ရှင်ဘုရင်ကို ဆင့်ခေါ်ရာ ဟိလခိ၏သားနန်းတော်အုပ်ဧလျာကိမ်၊ စာရေးတော်ကြီးရှေဗန၊ အာသပ်၏သားအတွင်းဝန်ယောအာတို့သည် သူတို့ထံသို့ လာကြ၏။
ဟေရှာယ 36:22 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ဟိလခိ၏သား နန်းတော်အုပ်ဧလျာကိမ်၊ စာရေးတော်ကြီးရှေဗန၊ အာသပ်၏သား အတွင်းဝန်ယောအာတို့သည် မိမိတို့အဝတ်ကိုဆုတ်ဖြဲပြီး ဟေဇကိမင်းကြီးထံသို့ ပြန်လာ၍ ရာဗရှာခပြောသောစကားတို့ကို လျှောက်ထားကြ၏။ Common Language Bible ထိုနောက်ဧလျာကိမ်၊ ရှေဗနနှင့်ယောအာ တို့သည် ဝမ်းနည်းပူဆွေးလျက်မိမိတို့အဝတ် များကိုဆုတ်ဖြဲကာ အာရှုရိအရာရှိ၏ စကားများကိုမင်းကြီးထံသွားရောက် လျှောက်ထားကြ၏။ Garrad Bible ဟိ လ ခိ သား၊ လက် သုံး တော် ချုပ် ဧ လျာ ကိမ်၊ သံ တော် ဆင့် ရှေ ဗ န၊ အာ သပ် သား၊ အ တွင်း ဝန် ယော အာ တို့ မူ ကား၊ ကိုယ့် အ ဝတ် ကို ဆုတ် လျက်၊ ဟေ ဇ ကိ မင်း ထံ ဝင်၍၊ ရာ ဗ ရှ ခ စ ကား ကို ပြန် ကြား တင် လျှောက် ကြ ၏။ Judson Bible ထိုအခါ ဟိလခိသားဖြစ်သော နန်းတော်အုပ် ဧလျာကိမ်၊ စာရေးတော်ကြီး ရှေဗန၊ အာသပ်သား အတွင်းဝန်ယောအာတို့သည် မိမိတို့အဝတ်ကိုဆုတ်လျက်၊ ဟေဇကိမင်းထံသို့လာ၍၊ ရာဗရှာခစကားကို ကြားလျှောက်ကြ၏။ |
ရှင်ဘုရင်ကို ဆင့်ခေါ်ရာ ဟိလခိ၏သားနန်းတော်အုပ်ဧလျာကိမ်၊ စာရေးတော်ကြီးရှေဗန၊ အာသပ်၏သားအတွင်းဝန်ယောအာတို့သည် သူတို့ထံသို့ လာကြ၏။
အစ္စရေးဘုရင်သည် ထိုစာကိုဖတ်ပြီးလျှင် မိမိအဝတ်ကိုဆုတ်ဖြဲလျက် “ငါသည် အသက်ကို သေစေနိုင်၊ ရှင်စေနိုင်သောဘုရားလော။ အဘယ်ကြောင့် ဤဘုရင်သည် အနာကြီးရောဂါစွဲနေသောသူကို ငါ့ထံပို့ပြီးပျောက်အောင်ကုသစေသနည်း။ ယခု ကြည့်ပါ။ သူသည် ငါ့ကိုရန်ရှာခြင်းသာဖြစ်သည်မှာသိသာ၏”ဟု မိန့်ဆို၏။
ထိုအကြောင်းကိုကြားလျှင် ငါသည် အတွင်းအင်္ကျီ၊ အပြင်ဝတ်လုံကိုဆွဲဆုတ်ပြီး ဆံပင်၊ မုတ်ဆိတ်တို့ကို ဆွဲနုတ်ကာ လက်မှိုင်ချလျက်ထိုင်နေမိ၏။
ကောင်းကင်ဗိုလ်ခြေအရှင်သခင်ထာဝရဘုရား ဤသို့မိန့်တော်မူ၏။ “နန်းတော်အုပ်ဖြစ်သော ဘဏ္ဍာစိုးရှေဗနထံသို့သွားလော့။
သို့သော် ငါသည် အရေလမြို့ကို အကျပ်အတည်းထဲသို့ရောက်စေမည်။ ထိုမြို့၌ ဝမ်းနည်းခြင်း၊ မြည်တမ်းခြင်း ရှိလိမ့်မည်။ ထိုမြို့သည် ငါ့အဖို့ အရေလကဲ့သို့ ဖြစ်မည်။
သူရဲကောင်းတို့သည် လမ်းပေါ်၌ အော်ဟစ်ကြ၏။ ငြိမ်းချမ်းရေးစေတမန်တို့သည် ခါးသီးစွာငိုကြွေးကြ၏။
ထိုအခါ ဧလျာကိမ်၊ ရှေဗန၊ ယောအာတို့က ရာဗရှာခအား “အာရမိတ်ဘာသာစကားကို ကျွန်တော်မျိုးတို့နားလည်သည်ဖြစ်၍ ကျွန်တော်မျိုးတို့အား အာရမိတ်ဘာသာစကားနှင့်ပြောပါလော့။ မြို့ရိုးပေါ်ရှိလူတို့ကြားသိအောင် ယုဒဘာသာစကားဖြင့် မပြောပါနှင့်”ဟု ဆိုကြ၏။
ထိုအခါ ဟိလခိ၏သားနန်းတော်အုပ်ဧလျာကိမ်၊ စာရေးတော်ကြီးရှေဗန၊ အာသပ်၏သားအတွင်းဝန်ယောအာတို့သည် သူ့ထံသို့ လာကြ၏။
ထိုစကားအလုံးစုံတို့ကိုကြားရသော ရှင်ဘုရင်နှင့် သူ၏အစေအပါးအားလုံးတို့သည် ကြောက်ရွံ့တုန်လှုပ်ခြင်းမရှိကြ၊ အဝတ်ကိုမဆုတ်ကြ။
ထိုအခါ ယဇ်ပုရောဟိတ်မင်းသည် မိမိ၏ဝတ်ရုံကိုဆုတ်ဖြဲလျက် “သူသည် ဘုရားသခင်ကို စော်ကားပြောဆိုလေပြီ။ နောက်ထပ် မည်သည့်သက်သေများလိုသေးသနည်း။ ဘုရားသခင်အားစော်ကားပြောဆိုသောစကားကို ယခုပင် သင်တို့ကြားရကြပြီ။