ဧလိရှဲသည် ထိုမြို့မှ ဗေသလမြို့သို့ တက်သွားလေ၏။ သူတက်သွားရာလမ်းတွင် လူငယ်တစ်စုက မြို့ထဲမှထွက်လာပြီး “ဟေး ထိပ်ပြောင်ကြီး တက်သွားပါ။ ဟေး ထိပ်ပြောင်ကြီး တက်သွားပါ”ဟု ပြောင်လှောင်ကြ၏။
ဟေရှာယ 3:5 - မြန်မာ့စံမီသမ္မာကျမ်း လူတစ်ဦးကိုတစ်ဦး၊ အိမ်နီးချင်းတစ်ဦးကိုတစ်ဦး ညှဉ်းဆဲကြလိမ့်မည်။ လူငယ်သည် လူကြီးကိုလည်းကောင်း၊ လူယုတ်သည် လူမြတ်ကိုလည်းကောင်း စော်ကားလိမ့်မည်။ Common Language Bible လူတိုင်းပင်တစ်ဦးအပေါ်တစ်ဦးအခွင့်ကောင်း ယူ၍ကိုယ်ကျိုးရှာလိမ့်မည်။ လူငယ်လူရွယ်တို့ သည်လူကြီးသူမတို့အားလည်းကောင်း၊ ယုတ် ညံ့သူတို့သည်မြင့်မြတ်သူတို့အားလည်း ကောင်းအရိုအသေကင်းမဲ့ကြလိမ့်မည်။ Garrad Bible ပြည် သူ ပြည် သား တို့ သည် တစ် ဦး ကို တစ် ဦး အ ချင်း ချင်း ညှင်း ပန်း၍ လူ ငယ် က လူ ကြီး ကိုလည်း ကောင်း၊ လူ ယုတ် က လူ မြတ် ကိုလည်း ကောင်း၊ စော် ကား လိမ့် မည်။ Judson Bible ပြည်သားတို့သည် တစ်ယောက်ကိုတစ်ယောက်၊ အိမ်နီးချင်း တစ်ယောက်ကိုတစ်ယောက် ညှဉ်းဆဲကြလိမ့်မည်။ သူငယ်သည် အသက်ကြီးသူကိုလည်းကောင်း၊ လူယုတ်သည် လူမြတ်ကိုလည်းကောင်း စော်ကားလိမ့်မည်။ |
ဧလိရှဲသည် ထိုမြို့မှ ဗေသလမြို့သို့ တက်သွားလေ၏။ သူတက်သွားရာလမ်းတွင် လူငယ်တစ်စုက မြို့ထဲမှထွက်လာပြီး “ဟေး ထိပ်ပြောင်ကြီး တက်သွားပါ။ ဟေး ထိပ်ပြောင်ကြီး တက်သွားပါ”ဟု ပြောင်လှောင်ကြ၏။
အပြစ်ပြုသောလူမျိုး၊ အပြစ်ကြီးလေးသောလူစု၊ ဆိုးညစ်သောသူတို့၏အမျိုးအနွယ်၊ ဖောက်ပြန်သောသားသမီးတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ သူတို့သည် ထာဝရဘုရားကိုစွန့်ပယ်သွားကြပြီ။ အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင်ကို မထီလေးစားပြု၍ ကျောခိုင်းသွားကြပြီ။
ဧဖရိမ်အမျိုး၏မနာလိုဝန်တိုစိတ်သည် ပျောက်သွားမည်။ ယုဒအမျိုးအား ရန်ပြုသောသူတို့သည် ဖယ်ရှားခြင်းခံရမည်။ ဧဖရိမ်အမျိုးသည် ယုဒအမျိုးကို မနာလိုမဖြစ်။ ယုဒအမျိုးသည်လည်း ဧဖရိမ်အမျိုးကို ရန်မပြု။
“ငါသည် အီဂျစ်ပြည်သားတို့ကို အချင်းချင်းဆန့်ကျင်ရန် လှုံ့ဆော်၍ သူတို့သည် ညီအစ်ကိုအချင်းချင်း၊ အိမ်နီးချင်းအချင်းချင်း၊ မြို့အချင်းချင်း၊ နိုင်ငံအချင်းချင်း ဆန့်ကျင်ကြလိမ့်မည်။
အကယ်စင်စစ် ဆိုးယုတ်မှုသည် မီးကဲ့သို့လောင်ကျွမ်းတတ်၏။ ချုံပင်၊ ဆူးပင်များကိုလောင်မြိုက်လျက်၊ တောအုပ်ကိုစွဲလောင်လျက် အခိုးတလူလူတက်စေတတ်၏။
သင့်မျက်စိ၊ သင့်စိတ်နှလုံးထဲတွင်မူကား မတရားစီးပွားရှာခြင်း၊ အပြစ်မဲ့သောသူကိုသတ်ဖြတ်ခြင်း၊ ဖိနှိပ်ချုပ်ချယ်ခြင်း၊ နှိပ်စက်ခြင်းတို့သာရှိ၏။
သူတို့သည် တံစိုးလက်ဆောင်ယူ၍ လူအသက်ကို သတ်ကြ၏။ သင်သည် အတိုးအမြတ်ယူ၍ အိမ်နီးချင်း၏ပစ္စည်းကို အနိုင်အထက်လုယူ၏။ ငါ့ကိုလည်း မေ့လျော့လေပြီ’ဟု မိန့်တော်မူ၏။
