောင်းမှုကိုပြုသောသူအားလုံး ထာဝရဘုရားရှေ့တော်၌ လူကောင်းဖြစ်၏။ ကိုယ်တော်သည် ထိုသို့သောသူတို့ကို နှစ်သက်တော်မူ၏”ဟု သင်တို့ဆိုရုံသာမက “တရားမျှတသောဘုရားသခင် အဘယ်မှာရှိသနည်း”ဟု သင်တို့ဆိုတတ်ကြပြီတကား။
သင်တို့က “ဘုရားသခင်၏အမှုတော်ကို ထမ်းဆောင်ခြင်းသည် အကျိုးမရှိ။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ညွှန်ကြားချက်အတိုင်းလိုက်နာ၍ ရှေ့တော်၌ ညှိုးငယ်စွာအသက်ရှင်လျှောက်လှမ်းခြင်းသည် မည်သည့်အကျိုးရှိသနည်း။