အို ထာဝရဘုရား၊ သူတို့သည် ကိုယ်တော်၏လူမျိုးတော်ကို နှိမ်နင်း၍ ကိုယ်တော်၏အမွေတော်ကို နှိပ်စက်ကြပါ၏။
ဟေရှာယ 3:15 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့သည် မည်သည့်အကြောင်းကြောင့် ငါ၏လူမျိုးတော်ကို ချိုးဖဲ့ခြေမွှ၍ ဆင်းရဲသားတို့၏မျက်နှာကို ကြိတ်ကြရသနည်း”ဟု ကောင်းကင်ဗိုလ်ခြေအရှင်သခင်ထာဝရဘုရား မိန့်တော်မူ၏။ Common Language Bible သူတို့တွင်ငါ၏လူမျိုးတော်အားဤသို့ နှိပ်စက်ပိုင်ခွင့်၊ ဆင်းရဲသူတို့အပေါ်၌အခွင့် ကောင်းယူပိုင်ခွင့်လည်းမရှိ။ ဤကားအနန္တ တန်ခိုးရှင်ငါထာဝရဘုရားမြွက်ဆို တော်မူသောစကားဖြစ်၏'' ဟုမိန့်တော် မူ၏။ Garrad Bible လူ မျိုး တော် ကို နှိပ် စက် ခြင်း၊ ဆင်း ရဲ သား တို့ မျက် နှာ ကို ထောင်း ထု ခြင်း ကား အ သို့ နည်း ဟု၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား သ ခင် မိန့် တော် မူ၏။ Judson Bible ငါ၏လူတို့ကို အဘယ်ကြောင့် နှိပ်စက်ကြသနည်း။ ဆင်းရဲသားတို့၏မျက်နှာကို အဘယ်ကြောင့် ကြိတ်ကြသနည်းဟု ကောင်းကင်ဗိုလ်ခြေသခင် အရှင်ထာဝရဘုရား မိန့်တော်မူ၏။ |
အို ထာဝရဘုရား၊ သူတို့သည် ကိုယ်တော်၏လူမျိုးတော်ကို နှိမ်နင်း၍ ကိုယ်တော်၏အမွေတော်ကို နှိပ်စက်ကြပါ၏။
ဖာရောမင်းကြီး၏အဓမ္မစေခိုင်းသူများသည် မိမိတို့ခန့်ထားသောအစ္စရေးအမျိုးသားအလုပ်ကြီးကြပ်သူများကိုလည်း ရိုက်နှက်ကာ “သင်တို့သည် ယခင်ကကဲ့သို့ သင်တို့လုပ်ရမည့်အုတ်ကို သတ်မှတ်ချက်အတိုင်း မနေ့ရောယနေ့ပါ အဘယ်ကြောင့် မပြီးစီးကြသနည်း”ဟု ဆိုကြ၏။
အဖိနှိပ်ခံရသောသူတို့ကို မြေကြီးပေါ်မှလည်းကောင်း၊ နွမ်းပါးသောသူတို့ကို လူထုထဲမှလည်းကောင်း ဝါးမျိုပစ်ရန် သန်လျက်ကဲ့သို့သောသွားနှင့် ဓားကဲ့သို့သောအစွယ်ရှိသောသူများရှိ၏။
ဆင်းရဲသောသူတို့၏သားဦးတို့သည် ကျွေးမွေးခြင်းခံရကြလိမ့်မည်။ နွမ်းပါးသောသူတို့သည် ဘေးကင်းလုံခြုံစွာအိပ်ရကြလိမ့်မည်။ သို့သော် သင်၏အမြစ်ကို ငတ်မွတ်ခေါင်းပါးခြင်းဘေးဖြင့် ငါသေစေမည်။ သင်၏အကြွင်းအကျန်သည်လည်း သတ်ဖြတ်ခြင်းခံရမည်။
