ရှင်ဘုရင်က “သူ့အား ဘာမျှပြန်မပြောကြနှင့်”ဟု အမိန့်ရှိထားသောကြောင့် လူတို့လည်း ဘာမျှပြန်မပြောဘဲ တိတ်ဆိတ်စွာနေကြ၏။
ထိုအခါလူတို့သည်ဟေဇကိမှာကြား လိုက်သည်အတိုင်းဆိတ်ဆိတ်နေကြ၏။ စကားတစ်ခွန်းကိုမျှပြန်၍မပြောကြ။-
ထို သူ တို့ သည် မ တုံ့ မ ပြန် ကြ နှင့် ဟူ သော ဘု ရင့် အ မိန့် တော် ကို နာ ခံ ရ သည့် အ တိုင်း ခွန်း တုံ့ မ ပြန်၊ ဆိတ် ဆိတ် နေ ကြ ၏။
ယုဒလူတို့လည်း၊ စကားတစ်ခွန်းကိုမျှမပြန်ဘဲ တိတ်ဆိတ်စွာနေကြ၏။ အကြောင်းမူကား၊ ပြန်မပြောနှင့်ဟု ရှင်ဘုရင် အမိန့်တော်ရှိသတည်း။
ထိုအခါ ဟိလခိ၏သားဧလျာကိမ်၊ ရှေဗန၊ ယောအာတို့က ရာဗရှာခအား “အာရမိတ်ဘာသာစကားကို ကျွန်တော်မျိုးတို့နားလည်သည်ဖြစ်၍ ကျွန်တော်မျိုးတို့အား အာရမိတ်ဘာသာစကားနှင့်ပြောပါလော့။ မြို့ရိုးပေါ်ရှိလူတို့ကြားသိအောင် ယုဒဘာသာစကားဖြင့် မပြောပါနှင့်”ဟု ဆိုကြ၏။
ထို့နောက် ဟိလခိ၏သား နန်းတော်အုပ်ဧလျာကိမ်၊ စာရေးတော်ကြီးရှေဗန၊ အာသပ်၏သား အတွင်းဝန်ယောအာတို့သည် မိမိတို့အဝတ်ကိုဆုတ်ဖြဲပြီး ဟေဇကိမင်းကြီးထံသို့ပြန်လာ၍ ရာဗရှာခပြောသောစကားတို့ကို လျှောက်ထားကြ၏။
“ငါသည် နှုတ်ဖြင့်မပြစ်မှားမိစေရန် ငါ၏အပြုအမူအကျင့်အကြံတို့ကိုစောင့်ထိန်းမည်။ ငါ၏ရှေ့၌ဆိုးယုတ်သောသူတို့ရှိနေစဉ် နှုတ်စွပ်တပ်၍ ငါ့နှုတ်ကိုစောင့်ထိန်းမည်”ဟု ငါဆိုခဲ့၏။
မိုက်မဲသောသူကို သူ၏မိုက်မဲမှုနှင့်အညီ မဖြေကြားနှင့်။ ဖြေကြားလျှင် သင်သည်လည်း သူနှင့်တူသွားလိမ့်မည်။
ဤကာလသည် ဆိုးညစ်သောကာလဖြစ်သောကြောင့် ပညာသတိရှိသူသည် နှုတ်ဆိတ်နေလိမ့်မည်။
သန့်ရှင်းသောအရာကို ခွေးတို့အားမပေးကြနှင့်။ သင်တို့၏ပုလဲများကိုလည်း ဝက်တို့ရှေ့၌မချထားကြနှင့်။ ၎င်းတို့သည် ထိုအရာများကို မိမိတို့ခြေဖြင့်နင်းချေပြီးလျှင် လှည့်လာ၍ သင်တို့ကိုကိုက်ဖြတ်ကြမည်ကိုစိုးရိမ်ရ၏။