ဆံပင်ဖြူသူကို အရိုအသေပေးရမည်။ အသက်ကြီးသူကို လေးစားရမည်။ သင်၏ဘုရားသခင်ကို ကြောက်ရွံ့ရမည်။ ငါသည် ထာဝရဘုရားဖြစ်၏။
ဆင်းရဲသားတို့ကိုနှိပ်စက်ပြီး နွမ်းပါးသူတို့ကိုညှဉ်းဆဲကာ မိမိသခင်တို့ကိုပင် “ငါတို့အတွက် သောက်စရာယူခဲ့ပါ”ဟု ဆိုတတ်သော ရှမာရိတောင်ပေါ်မှ ဗာရှန်နွားမတို့၊ ဤစကားကို နားထောင်ကြလော့။
အကြီးအမှူးတို့သည် တံစိုးလက်ဆောင်ရရန် တရားစီရင်ကြ၏။ ယဇ်ပုရောဟိတ်တို့သည်လည်း အဖိုးအခရရန် သွန်သင်ကြ၏။ ပရောဖက်တို့သည်လည်း ငွေရရန် ဂမ္ဘီရအတတ်ဖြင့် ဟောပြောကြ၏။ ထာဝရဘုရားကို အမှီပြု၍လည်း “ထာဝရဘုရားသည် ငါတို့အလယ်တွင်ရှိတော်မူသည် မဟုတ်လော။ ငါတို့အပေါ်ဘေးအန္တရာယ်ကျရောက်မည်မဟုတ်”ဟု ဆိုတတ်ကြ၏။
ဘုရားဝတ်၌မွေ့လျော်သောသူသည် မြေကြီးပေါ်မှ ပျောက်ကွယ်သွားလေပြီ။ လူတို့တွင် ဖြောင့်မှန်သောသူ တစ်ယောက်မျှမရှိ။ သူတို့အားလုံး လူ့အသက်သတ်ရန် ချောင်းမြောင်းနေကြ၏။ ညီအစ်ကိုအချင်းချင်းပင် ပိုက်ထောင်ဖမ်းကြ၏။
တစ်ဖန် ထာဝရဘုရားက “ဤပြည်ရှိ ပြည်သူပြည်သားတို့ကို ငါသနားတော့မည်မဟုတ်။ ကြည့်ရှုလော့။ လူအသီးသီးတို့ကို သူတို့၏အိမ်နီးချင်းလက်သို့လည်းကောင်း၊ သူတို့၏ရှင်ဘုရင်လက်သို့လည်းကောင်း ငါအပ်မည်။ ထိုသူတို့သည် ဤပြည်ကိုချေမှုန်းတိုက်ဖျက်ကြမည်ဖြစ်သော်လည်း ထိုသူတို့လက်မှ ငါကယ်တင်မည်မဟုတ်”ဟု မိန့်တော်မူ၏။
“သင်တို့ကို တရားစီရင်ရန် သင်တို့ထံသို့ ငါကြွလာမည်။ ငါသည် မှော်ဆရာများ၊ အိမ်ထောင်ရေးဖောက်ပြန်သောသူများ၊ မဟုတ်မမှန်ကျိန်ဆိုသောသူများ၊ သူရင်းငှား၏လုပ်အားခကို မပေးသောသူများ၊ မုဆိုးမနှင့် ဖတဆိုးတို့ကို နှိပ်စက်သောသူများ၊ တိုင်းတစ်ပါးသားတို့ကို လျစ်လျူရှု၍ ငါ့ကိုမကြောက်ရွံ့သောသူများကိုဆန့်ကျင်လျက် အလျင်အမြန်သက်သေထွက်ဆိုမည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
ထို့နောက် သူတို့သည် ကိုယ်တော်၏မျက်နှာတော်ကို တံတွေးနှင့်ထွေးလျက် ကိုယ်တော်ကိုထိုးနှက်ကြ၏။ အချို့တို့သည်လည်း ကိုယ်တော်ကိုရိုက်ပုတ်လျက်
ထို့နောက် အချို့တို့သည် ကိုယ်တော်ကိုတံတွေးနှင့်ထွေးလျက် မျက်နှာတော်ကိုဖုံးအုပ်ပြီးလျှင် ကိုယ်တော်ကိုထိုးနှက်ကာ “ဟောကြည့်ပါ”ဟု ဆိုကြ၏။ အစောင့်တပ်သားများသည်လည်း ကိုယ်တော်ကိုခေါ်သွား၍ ရိုက်ပုတ်ကြ၏။
မျက်နှာတော်ကိုဖုံးအုပ်ပြီးလျှင် “သင့်အားမည်သူရိုက်သည်ကို ဟောကြည့်ပါ”ဟု ဆိုကြ၏။
သို့ရာတွင် သင်တို့သည် ဆင်းရဲသောသူတို့ကို မထီလေးစားပြုကြသည်တကား။ ချမ်းသာသောသူတို့သည် သင်တို့ကို ဖိနှိပ်ခြယ်လှယ်ကြသည်မဟုတ်လော။ သူတို့သည် သင်တို့ကို တရားရုံးသို့ ဆွဲခေါ်သွားကြသည်မဟုတ်လော။
ကြည့်ကြလော့။ သင်တို့လယ်ကွင်း၌ရိတ်သိမ်းပေးသည့် အလုပ်သမားတို့ကို သင်တို့လိမ်ညာ၍မပေးဘဲနေသော လုပ်အားခများသည် အော်ဟစ်နေကြ၏။ ရိတ်သိမ်းသောသူတို့၏အော်ဟစ်သံများသည်လည်း ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏နားတော်သို့ ရောက်လေပြီ။