တိုင်ရာမြို့၏သမီးသည် လက်ဆောင်ပဏ္ဏာပါလျက်လာ၍ လူတို့ထဲမှချမ်းသာသောသူတို့သည် သင့်ထံမျက်နှာရရန် ကြိုးစားကြလိမ့်မည်။
ဟေရှာယ 23:18 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် ထိုမြို့၏အကျိုးအမြတ်နှင့် ဝင်ငွေတို့ကို ထာဝရဘုရားအား ဆက်ကပ်ကြရမည်။ စုဆောင်းခွင့်မရှိ၊ သိုမှီးခွင့်မရှိ။ ထိုမြို့၏အကျိုးအမြတ်သည် ထာဝရဘုရားရှေ့တော်၌နေသောသူတို့ ဝဝလင်လင်စားရရန်နှင့် ကောင်းကောင်းမွန်မွန်ဝတ်ရရန်အတွက် ဖြစ်လိမ့်မည်။ Common Language Bible ကုန်သွယ်၍ရရှိသည့်ငွေများကို ထာဝရ ဘုရားအားဆက်ကပ်လှူဒါန်းလိမ့်မည်။ ယင်း တို့ကိုသိမ်းဆည်း၍ထားလိမ့်မည်မဟုတ်။ ထာဝရဘုရားအားဝတ်ပြုကိုးကွယ်သူ တို့သည်လည်း ထိုငွေဖြင့်မိမိတို့လိုအပ် သည့်အစားအစာများနှင့် အဝတ်အထည် များကိုဝယ်ခြမ်းကြလိမ့်မည်။ Garrad Bible ရ သော အ ခ အ မြတ် ကို ဆည်း ပူး သို ထား ခြင်း မ ပြု ဘဲ၊ ထာ ဝ ရ ဘု ရား အ ဖို့ သီး သန့် ထား လိမ့် မည်။ အ မြတ် သည် ထာ ဝ ရ ဘုရား မျက် မှောက် တော် တွင် ခ စား သူ တို့ အ ဖို့ ဖြစ် သ ဖြင့်၊ ရောင့် ရဲ စွာ စား ခွင့်၊ တင့် တယ် စွာ ဝတ် ခွင့် ရ ကြ လိမ့် သ တည်း။ Judson Bible သို့ရာတွင်၊ သူ၏ကုန်သွယ်ခြင်း၊ အမြတ်ရခြင်းအရာတို့သည် ထာဝရဘုရားအဖို့ သန့်ရှင်းလိမ့်မည်။ ဆည်းပူးသိုထားခြင်းကို မပြုရ။ ကုန်သွယ်သော ဥစ္စာသည် ထာဝရဘုရားရှေ့တော်၌ နေသောသူတို့အဖို့ ဖြစ်၍ သူတို့သည်ဝစွာစား၍ ခိုင်သောအဝတ်ကို ဝတ်ကြလိမ့်မည်။ |
တိုင်ရာမြို့၏သမီးသည် လက်ဆောင်ပဏ္ဏာပါလျက်လာ၍ လူတို့ထဲမှချမ်းသာသောသူတို့သည် သင့်ထံမျက်နှာရရန် ကြိုးစားကြလိမ့်မည်။
တာရှုဘုရင်နှင့်ကမ်းရိုးတန်းနိုင်ငံများမှ ရှင်ဘုရင်တို့သည် လက်ဆောင်ပဏ္ဏာကို ယူဆောင်လာကြပါစေသော။ ရှေဘဘုရင်နှင့်သေဘဘုရင်တို့သည်လည်း အခွန်ကို ဆက်သကြပါစေသော။
ထိုမျှမက ဘုရင်အပေါင်းတို့သည် သူ၏ရှေ့၌ပျပ်ဝပ်ကြပါစေသော။ လူမျိုးအပေါင်းတို့သည်လည်း သူ့ကိုအစေခံကြပါစေသော။
သင်သည် ရွှေစင်ပြားကိုလုပ်၍ ကမ္ပည်းတံဆိပ်အဖြစ် ထိုရွှေစင်ပြားပေါ်၌ ‘ထာဝရဘုရား၌သန့်ရှင်းခြင်း’ဟု ကမ္ပည်းထိုးရမည်။
သူတော်ကောင်းသည် သားမြေးတို့အတွက် အမွေကိုချန်ထားတတ်၏။ အပြစ်ပြုသောသူ၏ဥစ္စာပစ္စည်းမူကား ဖြောင့်မတ်သောသူအတွက် သိုမှီးထားခြင်းခံရ၏။
အတိုးချခြင်းနှင့် အမြတ်ကြီးစားခြင်းဖြင့် မိမိ၏စည်းစိမ်ဥစ္စာကိုတိုးပွားစေသောသူသည် ဆင်းရဲသောသူတို့ကိုသနားတတ်သောသူအတွက် စုဆောင်းနေခြင်းဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် မိမိစိတ်တော်နှင့်တွေ့သောသူအား ဉာဏ်ပညာ၊ အသိပညာနှင့်ဝမ်းမြောက်ခြင်းတို့ကို ပေးတော်မူ၏။ အပြစ်ပြုသောသူကိုကား ဘုရားသခင်၏စိတ်တော်နှင့်တွေ့သောသူအားပေးအပ်ရန်အတွက် စုသိမ်း၍သိုမှီးထားရသည့်အလုပ်ကို ပေးတော်မူ၏။ ဤအရာသည်လည်း အချည်းနှီးဖြစ်ပြီး လေကိုလိုက်ဖမ်းခြင်းဖြစ်၏။