ခြေသည် ထိုမြို့ကိုနင်းချေလိမ့်မည်။ အဖိနှိပ်ခံရသောသူတို့၏ခြေ၊ ဆင်းရဲသောသူတို့၏ခြေတို့သည် ထိုမြို့ကိုနင်းချေလိမ့်မည်”ဟု သီဆိုကြလိမ့်မည်။
စိတ်နှိမ့်ချသောသူတို့သည် ထာဝရဘုရား၌ တစ်ဖန်ဝမ်းမြောက်ကြလိမ့်မည်။ လူတို့တွင် နွမ်းပါးသောလူသည် အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင်၌ ရွှင်လန်းကြလိမ့်မည်။
ထို့ကြောင့် အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင်က “သင်တို့သည် ဤနှုတ်ကပတ်တော်ကိုပယ်၍ ဖိနှိပ်ချုပ်ချယ်သူ၊ သွေဖည်လွဲမှားသူတို့ကို ကိုးစားမှီဝဲကြ၏။
မိုက်မဲသောသူသည် မိုက်မဲသောစကားကိုပြောဆိုတတ်၏။ သူ၏စိတ်နှလုံးသည် ဒုစရိုက်ကိုကြံစည်တတ်၏။ သူတော်ကောင်းယောင်ဆောင်ပြီး ထာဝရဘုရားအကြောင်းကို မဟုတ်မမှန်ပြောဆိုတတ်၏။ ဆာလောင်မွတ်သိပ်သောသူကို အစာမကျွေး၊ ရေငတ်သောသူကို ရေမတိုက်။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏စပျစ်ခြံကား အစ္စရေးအမျိုးအနွယ်ပေတည်း။ ကိုယ်တော်နှစ်သက်တော်မူသောအပင်ကား ယုဒအမျိုးသားပေတည်း။ ကိုယ်တော်သည် တရားမျှတမှုကို စောင့်မျှော်တော်မူသော်လည်း ကြည့်ရှုလော့။ သတ်ဖြတ်မှုသာဖြစ်ပါသည်တကား။ ဖြောင့်မတ်ခြင်းအစား အော်ဟစ်ငိုကြွေးခြင်းသာရှိပါသည်တကား။
သင်တို့သည် အငြင်းပွားလျက်၊ ခိုက်ရန်ဖြစ်လျက်၊ လက်သီးဖြင့်ကြမ်းကြမ်းတမ်းတမ်းထိုးကြိတ်လျက် အစာရှောင်ကြ၏။ ထိုသို့ အစာမရှောင်ကြနှင့်။ သင်တို့၏အသံကို အထက်အရပ်က နားထောင်မည်မဟုတ်။
ကိုယ်တော်က “စင်စစ် သူတို့သည် ငါ၏လူမျိုးတော်ဖြစ်၏။ သူတို့သည် သစ္စာမပျက်သောသားသမီးများဖြစ်ကြလိမ့်မည်”ဟု မိန့်တော်မူ၏။ ကိုယ်တော်သည်လည်း သူတို့၏ကယ်တင်ရှင်ဖြစ်တော်မူ၏။
“အစ္စရေးပြည်နှင့်ပတ်သက်ပြီး ‘ဖခင်တို့က ချဉ်သောစပျစ်သီးကိုစား၍ သားတို့က သွားကျိန်း၏’ဟု သင်တို့ပြောဆိုသော ဤစကားပုံကား မည်သို့နည်း။
မာလိန်မှူးသည် သူ့ထံသို့သွား၍ “သင် အဘယ်ကြောင့် အိပ်မောကျနေသနည်း။ ထပြီး သင့်ဘုရားထံ ဆုတောင်းပါလော့။ ငါတို့ သေကျေပျက်စီးမသွားအောင် သင့်ဘုရားသည် ငါတို့ကို ကယ်တင်ကောင်းကယ်တင်လိမ့်မည်”ဟု ဆို၏။