Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




သုတ္တံကျမ်း။ 26:4 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

4 မိုက်မဲ​သော​သူ​ကို သူ​၏​မိုက်မဲမှု​နှင့်အညီ မ​ဖြေကြား​နှင့်​။ ဖြေကြား​လျှင် သင်​သည်​လည်း သူ​နှင့်​တူ​သွား​လိမ့်မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

4 မိုက်သောသူ၏ သဘောသို့လိုက်၍၊ သူ၏စကား ကို မချေနှင့်။ ထိုသို့ချေလျှင် သူနှင့်တူလိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

4 မိုက် မဲ သော သူ နှင့် မ တူ စေ ရန်၊ သူ၏ မိုက် မဲ ခြင်း အ လျောက် မ တုံ့ ပြန် နှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

4 မိုက်​သော​သူ၏​သ​ဘော​သို့​လိုက်၍၊ သူ၏​စ​ကား​ကို မ​ချေ​နှင့်။ ထို​သို့​ချေ​လျှင် သူ​နှင့်​တူ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




သုတ္တံကျမ်း။ 26:4
14 ပူးပေါင်းရင်းမြစ်များ  

သူ​သည် လူငယ်​တို့​ပေး​သော​အကြံ​အတိုင်း သူ​တို့​အား “​ငါ့​ခမည်းတော်​သည် သင်​တို့​အပေါ် လေး​သော​ထမ်းပိုး​ကို တင်​ခဲ့​၏​။ ငါ​မူကား သင်​တို့​၏​ထမ်းပိုး​ကို ပို၍​လေး​စေ​မည်​။ ငါ့​ခမည်းတော်​သည် သင်​တို့​ကို ကျာပွတ်​နှင့်​ဆုံးမ​၏​။ ငါ​မူကား သင်​တို့​ကို ကင်းမြီးကောက်​နှင့်​ဆုံးမ​မည်​”​ဟု ပြန်ပြော​၏​။


အစ္စရေး​လူမျိုး​အပေါင်း​တို့​သည် မိမိ​တို့​စကား​ကို ရှင်ဘုရင်​နား​မ​ထောင်​ကြောင်း သိမြင်​လျှင် သူ​တို့​က ရှင်ဘုရင်​အား “​ဒါဝိဒ်​မင်းကြီး​၌ ငါ​တို့ မည်သည့်​ဝေစု​ရှိ​သနည်း​။ ယေရှဲ​၏​သား​၌ ငါ​တို့​အမွေခံစရာ​မ​ရှိ​။ အို အစ္စရေး​လူမျိုး​တို့​၊ ကိုယ့်​တဲ​သို့ ကိုယ်​ပြန်​ကြ​လော့​။ အို ဒါဝိဒ်​မင်းကြီး​၊ ကိုယ့်​အမျိုးအနွယ်​ကို စောင့်ရှောက်​ပါ​လော့​”​ဟု ပြန်ပြော​ပြီး အစ္စရေး​လူမျိုး​တို့​သည် ကိုယ့်​တဲ​သို့ ကိုယ်​ပြန်သွား​ကြ​လေ​၏​။


အငြင်းပွားမှု​၏​အစ​သည် ရေ​ပေါက်ထွက်​ခါစကဲ့သို့​ဖြစ်​သောကြောင့် ခိုက်ရန်​မ​ဖြစ်ပွား​မီ အငြင်းပွားမှု​ကို​ရပ်စဲ​လော့​။


မိုက်မဲ​သော​သူ​၏​ရှေ့​တွင် စကား​မ​ပြော​နှင့်​။ အကြောင်းမူကား သူ​သည် သင်​၏​စကား​များ​၌​ပါ​သော​ဉာဏ်စွမ်း​ကို မထီမဲ့မြင်ပြု​လိမ့်မည်​။


မိုက်မဲ​သော​သူ​ကို သူ​၏​မိုက်မဲမှု​နှင့်အညီ ဖြေကြား​လော့​။ သို့မဟုတ်လျှင် သူ​သည် မိမိကိုယ်ကို​ပညာရှိ​ဟု ထင်မြင်​လိမ့်မည်​။


ပညာရှိ​သော​သူ​သည် ဆိုးမိုက်​သော​သူ​နှင့်​အမှု​ဖြစ်​သောအခါ ဆိုးမိုက်​သော​သူ​သည် အမျက်ထွက်​လျက်​၊ ပြောင်လှောင်​လျက်​နေ​သဖြင့် အေးချမ်းမှု​မ​ရ​နိုင်​။


ရှင်ဘုရင်​က “​သူ့​အား ဘာမျှ​ပြန်​မ​ပြော​ကြ​နှင့်​”​ဟု အမိန့်​ရှိ​ထား​သောကြောင့် လူ​တို့​လည်း ဘာမျှ​ပြန်​မ​ပြော​ဘဲ တိတ်ဆိတ်​စွာ​နေ​ကြ​၏​။


သန့်ရှင်း​သော​အရာ​ကို ခွေး​တို့​အား​မ​ပေး​ကြ​နှင့်။ သင်​တို့​၏​ပုလဲ​များ​ကို​လည်း ဝက်​တို့​ရှေ့၌​မ​ချ​ထား​ကြ​နှင့်။ ၎င်း​တို့​သည် ထို​အရာ​များ​ကို မိမိ​တို့​ခြေ​ဖြင့်​နင်းချေ​ပြီးလျှင် လှည့်​လာ​၍ သင်​တို့​ကို​ကိုက်ဖြတ်​ကြ​မည်​ကို​စိုးရိမ်​ရ​၏။


သင်​တို့​သည် ကောင်းချီး​မင်္ဂလာ​ကို အမွေ​ဆက်ခံ​ရ​မည့်အကြောင်း ခေါ်ယူ​တော်မူ​ခြင်း​ခံရ​သည်​ဖြစ်၍ အဆိုး​ကို အဆိုး​ဖြင့်​လည်းကောင်း၊ ကဲ့ရဲ့​ပြစ်တင်​ခြင်း​ကို ကဲ့ရဲ့​ပြစ်တင်​ခြင်း​ဖြင့်​လည်းကောင်း မ​တုံ့ပြန်​ဘဲ ကောင်းချီး​ကို​သာ​ပေး​ကြ​လော့။


ကောင်းကင်​တမန်​မင်း​မိက္ခေလ​ပင် မာရ်နတ်​နှင့်​ငြင်းခုံ​လျက် မောရှေ​၏​ကိုယ်ခန္ဓာ​နှင့်​ပတ်သက်၍ အချေအတင်​ပြောဆို​ကြ​သောအခါ ရှုတ်ချ​ပြစ်တင်​သည့်​စီရင်​ခြင်း​ကို​မ​ပြု​ဝံ့​ဘဲ “ထာဝရ​ဘုရား​သည် သင့်​ကို ဆုံးမ​တော်မူ​ပါစေ”​ဟူ၍​သာ ပြောဆို​ခဲ့​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