ဟေရှာယ 29:8 - မြန်မာ့စံမီသမ္မာကျမ်း
ဆာလောင်မွတ်သိပ်သောသူသည် အိပ်မက်ထဲ၌ စားရသည်ဟုမက်သော်လည်း နိုးလာသောအခါ ဆာလောင်လျက်ပင်ရှိသကဲ့သို့၊ ရေငတ်သောသူသည် အိပ်မက်ထဲ၌ ရေသောက်ရသည်ဟုမက်သော်လည်း နိုးလာသောအခါ မောပန်း၍ရေဆာလျက်ပင်ရှိသကဲ့သို့ ဇိအုန်တောင်ကိုတိုက်ခိုက်လာကြသော တိုင်းနိုင်ငံအသီးသီးမှလူအလုံးအရင်းတို့သည် ဖြစ်လိမ့်မည်။
အခန်းကိုကြည့်ပါ။
ယေရုရှလင်မြို့ကိုတိုက်ကြသည့်လူမျိုး အပေါင်းတို့သည် အိပ်မက်တွင်အစားအသောက် များကိုစားရ၍ အိပ်ရာမှနိုးထချိန်၌မွတ် သိပ်မြဲမွတ်သိပ်လျက်နေသူနှင့်လည်းကောင်း၊ အိပ်မက်တွင်ရေကိုသောက်ရ၍ အိပ်ရာမှနိုး ထချိန်ရေငတ်မြဲငတ်လျက်နေသူနှင့် လည်းကောင်းတူလိမ့်မည်။
အခန်းကိုကြည့်ပါ။
မွတ် သိပ် သော သူ သည် စား ရ သည် ဟု မြင် မက်၍ နိုး ရာ၊ အ ဆာ မ ပြေ သ ကဲ့ သို့လည်း ကောင်း၊ ရေ ငတ် သူ လည်း သောက် ရ သည် ဟု မြင် မက်၍ နိုး ရာ၊ မော ဟိုက် လျက် ရေ ငတ် သ ကဲ့ သို့ လည်း ကောင်း၊ ဇိ အုန် တောင် ကို တိုက် ခိုက် သော လူ အ မျိုး မျိုး တို့ အ လုံး အ ရင်း ၌ ဖြစ် လိမ့် မည်။
အခန်းကိုကြည့်ပါ။
မွတ်သိပ်သောသူသည် အိပ်မက်တွင်စားရသည်ဟု ထင်သော်လည်း၊ နိုးသောအခါ အမွတ်အသိပ် မပြေသကဲ့သို့လည်းကောင်း၊ ရေငတ်သောသူသည် အိပ်မက်တွင် သောက်ရသည်ဟု ထင်သော်လည်း၊ နိုးသောအခါ နွမ်းနယ်လျက်၊ တောင့်တလျက် ရှိသကဲ့သို့လည်းကောင်း၊ အပြည်ပြည်ကလာ၍၊ ဇိအုန်တောင်ကို စစ်တိုက်သော အလုံးအရင်းသည် ဖြစ်ရလိမ့်မည်။
အခန်းကိုကြည့်ပါ။