ဒါဝိဒ်မင်းကြီးက “သူငယ်အသက်ရှင်သေးစဉ်က အစာရှောင်ငိုကြွေးသည်မှာ ‘ထာဝရဘုရားသည် ငါ့ကို သနားသောအားဖြင့် သူငယ်ကို အသက်ရှင်ခွင့်ပေးမည် မပေးမည်ကို မည်သူသိနိုင်မည်နည်း’ဟု ငါတွေးမိသဖြင့် ဤသို့ပြုခြင်း ဖြစ်၏။
ဟေရှာယ 38:1 - မြန်မာ့စံမီသမ္မာကျမ်း ထိုကာလ၌ ဟေဇကိမင်းကြီးသည် သေလုနီးပါးနာမကျန်းဖြစ်လေ၏။ အာမုတ်၏သား ပရောဖက်ဟေရှာယသည် သူ့ထံသို့လာ၍ “သင်သေရမည်။ သင်အသက်ရှင်ရတော့မည်မဟုတ်သောကြောင့် သင့်နန်းတွင်းရေးရာတို့ကို စီမံခဲ့လော့ဟူ၍ ထာဝရဘုရား မိန့်တော်မူသည်”ဟု လျှောက်လေ၏။ Common Language Bible ထိုအချိန်ကာလလောက်၌ပင် ဟေဇကိမင်း သည်သေလုမတတ်ဖျားနာ၍လာ၏။ အာမုတ် ၏သားပရောဖက်ဟေရှာယသည်မင်းကြီး အားလာရောက်ကြည့်ရှုပြီးနောက်``အရှင်သည် ပြန်လည်ကျန်းမာလာတော့မည်မဟုတ်သ ဖြင့် အရှင်နောက်ဆုံးမှာကြားရန်ရှိသည်တို့ ကိုမှာကြားခဲ့ရန်ထာဝရဘုရားမိန့်တော် မူပါ၏။ သို့ဖြစ်၍နတ်ရွာစံရန်အသင့်ပြင် ပါလော့'' ဟုဆို၏။ Garrad Bible ထို ကာ လ၊ ဟေ ဇ ကိ မင်း၌ သေ အံ့ သော ဝေ ဒ နာ စွဲ ကပ် ရာ၊ အာ မုတ် သား ပ ရော ဖက် ဟေ ရှာ ယ ဝင် ရောက်၍ သင် သည် အ သက် မ ရှင်၊ သေ ရ မည် ဖြစ် သော ကြောင့် သင့် နန်း ရေး နန်း လျာ ကို စီ မံ လော့ ဟု ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း ကို ပြန် ကြား သော်၊ ဟေ ဇ ကိ မင်း သည် နံ ရံ သို့ မျက် နှာ မူ ပြီး လျှင်၊ Judson Bible ထိုကာလအခါ ဟေဇကိမင်းသည် သေနာစွဲသဖြင့်၊ အာမုတ်သား ပရောဖက်ဟေရှာယသည် လာ၍၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ကိုယ်အိမ်အမှုကိုစီရင်လော့။ သင်သည် အသက်မရှင်၊ သေရမည်ဟု အမိန့်တော်ကို ပြန်လေ၏။ |
ဒါဝိဒ်မင်းကြီးက “သူငယ်အသက်ရှင်သေးစဉ်က အစာရှောင်ငိုကြွေးသည်မှာ ‘ထာဝရဘုရားသည် ငါ့ကို သနားသောအားဖြင့် သူငယ်ကို အသက်ရှင်ခွင့်ပေးမည် မပေးမည်ကို မည်သူသိနိုင်မည်နည်း’ဟု ငါတွေးမိသဖြင့် ဤသို့ပြုခြင်း ဖြစ်၏။
အဟိသောဖေလသည် မိမိပေးသောအကြံအတိုင်း မလုပ်သည်ကို သိမြင်လျှင် မြည်းကို ကုန်းနှီးတင်ပြီး နေရင်းမြို့ရှိ မိမိအိမ်သို့ ပြန်ကာ အိမ်သားတို့အား မှာစရာရှိသည်ကို မှာကြားပြီး မိမိကိုယ်ကို ကြိုးဆွဲချသေလေ၏။ သူ့ကို ဘိုးဘေးတို့၏သင်္ချိုင်းတွင် သင်္ဂြိုဟ်ကြ၏။
ထိုကာလတွင် ဟေဇကိမင်းကြီးသည် သေလုနီးပါးနာမကျန်း ဖြစ်၍ ထာဝရဘုရားထံ ဆုတောင်းသောအခါ ကိုယ်တော်သည် သူ့ကို အဖြေပေးတော်မူ၏။ အံ့ဖွယ်နိမိတ်လက္ခဏာကိုလည်း ပြပေးတော်မူ၏။
သင်လုပ်ဆောင်စရာအမှုရှိသမျှကို ခွန်အားစိုက်ထုတ်၍လုပ်ဆောင်လော့။ အကြောင်းမူကား သင်သွားရမည့် မရဏာနိုင်ငံတွင် အလုပ်အကိုင်မရှိ၊ အကြောင်းအကျိုးမရှိ၊ အသိပညာမရှိ၊ ဉာဏ်ပညာလည်းမရှိ။
ယုဒဘုရင် ဩဇိမင်းကြီး၊ ယောသံမင်းကြီး၊ အာခတ်မင်းကြီး၊ ဟေဇကိမင်းကြီး လက်ထက်၌ ယုဒပြည်၊ ဂျေရုဆလင်မြို့နှင့်ပတ်သက်၍ အာမုတ်၏သားဟေရှာယ မြင်ရသောဗျာဒိတ်နိမိတ်။
မင်းကြီးသည် လျှော်တေအဝတ်ဝတ်ထားသည့် နန်းတော်အုပ်ဧလျာကိမ်၊ စာရေးတော်ကြီးရှေဗန၊ အသက်ကြီးသောယဇ်ပုရောဟိတ်တို့ကို အာမုတ်၏သား ပရောဖက်ဟေရှာယထံသို့ စေလွှတ်၏။
အာမုတ်၏သားဟေရှာယသည်လည်း ဟေဇကိမင်းကြီးထံသို့လူလွှတ်၍ “အစ္စရေး၏ဘုရားသခင်ထာဝရဘုရားက ‘သင်သည် အဆီးရီးယားဘုရင်သနာခရိပ်နှင့်ပတ်သက်၍ ငါ့ထံဆုတောင်းသောကြောင့်
သူတို့ပြုကျင့်သည့်မကောင်းသောလမ်းမှပြန်လှည့်လာကြကြောင်း သူတို့၏အပြုအမူများကို ဘုရားသခင် မြင်သောအခါ စိတ်တော်ပြောင်းလဲ၍ သူတို့အပေါ်ဘေးဆိုးကျရောက်စေမည်ဟု မိန့်တော်မူခဲ့သည်ကို ပြန်ရုပ်သိမ်းတော်မူ၏။
ယောနသည် မြို့ထဲသို့တစ်ရက်ခရီးသွားပြီးလျှင် ရပ်လျက် “နောက်ထပ်ရက်လေးဆယ်ကြာလျှင် နိနေဝေမြို့ကြီး ဖြိုလှဲခံရလိမ့်မည်”ဟု ဟစ်ကြော်လေ၏။
ထိုနေ့ရက်များတွင် သူသည် နာမကျန်းဖြစ်ပြီးသေဆုံးသွားသဖြင့် လူတို့သည် သူ၏အလောင်းကိုရေချိုးပေးပြီးလျှင် အထက်ခန်း၌ ထားကြ၏။