သူသည် အိပ်မက်ကဲ့သို့ ပျောက်ပျက်သွား၍ သူ့ကို တွေ့ရတော့မည်မဟုတ်။ ညအချိန်မြင်ရသောစိတ်အာရုံကဲ့သို့ ထွက်ပြေးသွားလိမ့်မည်။
ဟေရှာယ 29:7 - မြန်မာ့စံမီသမ္မာကျမ်း အရေလမြို့ကို တိုက်ခိုက်လာကြသော တိုင်းနိုင်ငံအသီးသီးမှလူအလုံးအရင်း၊ ထိုမြို့၏ခံတပ်ကိုတိုက်ခိုက်၍ ထိုမြို့ကိုအကျပ်အတည်းထဲသို့ရောက်စေသောသူအပေါင်းတို့သည် ညအိပ်မက်ဗျာဒိတ်နိမိတ်ကဲ့သို့ ဖြစ်ကြလိမ့်မည်။ Common Language Bible ထိုအခါထာဝရဘုရား၏ယဇ်ပလ္လင်တော် မြို့ကိုတိုက်ခိုက်ကြသည့်စစ်တပ်အပေါင်းနှင့် သူတို့၏လက်နက်တန်ဆာရှိသမျှသည်အိပ် မက်ကဲ့သို့လည်းကောင်း၊ ညဥ့်အခါစိတ်ကူး ယဉ်မှုကဲ့သို့လည်းကောင်းကွယ်ပျောက်သွား လိမ့်မည်။- Garrad Bible အ ရေ လ မြို့ နှင့် ဆိုင် ရာ ခံ တပ် ကို တိုက် ခိုက် နှိပ် စက် သော လူ အ မျိုး မျိုး တို့ အ လုံး အ ရင်း သည်၊ ညဉ့် အ ခါ မြင် မက် သော ရူ ပါ ရုံ ကဲ့ သို့ ဖြစ် ကြ လျက်၊ Judson Bible အပြည်ပြည်ကလာ၍၊ အရေလမြို့ကို စစ်တိုက်သော အလုံးအရင်း၊ အရေလမြို့နှင့် ရဲတိုက်ကိုတိုက်၍ ညှဉ်းဆဲသောသူ အပေါင်းတို့သည် အိပ်မက်တည်းဟူသော ညရူပါရုံကဲ့သို့ ဖြစ်ရကြလိမ့်မည်။ |
သူသည် အိပ်မက်ကဲ့သို့ ပျောက်ပျက်သွား၍ သူ့ကို တွေ့ရတော့မည်မဟုတ်။ ညအချိန်မြင်ရသောစိတ်အာရုံကဲ့သို့ ထွက်ပြေးသွားလိမ့်မည်။
အိပ်မက်မှ နိုးလာသကဲ့သို့ အို ဘုရားရှင်၊ ကိုယ်တော်နိုးတော်မူသောအခါ သူတို့၏ရုပ်သွင်ကို မေ့ပျောက်တော်မူလိမ့်မည်။
ကြည့်ရှုလော့။ နေဝင်ချိန်၌ ထိတ်လန့်ဖွယ်ဘေးရောက်လာသောကြောင့် နံနက်ရောက်သော် သူတို့မရှိတော့ချေ။ ဤသည်ကား ငါတို့ကို တိုက်ခိုက်လုယက်ခဲ့သောသူတို့၏ဝေစု၊ ငါတို့ကို သိမ်းပိုက်ခဲ့သောသူတို့၏ပေါက်မဲ ဖြစ်၏။
ထာဝရဘုရား၏ကောင်းကင်တမန်သည် ထွက်လာ၍ အဆီးရီးယားတပ်စခန်းထဲတွင် စစ်သည်တစ်သိန်းရှစ်သောင်းငါးထောင်ကို သတ်လေ၏။ နံနက်စောစောထကြသောအခါ အလောင်းကောင်များသာ တွေ့ရ၏။
လူမျိုးအားလုံးတို့သည် ကိုယ်တော်၏ရှေ့တော်၌ ဘာမျှမဟုတ်။ ကိုယ်တော်သည် သူတို့ကို အနတ္တသက်သက်၊ အချည်းနှီးသက်သက်ထက် သာ၍ငယ်သည်ဟု ထင်မှတ်တော်မူ၏။
ကြည့်ရှုလော့။ ကောင်းမြတ်သောသတင်းကို ယူဆောင်လာသူ၊ ငြိမ်သက်ခြင်းသတင်းကြားပြောသူ၏ခြေတို့ကို တောင်များပေါ်တွင် တွေ့ရ၏။ အို ယုဒ၊ ပွဲတော်များကို ကျင်းပလော့။ ကတိသစ္စာဝတ်ကို ဖြေလော့။ ဆိုးညစ်သောသူကို သုတ်သင်ပစ်ပြီဖြစ်၍ သင့်ထံ ဝင်ရောက်ကျူးကျော်နိုင်တော့မည်မဟုတ်။
အဖျက်သမားသည် သင့်ကိုရင်ဆိုင်တိုက်ခိုက်ရန် ချီတက်လာပြီ။ ခံတပ်၌ အစောင့်ချထားလော့။ လမ်းကို စောင့်ကြည့်ထားလော့။ ခါးစည်းကို မြဲစေလော့။ အင်အားရှိသမျှကို စုစည်းလော့။
ထိုနေ့ရက်တွင် ဂျေရုဆလင်မြို့ကို ချီတက်တိုက်ခိုက်လာမည့် လူမျိုးတကာတို့အား ငါရှာဖွေဖျက်ဆီးပစ်မည်။