ထို့ကြောင့် ရှောလုမင်းကြီး၏သမီးတော် မိခါလသည် သေသည်အထိ သားသမီး မထွန်းကားခဲ့ပေ။
ဟေရှာယ 22:14 - မြန်မာ့စံမီသမ္မာကျမ်း ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် ငါ့ကို ဗျာဒိတ်ပေးတော်မူ၏။ “သင်တို့၏အပြစ်ကို သင်တို့သေသည့်တိုင်အောင် ဖြေလွှတ်လိမ့်မည်မဟုတ်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်သခင်ထာဝရဘုရား မိန့်တော်မူ၏။ Common Language Bible အနန္တတန်ခိုးရှင်ထာဝရဘုရားကိုယ်တော် တိုင်ပင်ငါ့အား``ထိုသူတို့သည်ဤမကောင်း မှုအတွက်မိမိအသက်ရှင်သမျှကာလ ပတ်လုံး အဘယ်အခါ၌မျှအပြစ်ဖြေလွှတ် ရကြလိမ့်မည်မဟုတ်။ ဤကားအနန္တတန်ခိုး ရှင်ငါထာဝရဘုရားမြွက်ဟသည့်စကား ပင်ဖြစ်၏'' ဟုမိန့်တော်မူပါ၏။ Garrad Bible ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား သည်၊ ငါ့ နား တွင် အ ထင် အ ရှား ဖော် ပြ တော် မူ သည် မှာ၊ ဤ ဒု စ ရိုက် အ တွက် သင် တို့ မ သေ မ ချင်း၊ ဖြေ ရှင်း ခွင့် မု ချ ရ မည် မ ဟုတ် ဟု ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား သ ခင် မိန့် တော် မူ၏။ Judson Bible ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ငါ့နား၌ ဗျာဒိတ်ပေးတော်မူသည်ကား၊ အကယ်စင်စစ် သင်တို့အပြစ်သည် သင်တို့ မသေမချင်းတိုင်အောင် မပြေမရှင်းရဟု ကောင်းကင်ဗိုလ်ခြေသခင် အရှင်ထာဝရဘုရား မိန့်တော်မူ၏။ |
ထို့ကြောင့် ရှောလုမင်းကြီး၏သမီးတော် မိခါလသည် သေသည်အထိ သားသမီး မထွန်းကားခဲ့ပေ။
ဆိုးညစ်သောကမ္ဘာကြီး၊ ဆိုးယုတ်သောဒုစရိုက်သမားတို့ကို ငါဒဏ်ခတ်မည်။ မာနထောင်လွှားသောသူတို့၏မာနကို ငါချုပ်ငြိမ်းစေမည်။ ကြမ်းကြုတ်သောသူတို့၏မာနကို ငါချိုးပစ်မည်။
အကြောင်းမူကား ကြည့်ရှုလော့။ ထာဝရဘုရားသည် မြေကြီးသားတို့ကို အပြစ်ဒဏ်ပေးရန် ကိန်းဝပ်တော်မူရာအရပ်မှ ကြွလာတော်မူ၏။ ထိုအခါ မြေကြီးသည် မိမိ၌ အသတ်ခံရသောသူတို့ကို ထုတ်ပြမည်။ သတ်သောသူတို့ကိုလည်း ဝှက်ထားမည်မဟုတ်။
ဤဒုစရိုက်သည် ဖောင်းကြွလာ၍ ပြိုလဲတော့မည့် မြင့်မားသောမြို့ရိုးပေါ်က အက်ကွဲရာကဲ့သို့ဖြစ်၍ ရုတ်ခြည်းကျိုးပဲ့သွားလိမ့်မည်။
ကိုယ်တော်သည် ဉာဏ်ပညာရှိတော်မူ၏။ ဘေးအန္တရာယ်ကို ကျရောက်စေမည်။ စကားတော်ကို မရုပ်သိမ်းဘဲ ဆိုးညစ်သောအမျိုးကို ဆန့်ကျင်ရန် ထတော်မူမည်။ အပြစ်ဒုစရိုက်ပြုသူတို့အား ကူညီသူကို ဆန့်ကျင်ရန် ထတော်မူမည်။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “အကယ်စင်စစ် အိမ်များစွာတို့သည် လူသူကင်းမဲ့လိမ့်မည်၊ ကြီးမားထည်ဝါသောအိမ်တို့သည် နေထိုင်သူကင်းမဲ့လိမ့်မည်”ဟူ၍ မိန့်တော်မူသည်ကို ငါကြားရ၏။
ထိုအရပ်၌ ရက်အနည်းငယ်သာအသက်ရှင်ပြီးသေသွားသော နို့စို့ကလေး၊ သက်တမ်းစေ့မနေရသော လူကြီး ဟူ၍ရှိတော့မည်မဟုတ်။ အသက်တစ်ရာအရွယ်၌ကွယ်လွန်သောသူကို လူငယ်ဟုသာမှတ်ရမည်။ အသက်တစ်ရာမနေရသောသူသည် ကျိန်ခြင်းခံရသောသူဖြစ်၏။
တောင်ကြီးများပေါ်တွင် နံ့သာပေါင်းကိုမီးရှို့၍ တောင်ငယ်များပေါ်တွင် ငါ့ကိုစော်ကားပြုမူကြသော သင်တို့၏ဒုစရိုက်များနှင့် သင်တို့ဘိုးဘေးတို့၏ဒုစရိုက်များကို အတူတကွ ငါပြန်ပေးဆပ်စေမည်။ ထို့ကြောင့် ငါသည် သူတို့၏ယခင်လုပ်ရပ်တို့ကို အကုန်အစင်စစ်ဆေးမည်”ဟု မိန့်တော်မူ၏။
သင်ပြုသောညစ်ညမ်းမှုများကြောင့် သင့်ကိုအညစ်အကြေးများ ကပ်နေလေပြီ။ ငါသည် သင့်ကိုစင်ကြယ်အောင်လုပ်သော်လည်း သင်မစင်ကြယ်နိုင်။ သင့်အပေါ်ကျရောက်သော ငါ့အမျက်ဒေါသမပြေမချင်း သင်စင်ကြယ်ခွင့်ရမည်မဟုတ်။
စင်စစ် ဘုရားရှင်ထာဝရဘုရားသည် မိမိအကြံအစည်တော်ကို အစေအပါးပရောဖက်တို့အား မဖွင့်ပြဘဲ မည်သည့်အမှုကိုမျှ ပြုတော်မမူ။
ထာဝရဘုရားသည် ယာကုပ်၏မာနကြောင့် ဤသို့ ကျိန်ဆိုတော်မူပြီ။ “သူတို့ပြုသောအမှုတို့ကို ငါ ဘယ်တော့မှမမေ့။
ထို့ကြောင့် ဧလိ၏အိမ်သူအိမ်သားတို့ကို ငါကျိန်ထားခဲ့ပြီ။ ဧလိအိမ်သူအိမ်သားတို့၏ဒုစရိုက်အပြစ်သည် ယဇ်ပူဇော်ခြင်း၊ ဘောဇဉ်ပူဇော်သက္ကာပူဇော်ခြင်းအားဖြင့် မည်သည့်အခါမျှအပြစ်လွတ်မည်မဟုတ်”ဟု မိန့်တော်မူ၏။