ငါသည် သင့်ပတ်လည်၌ တပ်စခန်းချမည်။ သင့်ကို တံတိုင်းကာပြီးဝိုင်းထားမည်။ မြေကတုတ်များကိုလည်း တူးမည်။
ဘုရားသခင်သည်ထိုမြို့ကိုတိုက်ခိုက် ဝိုင်းရံထား၍ သိမ်းပိုက်တော်မူလိမ့်မည်။-
ငါ သည် သင့် ထက် ဝန်း ကျင်၌ တပ် စွဲ၍၊ ကင်း များ ကို ရစ် ဝိုင်း လျက်၊ က တုတ် များ ကို လည်း လှန် သည် နှင့်၊
ငါသည် သင့်ပတ်ဝန်းကျင်၌ တပ်ချမည်။ မြေရိုးနှင့် ဝိုင်းထား၍၊ မြေကတုပ်များကိုလည်း တူးလုပ်မည်။
အဆီးရီးယားဘုရင်သည် တာတန်၊ ရာဗသာရိတ်၊ ရာဗရှာခတို့ကို စစ်သည်အလုံးအရင်းနှင့်တကွ လာခိရှမြို့မှ ဂျေရုဆလင်မြို့ရှိဟေဇကိမင်းကြီးထံသို့ စေလွှတ်သဖြင့် သူတို့သည် ဂျေရုဆလင်မြို့သို့ ချီသွားကြ၏။ သူတို့ ရောက်သွားသောအခါ ခဝါသည်၏လယ်သို့သွားသောလမ်းမကြီးတွင်ရှိသည့် အထက်ရေကန်ရေသွယ်မြောင်းနားတွင် တပ်ချပြီး
ထို့ကြောင့် ထာဝရဘုရားသည် အဆီးရီးယားဘုရင်ကို ရည်ညွှန်း၍ ‘သူသည် ဤမြို့သို့ဝင်ရမည်မဟုတ်။ ဤအရပ်၌ မြားကိုပစ်ရမည်မဟုတ်။ ဤမြို့ရှေ့သို့ ဒိုင်းလွှားဖြင့် ချဉ်းကပ်ရမည်မဟုတ်။ မြေကတုတ်လည်း ဆောက်ရမည်မဟုတ်’ဟု မိန့်တော်မူ၏။
ဇိအုန်သမီးသည် စပျစ်ခြံထဲက တဲကဲ့သို့၊ သခွားခင်းထဲက ယာတဲကဲ့သို့၊ ရန်သူဝိုင်းထားသောမြို့ကဲ့သို့ ကျန်ရစ်ခဲ့လေ၏။
ဂျေရုဆလင်မြို့သို့သွား၍ တုံးမောင်းကိုချထားရန်၊ သတ်မိန့်ပေးရန်၊ စစ်ငြာသံပေးရန်၊ တုံးမောင်းကိုချထားပြီး မြို့တံခါးကို ဖြိုဖျက်ရန်၊ မြေကတုတ်များနှင့် ခံတပ်များကို တည်ဆောက်ရန် သူ၏လက်ယာလက်ထဲသို့ မဲကျ၏။
ထိုအခါ ဘုရင်သည် အမျက်ထွက်၍ သူ၏စစ်သားများကိုစေလွှတ်ကာ ထိုလူသတ်သမားတို့ကိုဖျက်ဆီးစေပြီး သူတို့၏မြို့ကိုမီးရှို့စေ၏။
သင်ဝိုင်းထားသောမြို့ကျရှုံးသည်အထိ တိုက်ခိုက်ရာတွင် သီးစားပင်မဟုတ်ဟု သင်သိသည့်အပင်ကို ခုတ်လှဲ၍ ကတုတ်တည်ဆောက်နိုင်၏။