ထိုနေ့ရက်၌ နားမကြားသောသူတို့သည် စာလိပ်ထဲမှစာကို ကြားကြလိမ့်မည်။ မျက်စိကန်းသောသူတို့သည် အမှောင်အမိုက်ထဲမှ မြင်ကြလိမ့်မည်။
ဟေရှာယ 32:3 - မြန်မာ့စံမီသမ္မာကျမ်း မျက်စိမြင်သောသူတို့သည် အမှောင်ကျတော့မည်မဟုတ်။ နားကြားသောသူတို့သည် အာရုံစိုက်နားထောင်ကြလိမ့်မည်။ Common Language Bible သူတို့သည်ပြည်သူတို့၏ချို့တဲ့မှုများကို သိရှိရန်မျက်စိရှင်ရှင်နားပါးပါးနှင့်နေ လိမ့်မည်။- Garrad Bible မျက် မြင် သူ တို့ သည် ကြည့် မြင် ခြင်း၊ နား ကြား သူ တို့ သည် နား ထောင် ခြင်း၊ Judson Bible မျက်စိမြင်သောသူတို့သည် ရှင်းလင်းစွာ မြင်ကြလိမ့်မည်။ နားကြားသောသူတို့လည်း နားထောင်ကြလိမ့်မည်။ |
ထိုနေ့ရက်၌ နားမကြားသောသူတို့သည် စာလိပ်ထဲမှစာကို ကြားကြလိမ့်မည်။ မျက်စိကန်းသောသူတို့သည် အမှောင်အမိုက်ထဲမှ မြင်ကြလိမ့်မည်။
စိတ်သဘောလွဲမှားသောသူတို့သည် အသိဉာဏ်ကိုရရှိကြလိမ့်မည်။ ညည်းတွားသောသူတို့သည် ပညာကို ခံယူကြလိမ့်မည်”ဟု မိန့်တော်မူ၏။
ထာဝရဘုရားသည် မိမိလူမျိုးတော်၏ဒဏ်ရာကို ပတ်စည်းပေး၍ မိမိဒဏ်ခတ်တော်မူသည့်အနာကို ပျောက်ကင်းစေတော်မူသောနေ့ရက်၌ လ၏အလင်းသည် နေ၏အလင်းကဲ့သို့ဖြစ်မည်။ နေ၏အလင်းသည် ခုနစ်ဆတိုး၍ ခုနစ်ရက်အလင်းကဲ့သို့ လင်းမည်။
ငါသည် မျက်မမြင်တို့ကို သူတို့မသိသောခရီးဖြင့် ပို့ဆောင်မည်။ သူတို့မသိသောလမ်းဖြင့် လမ်းပြမည်။ သူတို့ရှေ့၌ အမှောင်ကို အလင်းဖြစ်စေမည်။ ကြမ်းတမ်းသောနေရာများကို ချောမွေ့စေမည်။ ဤအရာတို့ကို ငါပြုမည်။ ငါသည် သူတို့ကို မစွန့်ပစ်။
သင်၏သားသမီးအပေါင်းတို့သည် ထာဝရဘုရား၏သွန်သင်တော်မူခြင်းကိုခံရမည်။ သူတို့၌ ငြိမ်သက်ခြင်းအတိရှိမည်။
ထာဝရဘုရားက “သူတို့သည် အိမ်နီးချင်း၊ ညီအစ်ကိုချင်းတို့အား ‘ထာဝရဘုရားနှင့် သိကျွမ်းခြင်းရှိလော့’ဟု သင်ကြားပေးစရာမလို။ အကြောင်းမူကား အငယ်ဆုံးသောသူမှစ၍ အကြီးဆုံးသောသူတိုင်အောင် လူတိုင်း ငါ့ကို သိကျွမ်းကြလိမ့်မည်။ သူတို့၏ဒုစရိုက်များကို ခွင့်လွှတ်မည်။ သူတို့၏အပြစ်များကို အောက်မေ့တော့မည်မဟုတ်”ဟု မိန့်တော်မူ၏။
ကိုယ်တော်ကလည်း“သင်တို့အား ကောင်းကင်နိုင်ငံတော်၏လျှို့ဝှက်နက်နဲသောအရာများကို သိခွင့်ပေးထားသော်လည်း သူတို့ကိုမူကား သိခွင့်မပေးထားသောကြောင့်ဖြစ်၏။
လူတို့သည် အတိုင်းထက်အလွန်အံ့အားသင့်လျက် “ကိုယ်တော်သည် အလုံးစုံတို့ကို လျောက်ပတ်စွာပြုတော်မူပြီ။ နားမကြားသောသူကို ကြားစေတော်မူ၍ ဆွံ့အသောသူကိုစကားပြောစေတော်မူ၏”ဟု ပြောဆိုကြ၏။
ဤသည်ကား သူတို့၏မျက်စိကိုဖွင့်ပေး၍ သူတို့ကို အမှောင်မှ အလင်းသို့လည်းကောင်း၊ စာတန်၏အခွင့်အာဏာမှ ဘုရားသခင်ထံသို့လည်းကောင်း ပြောင်းလဲစေသဖြင့် သူတို့သည် ငါ့ကိုယုံကြည်ခြင်းအားဖြင့် အပြစ်များခွင့်လွှတ်ခြင်းကျေးဇူးကိုခံစားရကာ သန့်ရှင်းစေခြင်းခံရသောသူတို့ထဲတွင် ပါဝင်ရမည့်အကြောင်းတည်း’ဟု မိန့်တော်မူခဲ့ပါသည်။
“အမှောင်ထဲမှ အလင်းထွန်းလင်းစေ”ဟု မိန့်တော်မူသောဘုရားသခင်သည် ယေရှုခရစ်တော်၏မျက်နှာတော်၌ထွန်းလင်းသည့် ဘုရားသခင်၏ဘုန်းတော်ကိုသိသောဉာဏ်အလင်းရောင်အား ငါတို့စိတ်နှလုံးထဲ၌ ထွန်းလင်းစေတော်မူ၏။