လယ်ထွန်သောသူသည် မျိုးမကြဲဘဲ တစ်နေ့လုံးလယ်ထွန်နေမည်လော။ တစ်နေ့လုံး မြေကို တူးဆွထွန်ယက်နေမည်လော။
ဟေရှာယ 28:25 - မြန်မာ့စံမီသမ္မာကျမ်း လယ်မျက်နှာပြင်ကိုညှိပြီးသောအခါ စမုန်နက်ကိုမကြဲဘဲနေမည်လော။ ဇီရာကို မပျိုးဘဲနေမည်လော။ ဂျုံကိုလည်း အတန်းလိုက်မစိုက်၊ မုယောစပါးကိုလည်း သတ်မှတ်ထားသောနေရာ၌မစိုက်၊ ပန်းဂျုံကိုလည်း လယ်အစပ်၌ မစိုက်ဘဲနေမည်လော။ Common Language Bible မြေကိုပြုပြင်ပြီးလျှင်သူသည်စမုန်နက်၊ ဇီယာအစရှိသည့်မျိုးစေ့များကိုစိုက် ပျိုးတတ်၏။ ဂျုံစပါးနှင့်မုယောစပါးကို အတန်းလိုက်စိုက်ပျိုးကာ၊ လယ်အနားစွန်း တို့တွင်အခြားသောသီးနှံများကိုစိုက် ပျိုးတတ်လေသည်။- Garrad Bible လယ် မျက် နှာ ပြင် ကို ညီ ညွတ် စေ ပြီး လျှင်၊ စ မုန် မျိုး၊ ဇီ ယာ မျိုး ပက် ကြဲ ခြင်း၊ အ ငန်း ငန်း၌ ဂျုံ မျိုး၊ ကန့် သတ် ရာ မု ယော မျိုး၊ လယ်စွန်၌ ပြောင်း မျိုး စိုက် ခြင်း များ ကို ပြု လုပ် လေ့ ရှိ သည် မ ဟုတ် လော။ Judson Bible လယ်မျက်နှာကို ညှိပြီးမှ စမုန်နက်မျိုးစေ့၊ ဇီယာမျိုးစေ့ကို ကြဲသည်မဟုတ်လော။ ဂျုံစပါးမျိုးစေ့ကို အတန်းတန်းစိုက်၍၊ မုယောစပါးနှင့် ကောက်စပါးမျိုးစေ့ အသီးအသီးတို့ကို သူတို့အရပ်၌ ကြဲသည်မဟုတ်လော။ |
လယ်ထွန်သောသူသည် မျိုးမကြဲဘဲ တစ်နေ့လုံးလယ်ထွန်နေမည်လော။ တစ်နေ့လုံး မြေကို တူးဆွထွန်ယက်နေမည်လော။
သူ၏ဘုရားသခင်သည် သူ့အား နည်းမှန်လမ်းမှန်ကိုပြပေးတော်မူပြီ။ ညွှန်ကြားတော်မူပြီ။
ဂျုံဆန်၊ မုယောဆန်၊ ပဲကြီး၊ ပဲနီ၊ ဆပ်၊ ပန်းဂျုံတို့ကိုယူ၍ အိုးတစ်လုံးတွင်ထည့်ထား၍ မုန့်လုပ်ရမည်။ သင်စောင်းအိပ်ရသောရက်ပေါင်း သုံးရာ့ကိုးဆယ်တွင် ထိုမုန့်ကို စားရမည်။
သူတော်ကောင်းယောင်ဆောင်သော ကျမ်းပြုဆရာနှင့်ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ပင်စိမ်း၊ စမုန်စပါးနှင့် ဇီရာတို့ကို ဆယ်ဖို့တစ်ဖို့ပေးလှူကြ၏။ သို့သော် ပညတ်တရားထဲမှ ပို၍အရေးကြီးသော တရားမျှတခြင်း၊ ကရုဏာထားခြင်းနှင့် သစ္စာစောင့်ခြင်းတို့ကို ချန်လှပ်ထားကြ၏။ ဤအရာများကို ပြုရမည်ဖြစ်ပြီး အထက်တွင်ဆိုသောအရာများကိုလည်း ချန်လှပ်မထားရ။