အကြောင်းမူကား အကျွန်ုပ်တို့၏စိတ်ဝိညာဉ်သည် မြေမှုန့်သို့တိုင်အောင် ဝပ်တွားရပြီး အကျွန်ုပ်တို့၏ဝမ်းဗိုက်သည် မြေကြီးပေါ်တွင် ပြားကပ်နေပါ၏။
ဟေရှာယ 29:4 - မြန်မာ့စံမီသမ္မာကျမ်း သင်သည် နိမ့်ကျ၍ မြေကြီးထဲမှ စကားပြောလိမ့်မည်။ သင့်စကားသံသည် မြေမှုန့်ထဲမှ မပွင့်တပွင့်ထွက်ပေါ်လာမည်။ သင့်အသံသည် တစ္ဆေ၏အသံကဲ့သို့ မြေကြီးထဲမှ ထွက်ပေါ်လာမည်။ သင့်စကားသံသည် မြေမှုန့်ထဲမှ တိုးတိုးသာထွက်ပေါ်လာမည်။ Common Language Bible ယေရုရှလင်မြို့သည်မြေသင်္ချိုင်းတွင်း၌ စကားပြောရန် ရုန်းကန်အားထုတ်လျက်နေ သည့်တစ္ဆေနှင့်တူလိမ့်မည်။ ထိုမြို့၏အသံ သည်လည်းဖုတ်တောထဲမှ မပီမသထွက် ပေါ်လာသောတိုးညှင်းသောအသံဖြစ် လိမ့်မည်။ Garrad Bible သင် သည် မြေ ထဲ မှ နိမ့် ကျ ပြော ဆို ခြင်း၊ မြေ မုန့် မှ ယုတ် ချ မြွက် ဆို ခြင်း၊ မြေ ထဲ မှ ပြိ တ္တာ သ ဖွယ် အ သံ ပေး ခြင်း၊ မြေ မုန့် မှ အာ သံ ထွက် ခြင်း များ ကို ပြု လိမ့် မည်။ Judson Bible သင်သည် နှိမ့်ချခြင်းကိုခံ၍ မြေထဲက ပြောရလိမ့်မည်။ မြေမှုန့်ထဲက ငယ်သောအသံနှင့် မြွက်ရလိမ့်မည်။ သင်ပြောသောအသံသည် နတ်ဝင်သူပြောသံကဲ့သို့ မြေထဲကထွက်၍၊ သင်သည် မြေမှုန့်ထဲက အသံသေးနှင့် တိုးတိုး မြွက်ဆိုရလိမ့်မည်။ |
အကြောင်းမူကား အကျွန်ုပ်တို့၏စိတ်ဝိညာဉ်သည် မြေမှုန့်သို့တိုင်အောင် ဝပ်တွားရပြီး အကျွန်ုပ်တို့၏ဝမ်းဗိုက်သည် မြေကြီးပေါ်တွင် ပြားကပ်နေပါ၏။
ဂျေရုဆလင်မြို့ ခလုတ်တိုက်ပြီ။ ယုဒပြည် လဲကျပြီ။ သူတို့၏စကား၊ သူတို့၏အပြုအမူတို့သည် ထာဝရဘုရားကိုဆန့်ကျင်ကြ၏။ ဘုန်းအသရေတော်ရှေ့တွင် ပုန်ကန်ကြ၏။
မိုးသီးကျ၍ တောအုပ်သည် ပြိုလဲသွားမည်။ မြို့သည် မြေနှင့်တစ်ညီတည်းပြိုကျပျက်စီးသွားမည်။
‘ငါတို့ ဖြတ်သွားမည်။ ဝပ်နေလော့’ဟု ဆိုကြသဖြင့် ဖြတ်သွားသောသူတို့အတွက် သင်သည် သင့်ကျောကုန်းကို မြေပြင်သဖွယ်၊ လမ်းသဖွယ်ခင်းပေးခဲ့ရ၏။ ထိုသို့ သင့်ကို အနိုင်ကျင့်ခဲ့သောသူတို့လက်ထဲသို့ ထိုဖလားကို ငါထည့်မည်”ဟု မိန့်တော်မူ၏။
အို ဂျေရုဆလင်မြို့၊ မြေမှုန့်ကိုခါချ၍ ထလော့။ အို ဖမ်းခေါ်သွားခြင်းခံရသောဇိအုန်သမီးပျို၊ သင့်လည်ပင်းမှကြိုးကိုဖြေလော့။
“တီးတိုးရွတ်ဆိုတတ်သော နတ်ဝင်သည်၊ နတ်ထိန်းသည်တို့ထံ မေးမြန်းကြလော့”ဟု လူတို့က သင်တို့အားပြောလာလျှင် လူသည် မိမိဘုရားသခင်ကိုသာ မေးမြန်းသင့်သည်မဟုတ်လော။ အသက်ရှင်သောသူအတွက် သေသောသူကို မေးမြန်းသင့်သလော။
သူ၏အညစ်အကြေးသည် သူ့အဝတ်၌စွန်းနေပြီ။ သူ၏နိဂုံးကို သူမဆင်ခြင်မိခဲ့။ သူသည် အံ့ဩဖွယ်ပြိုလဲသွားလေပြီ။ သူ့ကို နှစ်သိမ့်ပေးမည့်သူလည်းမရှိ။ အို ထာဝရဘုရား၊ ရန်သူတို့သည် အကျွန်ုပ်ကို အောင်နိုင်ကြပြီ။ အကျွန်ုပ်ခံရသော ဆင်းရဲဒုက္ခကို ကြည့်ရှုတော်မူပါ။