တစ်ဖန် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ငါသည် ထိုမြို့ကို ဖြူကောင်နေရာအရပ်၊ ရေအိုင်ထွန်းရာအရပ်ဖြစ်စေမည်။ ဖျက်ဆီးခြင်းတံမြက်စည်းဖြင့် လှည်းကျင်းမည်”ဟု မိန့်တော်မူ၏။
ဟေရှာယ 25:12 - မြန်မာ့စံမီသမ္မာကျမ်း ထိုပြည်၏မြင့်မားသောခံတပ်မြို့ရိုးကို နှိမ့်ချဖြိုလှဲတော်မူမည်။ မြေတိုင်အောင်၊ မြေမှုန့်တိုင်အောင် ရောက်စေတော်မူမည်။ Common Language Bible ဘုရားသခင်သည်မြင့်မားသည့်မောဘမြို့ ရိုး၊ ခံတပ်များကိုဖျက်ဆီးကာဖုတ်ထဲသို့ ပြိုကျစေတော်မူလိမ့်မည်။ Garrad Bible သင် ၏ မြင့် သော ခံ တပ် မြို့ ရိုး များ ကို၊ မြေ မုန့် သို့ ရောက် သည့် တိုင် အောင်၊ ဖြို ဖျက် လှဲ ချ တော် မူ လိမ့် မည်။ Judson Bible သင်တို့၏ မြို့ရိုးပြအိုး အထွတ်ကိုဖြို၍၊ မြေတိုင်အောင် နှိမ့်သဖြင့်၊ မြေမှုန့်ထဲမှာ ချတော်မူလိမ့်မည်။ |
တစ်ဖန် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ငါသည် ထိုမြို့ကို ဖြူကောင်နေရာအရပ်၊ ရေအိုင်ထွန်းရာအရပ်ဖြစ်စေမည်။ ဖျက်ဆီးခြင်းတံမြက်စည်းဖြင့် လှည်းကျင်းမည်”ဟု မိန့်တော်မူ၏။
မောဘပြည်နှင့်ဆိုင်သောဗျာဒိတ်တော်။ မောဘပြည်၊ အာရမြို့သည် ညတွင်းချင်းဖျက်ဆီးခြင်းခံရသဖြင့် ပျက်စီးလေပြီ။ မောဘပြည်၊ ကိရမြို့သည် ညတွင်းချင်းဖျက်ဆီးခြင်းခံရသဖြင့် ပျက်စီးလေပြီ။
အကယ်စင်စစ် ကိုယ်တော်သည် မြို့ကိုကျောက်ပုံဖြစ်စေ၍ ခိုင်ခံ့သောမြို့ကို ပြိုပျက်ရာဖြစ်စေ၏။ တစ်ပါးအမျိုးသားတို့၏နန်းတော်တည်ရာမြို့သည် မြို့အဖြစ်ရှိတော့မည်မဟုတ်။ မည်သည့်အခါမျှ ပြန်လည်တည်ဆောက်တော့မည်မဟုတ်။
ကိုယ်တော်သည် မြင့်ရာအရပ်၌နေသောသူတို့ကို နှိမ့်ချတော်မူ၏။ မြင့်မားသောမြို့ကို နိမ့်ကျစေတော်မူ၏။ ထိုမြို့ကို မြေကြီးတိုင်အောင်နိမ့်ကျစေတော်မူ၏။ မြေမှုန့်တိုင်အောင်ရောက်စေတော်မူ၏။
မောဘပြည်နှင့်ပတ်သက်၍ အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “နေဗောမြို့သည် အမင်္ဂလာရှိ၏၊ ဖျက်ဆီးခံရပြီ။ ကိရယသိမ်မြို့သည် အရှက်ကွဲပြီ၊ သိမ်းပိုက်ခံရပြီ။ ခံတပ်မြို့သည် အရှက်ကွဲပြီ၊ ပြိုကွဲပြီ။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ထုထည်ကြီးမားသော ဘေဘီလုံမြို့ရိုးသည် လုံးလုံးဖြိုဖျက်ခြင်းခံရလိမ့်မည်။ မြင့်မားသောမြို့တံခါးတို့သည်လည်း မီးရှို့ခံရလိမ့်မည်။ လူတို့သည် အချည်းနှီးကြိုးစားအားထုတ်ခဲ့ကြပြီ။ လူမျိုးတကာတို့ ပင်ပန်းခဲ့သမျှ မီးစာဖြစ်သွားပြီ”ဟု မိန့်တော်မူ၏။
‘ငါသည် ထိုမြို့ပေါ်သို့ ဘေးအန္တရာယ်ကျရောက်စေမည်ဖြစ်၍ ထိုစာလိပ်ကဲ့သို့ ဘေဘီလုံမြို့သည် နစ်မြုပ်ရလိမ့်မည်။ ပြန်ပေါ်လာတော့မည်မဟုတ်။ သူတို့သည် အားအင်ကုန်ခန်းကြလိမ့်မည်’ဟူ၍ သင်ဆိုရမည်”ဟု မှာကြားလေ၏။ ဤတွင် ယေရမိစကား ပြီးဆုံးသတည်း။
ဘုရားရှင်သည် ယာကုပ်အမျိုး၏နေရာရှိသမျှကို မညှာမတာဝါးမျိုတော်မူပြီ။ ယုဒသမီးပျို၏ခံတပ်များကို အမျက်တော်ဖြင့် ဖြိုဖျက်တော်မူပြီ။ မြေတိုင်အောင် ရောက်စေတော်မူပြီ။ နိုင်ငံနှင့်အကြီးအကဲတို့ကိုလည်း ရှုတ်ချတော်မူပြီ။
သင့်အလှကြောင့် သင်ဘဝင်မြင့်လေပြီ။ သင့်ခန့်ညားထည်ဝါမှုကြောင့် ပညာမဲ့ဖြစ်လေပြီ။ ငါသည် သင့်ကိုမြေပေါ်သို့ပစ်ချမည်။ ရှင်ဘုရင်တို့သည် သင့်ကိုကြည့်၍ လှောင်ပြောင်ကြလိမ့်မည်။
ယုံကြည်ခြင်းအားဖြင့် ဂျေရိခေါမြို့ကို ခုနစ်ရက်တိုင်တိုင် ဝိုင်းရံလှည့်ပတ်ကြရာ မြို့ရိုးသည်ပြိုကျလေ၏။
ထို့နောက် ခွန်အားကြီးသောကောင်းကင်တမန်တစ်ပါးသည် ကြီးမားသည့်ကြိတ်ဆုံကဲ့သို့သောကျောက်တုံးတစ်တုံးကိုချီယူ၍ ပင်လယ်ထဲသို့ပစ်ချကာ “ဘေဘီလုံမြို့ကြီးသည် ဤကဲ့သို့ ကြမ်းတမ်းစွာပစ်ချခြင်းကိုခံရ၍ လုံးဝတွေ့ရတော့မည်မဟုတ်။