ထိုသူတို့ဝန်းကျင်၌ရှိသောလူအပေါင်းတို့သည်လည်း မိမိတို့စေတနာအလျောက် ရွှေငွေအသုံးအဆောင်များ၊ ပစ္စည်းဥစ္စာများ၊ တိရစ္ဆာန်များ၊ အဖိုးတန်လက်ဆောင်များဖြင့် ပါဝင်ပေးလှူကြ၏။
ဟေရှာယ 35:3 - မြန်မာ့စံမီသမ္မာကျမ်း အားနည်းသောလက်တို့ကို ခိုင်ခံ့စေကြလော့။ ချည့်နဲ့သောဒူးတို့ကို သန်မာစေကြလော့။ Common Language Bible နွမ်းနယ်လျက်ရှိသည့်လက်တို့ကိုလည်းကောင်း၊ အားနည်းတုန်လှုပ်လျက်နေသည့် ဒူးတို့ကိုလည်းကောင်းအားဖြည့်၍ပေးကြလော့။ Garrad Bible မ သန် စွမ်း သော လက် များ ကို ခိုင် ခံ့ စေ လျက်၊ နုန့် နဲ့ သော ဒူး ဆစ် များ ကို တည့် မတ် စေ လော့။ Judson Bible အားမရှိသောလက်တို့ကို ခိုင်ခံ့စေကြလော့။ လှုပ်တတ်သော ဒူးတို့ကို မြဲမြံစေကြလော့။ |
ထိုသူတို့ဝန်းကျင်၌ရှိသောလူအပေါင်းတို့သည်လည်း မိမိတို့စေတနာအလျောက် ရွှေငွေအသုံးအဆောင်များ၊ ပစ္စည်းဥစ္စာများ၊ တိရစ္ဆာန်များ၊ အဖိုးတန်လက်ဆောင်များဖြင့် ပါဝင်ပေးလှူကြ၏။
ငါ့နှုတ်ဖြင့် သင်တို့ကို အားပေးမည်။ ငါ့နှုတ်ခမ်းမှနှစ်သိမ့်ပေးမှုသည် သက်သာရာကို ရစေမည်။
မောရှေလက်ညောင်းလာသောအခါ အာရုန်နှင့်ဟုရသည် ကျောက်တုံးကိုယူ၍ မောရှေအောက်၌ထားပြီး ထိုကျောက်ပေါ်၌ သူ့ကိုထိုင်စေ၏။ ထို့နောက် သူတို့သည် မောရှေ၏လက်ကို တစ်ယောက်တစ်ဖက်စီ မထားကြသဖြင့် နေဝင်သည့်တိုင်အောင် သူ၏လက်သည် မြဲမြံလေ၏။
ထိုအခါ လူပုံသဏ္ဌာန်နှင့်တူသောသူသည် ငါ့ကို နောက်တစ်ခါ တို့၍ ခွန်အားဖြည့်ပေး၏။
ထိုနေ့ရက်တွင် ဂျေရုဆလင်မြို့အား “မကြောက်နှင့်၊ ဇိအုန်မြို့၊ လက်ပန်းမကျနှင့်။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘ဗိမာန်တော်ဖြစ်သော ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏အိမ်တော်ကို ပြန်လည်တည်ဆောက်ရန် အုတ်မြစ်ချသောနေ့၌ ပရောဖက်တို့နှုတ်မှ ဆင့်ဆိုခဲ့သောစကားများကို ယခုကာလ၌ကြားရသောသူတို့၊ သင်တို့လက်ကို ကြံ့ခိုင်စေကြလော့။
သို့သော် သင်၏ယုံကြည်ခြင်းမဆုံးရှုံးမည့်အကြောင်း သင့်အတွက် ငါဆုတောင်းပြီ။ သို့ဖြစ်၍ သင်သည် သတိတရားပြန်ရသောအခါ သင်၏ညီအစ်ကိုများကို ခိုင်ခံ့မြဲမြံစေလော့”ဟု မိန့်တော်မူ၏။
ထိုအခါ ကောင်းကင်မှ ကောင်းကင်တမန်တစ်ပါးသည် ကိုယ်တော်ထံထင်ရှားလာ၍ကိုယ်တော်ကိုအားပေးလေ၏။
သူသည် ထိုနေရာ၌ အချိန်အတန်ကြာနေပြီးနောက် ပြန်လည်ထွက်ခွာ၍ ဂလာတိပြည်နှင့်ဖြူဂိပြည်တို့ကို အစဉ်လိုက်လှည့်လည်ကာ တပည့်တော်အားလုံးတို့ကို ခိုင်ခံ့မြဲမြံစေ၏။
ထို့ကြောင့် အားအင်ကုန်ခန်းနေသောလက်များနှင့် ချည့်နဲ့နေသောဒူးများကို ပြန်လည်ခိုင်ခံ့စေကြလော့။
သူတို့ပြောဆိုသောစကားကိုကြားသောအခါ သင်သည် အားရှိသွားလိမ့်မည်။ ထိုတပ်စခန်းကို တိုက်နိုင်လိမ့်မည်”ဟု မိန့်တော်မူ၏။ သို့ဖြစ်၍ သူသည် သူ၏ငယ်သားဖုရနှင့်အတူ ဆင်းသွား၍ တပ်စခန်းအစွန်နားသို့ ရောက်၏။
“သင်မစိုးရိမ်နှင့်။ ငါ့ခမည်းတော်ရှောလုမင်းကြီးသည် သင့်အသက်ကို ရန်ရှာနိုင်မည်မဟုတ်။ သင်သည် အစ္စရေးလူမျိုးတို့၏ဘုရင် ဖြစ်ရလိမ့်မည်။ ငါသည် သင့်အတွက် လက်ရုံးသဖွယ်ဖြစ်မည်။ ဤသည်ကို ငါ့ခမည်းတော်ရှောလုမင်းကြီးလည်း သိပါ၏”ဟု ဆို၏။