သင်၏ဥစ္စာပစ္စည်းများကိုလုယူမည်။ ကုန်ပစ္စည်းများကို သိမ်းယူမည်။ မြို့ရိုးတို့ကိုဖြိုဖျက်လိမ့်မည်။ အိမ်ကြီးအိမ်ကောင်းများကို ဖြိုဖျက်ပြီး ကျောက်များ၊ သစ်သားများကို အမှုန့်ပါမကျန် ပင်လယ်ထဲသို့ပစ်ချကြလိမ့်မည်’ဟု မိန့်တော်မူ၏။
“အို ဇိအုန်သမီးပျို၊ ထ၍ တလင်းနယ်လော့။ ငါသည် သင့်အား သံဦးချိုနှင့် ကြေးဝါခွာကို ပေးမည်။ သင်သည် လူမျိုးများစွာတို့ကို ညက်ညက်ကြေအောင် နင်းနယ်လိမ့်မည်။ သင်သည် သူတို့၏မတရားသောအကျိုးစီးပွားကို ထာဝရဘုရားထံတော်သို့လည်းကောင်း၊ သူတို့၏ဥစ္စာပစ္စည်းတို့ကို မြေတစ်ပြင်လုံး၏အရှင်ထံသို့လည်းကောင်း ဆက်ကပ်လိမ့်မည်။”
ယုဒအမျိုးတို့သည်လည်း ဂျေရုဆလင်မြို့တွင် ပါဝင်တိုက်ခိုက်ကြ၍ ဝန်းကျင်ရှိလူမျိုးအပေါင်းတို့၏ဥစ္စာပစ္စည်းများဖြစ်သော ရွှေ၊ ငွေ၊ အဝတ်အစား အမြောက်အမြားတို့ကို သိမ်းယူကြလိမ့်မည်။
ငါ့အိမ်တော်၌စားစရာရှိနေစေရန် ဆယ်ဖို့တစ်ဖို့ရှိသမျှကို ဘဏ္ဍာတိုက်ထဲသို့ ယူဆောင်လာကြလော့။ ငါသည် ကောင်းကင်တံခါးတို့ကိုဖွင့်၍ နေရာလပ်မကျန်သည့်တိုင်အောင် ကောင်းချီးမင်္ဂလာသွန်းလောင်းမည်၊ မသွန်းလောင်းမည်ကို ဤနည်းဖြင့် ငါ့ကို စမ်းသပ်ကြလော့”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမိန့်တော်မူ၏။
ငါးတာလန်ရသောသူသည် ချက်ချင်းသွား၍ ထိုငွေများဖြင့်ကုန်သွယ်လျက် နောက်ထပ် ငါးတာလန်အမြတ်ရလေ၏။
ဂျေရုဆလင်မြို့၊ ဣဒုမဲနယ်၊ ဂျော်ဒန်မြစ်တစ်ဖက်ကမ်းမှစ၍ တိုင်ရာမြို့နှင့်ဆီဒုန်မြို့ပတ်ဝန်းကျင်မှ လူအမြောက်အမြားတို့သည် ကိုယ်တော်ပြုတော်မူသမျှတို့ကိုကြားသဖြင့် အထံတော်သို့လာကြ၏။
သင်တို့၏ဥစ္စာပစ္စည်းများကိုရောင်း၍ ပေးကမ်းစွန့်ကြဲကြလော့။ မိမိတို့အတွက် မဟောင်းနွမ်းနိုင်သော ပိုက်ဆံအိတ်များကိုပြုလုပ်ကြ၍ သူခိုးမကပ်၊ ပိုးမွှားလည်းမဖျက်ဆီးရာ ကောင်းကင်ဘုံ၌ မကုန်ခန်းနိုင်သောဥစ္စာဘဏ္ဍာကို သိုမှီးကြလော့။
နယ်စားဟေရုဒ်၏အိမ်မှုကိစ္စစီမံကွပ်ကဲသူ ခုဇ၏ဇနီး ယောဟန္နမှစ၍ ရှုရှန္နအပါအဝင် အခြားအမျိုးသမီးအမြောက်အမြားရှိကြ၏။ ဤအမျိုးသမီးတို့သည် မိမိတို့၏ဥစ္စာပစ္စည်းများဖြင့် ကိုယ်တော်နှင့်တပည့်တော်တို့ကို လုပ်ကျွေးပြုစုကြ၏။
ထို့ကြောင့် ပေတရုသည် ထ၍ သူတို့နှင့်အတူလိုက်သွားလေ၏။ ပေတရုရောက်လာသောအခါ လူတို့သည် သူ့ကို အထက်ခန်းသို့ ခေါ်ဆောင်သွားကြ၏။ မုဆိုးမအားလုံးတို့သည် ပေတရုအနီး၌ရပ်လျက် ငိုကြွေးကာ သူတို့နှင့်အတူ ဒေါ်ကာရှိစဉ်က ချုပ်လုပ်ခဲ့သောအင်္ကျီနှင့်ဝတ်ရုံများကို ပြကြ၏။
နှုတ်ကပတ်တရားကိုသင်ယူသောသူသည် သင်ပေးသောသူအား ကောင်းသောအရာရှိသမျှတို့ကို ဝေမျှပေးပါစေ။