ဤသို့ဖြင့် ဒါဝိဒ်မင်းကြီးသည် ကိရယတ်ယာရိမ်မြို့ရှိ ဘုရားသခင်၏သေတ္တာတော်ကို ပြန်လည်သယ်ဆောင်လာရန် အီဂျစ်ပြည်၊ ရှိဟောရအရပ်မှ လီဘိုဟာမတ်အရပ်တိုင်အောင် အစ္စရေးလူမျိုးအားလုံးကို စုဝေးစေ၏။
ဟေရှာယ 23:3 - မြန်မာ့စံမီသမ္မာကျမ်း ပင်လယ်လမ်းမှဝင်ရောက်လာသော ရှိဟောရမြစ်၏မျိုးစေ့၊ နိုင်းမြစ်၏အသီးအနှံသည် တိုင်ရာမြို့အတွက် အမြတ်အစွန်းဖြစ်၏။ ထိုမြို့သည် တိုင်းနိုင်ငံတို့ကူသန်းရောင်းဝယ်ရာအရပ်ဖြစ်၏။ Common Language Bible ပင်လယ်ရပ်ခြားသို့စေလွှတ်၍အီဂျစ် ပြည်မှထွက်သည့်ကောက်ပဲသီးနှံများ ကိုရောင်းဝယ်ကာလူမျိုးတကာတို့နှင့် ကုန်သွယ်မှုကိုပြုစေကြ၏။ Garrad Bible ရှိ ဟော ရ မြစ် မှ မျိုး စေ့၊ နိ လ မြစ် မှ အ သီး အ နှံ သည်၊ ကျယ် ဝန်း သော ရေ လမ်း ဖြင့် ဝင် ရောက်၍၊ အ ဖိုး ငွေ မှာ၊ လူ အ မျိုး မျိုး တို့ စီး ပွား တိုး တက် ရာ အ ကြောင်း ဖြစ် ဖူး ၏။ Judson Bible များသောရေကို အမှီပြုသော ရှိဟောရမျိုးစေ့၊ မြစ်၏အသီးအနှံကို ထိုမြို့သည် အခွန်ရ၍၊ အတိုင်းတိုင်း အပြည်ပြည်တို့၏ ဈေးဖြစ်လေပြီ။ |
ဤသို့ဖြင့် ဒါဝိဒ်မင်းကြီးသည် ကိရယတ်ယာရိမ်မြို့ရှိ ဘုရားသခင်၏သေတ္တာတော်ကို ပြန်လည်သယ်ဆောင်လာရန် အီဂျစ်ပြည်၊ ရှိဟောရအရပ်မှ လီဘိုဟာမတ်အရပ်တိုင်အောင် အစ္စရေးလူမျိုးအားလုံးကို စုဝေးစေ၏။
နိုင်းမြစ်ဝရှိ အပင်များနှင့် နိုင်းမြစ်ဘေးရှိ စိုက်ခင်းရှိသမျှသည်လည်း ဘာမျှမကျန်၊ ခြောက်သွေ့လွင့်ပျောက်သွားလိမ့်မည်။
တိုင်ရာမြို့သည် အခြားမြို့များကို သရဖူဆောင်းပေးတတ်သောမြို့ဖြစ်၏။ ထိုမြို့၏ကုန်သည်တို့သည် မှူးမတ်များ၊ ကူးသန်းရောင်းဝယ်သူတို့သည် မြေကြီးပေါ်တွင် ချီးမြှောက်ခံရသူများဖြစ်ကြ၏။ ထိုမြို့ကို ထိုသို့ဖြစ်အောင် မည်သူကြံစည်သနည်း။
ရေရှိရာအရပ်ရပ်တို့၌ မျိုးစေ့ကြဲ၍ နွား၊ မြည်းတို့၏ခြေကို လွှတ်ပေးသောသင်တို့သည် မင်္ဂလာရှိကြ၏။
ယခု ရှိဟောရမြစ်ရေကိုသောက်ဖို့ အီဂျစ်ပြည်သို့ သင်သွားသည်မှာ အဘယ်အတွက်နည်း။ ယူဖရေးတီးမြစ်ရေကိုသောက်ဖို့ အဆီးရီးယားပြည်သို့ သင်သွားသည်မှာ အဘယ်အတွက်နည်း။
ပင်လယ်မှသင်၏ကုန်ပစ္စည်းများ ရောက်လာသောအခါ လူတို့နှစ်သက်ကြ၏။ လောကီဘုရင်တို့သည် သင်၏စည်းစိမ်ဥစ္စာများ၊ သင်၏ကုန်ပစ္စည်းများကြောင့် ကြွယ်ဝချမ်းသာကြလေပြီ။
သင့်ဉာဏ်ပညာ၊ သင့်ထိုးထွင်းဉာဏ်ဖြင့် ဥစ္စာပစ္စည်း၊ ရွှေငွေရတနာတို့ကို ရှာဖွေသိုမှီးနိုင်ပြီ။
သင်တို့သည် ငါ့ရွှေငွေတို့ကို သိမ်းယူပြီး အဖိုးတန်ရတနာတို့ကိုလည်း သင်တို့၏ဗိမာန်များထဲသို့ သွင်းကြပြီ။
သင်တို့ဝင်ရောက်သိမ်းပိုက်ရမည့်ပြည်သည် အီဂျစ်ပြည်နှင့်မတူ။ သင်တို့ထွက်ခဲ့သောအီဂျစ်ပြည်၌ ဟင်းသီးဟင်းရွက်စိုက်ခင်းထဲသို့ ခြေဖြင့်ရေသွင်းရသကဲ့သို့ မျိုးစေ့ကြဲရာတွင် ရေသွင်း၍မျိုးကြဲရ၏။
ခါနာန်လူမျိုးတို့နေထိုင်ရာ အီဂျစ်ပြည်အရှေ့ဘက်ရှိဟောရမြစ်မှ မြောက်ဘက်ဧကြုန်နယ်နိမိတ်အထိ၊ ဖိလိတ္တိဘုရင်ငါးပါးအုပ်ချုပ်သည့် ဂါဇပြည်၊ အာဇုတ်ပြည်၊ အာရှကေလုန်ပြည်၊ ဂိတ္တိပြည်၊ ဧကြုန်ပြည်မှစ၍ အာဝိပြည်အပါအဝင်