ရှင်ဘုရင်သည် စစ်သည်အလုံးအရင်းကြောင့် ကယ်တင်ခြင်းခံရသည်မဟုတ်။ စစ်သူရဲသည် ကြီးမားသောခွန်အားကြောင့် လွတ်မြောက်ခွင့်ရသည်မဟုတ်။
ဟေရှာယ 40:30 - မြန်မာ့စံမီသမ္မာကျမ်း လူငယ်တို့ပင်လျှင် အားအင်ကုန်ခန်း၍ မောပန်းကြလိမ့်မည်။ သန်မာသောလူငယ်တို့သည်လည်း ခလုတ်တိုက်လဲကျကြလိမ့်မည်။ Common Language Bible အသက်အရွယ်ငယ်သူများပင်လျှင် နွမ်းလျမောပန်းတတ်ကြ၏။ လူငယ်လူရွယ်များသည်အားအင်ကုန်ခန်း၍ လဲကျကြလေသည်။ Garrad Bible ပျို ရွယ် သူ တို့ ပင် ပန်း မော ဟိုက်၍ လု လင် တို့ လဲ ကျ ကြ သော် လည်း။ Judson Bible လူပျိုတို့သည် မော၍ ပင်ပန်းခြင်းသို့ ရောက်ကြလိမ့်မည်။ လုလင်တို့သည်လည်း ထိမိ၍ လဲကြလိမ့်မည်။ |
ရှင်ဘုရင်သည် စစ်သည်အလုံးအရင်းကြောင့် ကယ်တင်ခြင်းခံရသည်မဟုတ်။ စစ်သူရဲသည် ကြီးမားသောခွန်အားကြောင့် လွတ်မြောက်ခွင့်ရသည်မဟုတ်။
ခြင်္သေ့ပျိုတို့သည် အစာချို့တဲ့၍ ဆာလောင်မွတ်သိပ်တတ်ကြ၏။ ထာဝရဘုရားကိုရှာသောသူတို့မူကား ကောင်းသောအရာတစ်စုံတစ်ခုမျှ ချို့တဲ့လိမ့်မည်မဟုတ်။
ကိုယ်တော်သည် အကျွန်ုပ်အသက်တာ၏ နေ့ရက်များကို လက်တစ်ဝါးသာရှည်စေတော်မူ၏။ အကျွန်ုပ်၏အသက်တာသည်လည်း ကိုယ်တော်၏ရှေ့တွင် ဘာမျှမဟုတ်သကဲ့သို့ဖြစ်ပါ၏။ အကယ်စင်စစ် လူတိုင်းသည် မြဲမြံစွာရပ်တည်လျက်နေစဉ်မှာပင် အခိုးအငွေ့သက်သက်ဖြစ်ကြပါ၏။(စေလာ)
တစ်ဖန် နေအောက်တွင် ငါပြန်၍တွေ့မြင်သည်ကား ပြိုင်ပွဲသည် လျင်မြန်သောသူတို့အတွက်သာမဟုတ်။ စစ်ပွဲသည် ခွန်အားကြီးသောသူတို့အတွက်သာမဟုတ်။ အစားအစာသည် ပညာရှိသောသူတို့အတွက်သာမဟုတ်။ ဓနဥစ္စာသည် အသိဉာဏ်ရှိသောသူတို့အတွက်သာမဟုတ်။ မျက်နှာရခြင်းသည်လည်း တတ်သိနားလည်သောသူတို့အတွက်သာမဟုတ်။ အကြောင်းမူကား အချိန်ကာလနှင့်အကြောင်းတိုက်ဆိုင်မှုသည် ထိုသူအားလုံးတို့၌ ရောက်လာတတ်၏။
သူတို့သည် လူငယ်တို့ကို လေးဖြင့်ဖြိုခွင်းကြလိမ့်မည်။ ရင်သွေးငယ်တို့ကို မသနား။ ကလေးငယ်တို့အပေါ် ညှာတာသောအကြည့်မရှိ။
သူတို့အားလုံးသည် ဘုရားတရားမဲ့သောသူ၊ ဆိုးညစ်သောသူတို့ဖြစ်ကြ၏။ သူတို့အားလုံး၏နှုတ်သည်လည်း မိုက်မဲသောစကားကို ပြောဆိုတတ်ကြ၏။ ထို့ကြောင့် ဘုရားရှင်သည် လူပျိုတို့အပေါ် နှစ်သက်တော်မမူ။ မိဘမဲ့နှင့် မုဆိုးမတို့ကို သနားတော်မမူ။ ဤအရာအလုံးစုံဖြစ်စေကာမူ အမျက်တော်မပြေ၊ လက်တော်သည် ဆန့်လျက်ရှိသေး၏။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားဟူသည့် နာမတော်ရှိသောရှင်ဘုရင်က “မောဘပြည် ပျက်စီးပြီ။ မောဘမြို့များသို့ ရန်သူချီလာပြီ။ ရဲစွမ်းသတ္တိရှိသောလူငယ်တို့သည် အသတ်ခံရပြီ”ဟု မိန့်တော်မူ၏။
သို့ဖြစ်၍ ထာဝရဘုရား၏အမျက်ဒေါသသည် အကျွန်ုပ်ထဲ၌ပြည့်၍ မထမ်းနိုင်လောက်အောင် ပင်ပန်းလှ၏။ “ထိုအမျက်ဒေါသကို လမ်းပေါ်ရှိ ကလေးသူငယ်များနှင့်တကွ လူငယ်အစုအဝေးတို့အပေါ် သွန်ချလော့။ လင်မယား၊ သက်ကြီးရွယ်အိုတို့သည်လည်း ဖမ်းဆီးခြင်းခံရလိမ့်မည်။
သေမင်းသည် လမ်းပေါ်မှကလေးသူငယ်များ၊ ကွင်းပြင်မှလူပျိုများကို ဖျက်ဆီးရန် ပြတင်းပေါက်ကို ကျော်တက်လာပြီ။ ခံတပ်များထဲသို့ ဝင်လာပြီ။
အပြေးမြန်သူလည်း မပြေးနိုင်။ သန်မာသူလည်း ခွန်အားမထုတ်နိုင်။ စစ်သူရဲလည်း သူ့အသက် သူမကယ်နိုင်။
ဒါဝိဒ်နှင့်အတူ လူလေးရာတို့သည် ဆက်၍လိုက်ကြ၏။ လူနှစ်ရာမူကား မောပန်းလွန်းသဖြင့် ဗေသော်ချောင်းကိုပင် မကျော်နိုင်ဘဲ နေရစ်ခဲ့ကြ၏။