သင့်အထဲ၌ အခြားသောဘုရားမရှိရ။ တိုင်းတစ်ပါးသား၏ဘုရားကိုလည်း သင်မရှိခိုးမကိုးကွယ်ရ။
ဟေရှာယ 28:23 - မြန်မာ့စံမီသမ္မာကျမ်း ငါ့စကားကို စူးစိုက်နားထောင်၍ နာခံကြလော့။ ငါမိန့်မြွက်သောစကားကို အာရုံစိုက်နားထောင်၍ နာခံကြလော့။ Common Language Bible ငါပြောသည်ကိုနားထောင်ကြလော့။ သင်တို့ အားငါပြောသည့်စကားကိုအာရုံစိုက်၍ နားထောင်ကြလော့။- Garrad Bible နား စိုက်၍ ငါ့ ပြော သံ ကို ကြား နာ ကြ လော့။ နား စွင့်၍ ငါ့ စ ကား ကို နာ ယူ ကြ လော့။ Judson Bible ငါပြောသံကိုကြား၍ မှတ်ကြလော့။ ငါ့စကားကို စေ့စေ့ နားထောင်နာယူကြလော့။ |
သင့်အထဲ၌ အခြားသောဘုရားမရှိရ။ တိုင်းတစ်ပါးသား၏ဘုရားကိုလည်း သင်မရှိခိုးမကိုးကွယ်ရ။
အို ကောင်းကင်၊ နားထောင်လော့။ အို မြေကြီး၊ စူးစိုက်နားထောင်လော့။ ထာဝရဘုရားက “ငါသည် သားသမီးတို့ကို ကျွေးမွေးပြုစုခဲ့သော်လည်း သူတို့သည် ငါ့ကိုဆန့်ကျင်ပုန်ကန်ကြပြီ။
ထို့ကြောင့် ပြက်ရယ်မပြုကြနှင့်။ ပြုလျှင် သင်တို့ကို ချည်နှောင်သောကြိုးတို့သည် ပိုမိုတင်းကျပ်လိမ့်မည်။ အကြောင်းမူကား ကောင်းကင်ဗိုလ်ခြေအရှင်သခင်ထာဝရဘုရားသည် ပြည်တစ်ပြည်လုံးကို သုတ်သင်ဖျက်ဆီးမည်ဟု ဆုံးဖြတ်ချက်ချတော်မူကြောင်းကို ငါကြားသိရပြီ။
လယ်ထွန်သောသူသည် မျိုးမကြဲဘဲ တစ်နေ့လုံးလယ်ထွန်နေမည်လော။ တစ်နေ့လုံး မြေကို တူးဆွထွန်ယက်နေမည်လော။
မိမိကိုယ်မိမိ အားရကျေနပ်နေသောမိန်းမတို့၊ ထကြလော့။ ငါ့စကားကိုနားထောင်ကြလော့။ မိမိကိုယ်မိမိ ယုံကြည်စိတ်ချနေသောသမီးတို့၊ ငါ့စကားကိုစူးစိုက်နားထောင်ကြလော့။
မောရှေမြွက်ဆိုသည်မှာ “အို ကောင်းကင်၊ စူးစိုက်နားထောင်လော့။ ငါပြောမည်။ အို မြေကြီး၊ ငါ့နှုတ်ထွက်စကားများကို နားထောင်လော့။
ဝိညာဉ်တော်က အသင်းတော်များအား မိန့်တော်မူသောအရာကို နားရှိသောသူသည် ကြားပါစေ။ အောင်မြင်သောသူအပေါ် ဒုတိယသေခြင်းနှင့်ဆိုင်သောဘေးအန္တရာယ်သည် မည်သည့်အခါမျှ သင့်ရောက်လိမ့်မည်မဟုတ်။
သို့သော် သင့်အား ငါအပြစ်ဆိုစရာအနည်းငယ်ရှိ၏။ အကြောင်းမူကား သင့်ထံ၌ ဗာလမ်၏အယူဝါဒကို ခံယူကျင့်သုံးသောသူများရှိ၏။ အစ္စရေးအမျိုးသားတို့သည် ရုပ်တုအားပူဇော်ထားသောအရာများကိုစားကြရန်လည်းကောင်း၊ တရားနှင့်မညီမေထုန်ပြုကြရန်လည်းကောင်း သူတို့ရှေ့၌မှားယွင်းစေသောအရာကိုချထားမည့်အကြောင်း ဗာလမ်သည် ဗာလက်မင်းအား သင်ပေး၏။
ဝိညာဉ်တော်က အသင်းတော်များအား မိန့်တော်မူသောအရာကို နားရှိသောသူသည် ကြားပါစေ။
ဝိညာဉ်တော်က အသင်းတော်များအား မိန့်တော်မူသောအရာကို နားရှိသောသူသည် ကြားပါစေ။ အောင်မြင်သောသူအား ဘုရားသခင်၏ပရဒိသုဘုံ၌ရှိသော အသက်ပင်၏အသီးကို ငါစားခွင့်ပေးမည်။