ထိုနေ့ရက်၌ ငိုကြွေးမြည်တမ်းကြရန်နှင့် ခေါင်းတုံးတုံးပြီး လျှော်တေအဝတ်ဝတ်ကြရန်အတွက် ကောင်းကင်ဗိုလ်ခြေအရှင်သခင်ထာဝရဘုရား နှိုးဆော်တော်မူ၏။
ထိုစဉ်အခါကအနန္တတန်ခိုးရှင်ထာဝရ ဘုရားသည် သင့်အားငိုကြွေး၍၊ ဝမ်းနည်းသည့် အမှတ်လက္ခဏာပြရန်နှင့်ခေါင်းတုံးရိတ်၍ လျှော်တေကိုဝတ်ရန်စေခိုင်းတော်မူခဲ့၏။-
ထို ကာ လ၊ ငို ကြွေး မြည် တမ်း ခြင်း၊ ဆံ ပယ် ခြင်း၊ လျှော် တေ ဝတ် ခြင်း များ ကို၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘုရား သ ခင် အ လို တော် ရှိ တော် မူ သော် လည်း၊
ထိုကာလ၌ ငိုကြွေးမြည်တမ်းခြင်း၊ ဆံပင်ကို ပယ်ဖြတ်ခြင်း၊ လျှော်တေအဝတ်ကို ဝတ်စည်းခြင်းအလိုငှာ၊ ကောင်းကင်ဗိုလ်ခြေသခင် အရှင်ထာဝရဘုရားသည် နှိုးဆော်တိုက်တွန်းတော်မူသော်လည်း၊
ယေရမိသည် ယောရှိမင်းကြီးအတွက် ငိုချင်းကို ဖွဲ့ခဲ့၏။ သီချင်းသည်ယောက်ျားမိန်းမအပေါင်းတို့သည်လည်း ယောရှိမင်းကြီးအတွက် ငိုချင်းများကို ယနေ့တိုင် သီဆိုနေကြ၏။ ထိုငိုချင်းတို့ကို အစ္စရေးပြည်၏ဓလေ့ထုံးတမ်းတစ်ခုအဖြစ်ထားရှိပြီး မြည်တမ်းစာ၌ရေးမှတ်ထားကြ၏။
ထိုအကြောင်းကိုကြားလျှင် ငါသည် အတွင်းအင်္ကျီ၊ အပြင်ဝတ်လုံကိုဆွဲဆုတ်ပြီး ဆံပင်၊ မုတ်ဆိတ်တို့ကို ဆွဲနုတ်ကာ လက်မှိုင်ချလျက်ထိုင်နေမိ၏။
အီဂျစ်ပြည်တွင် အကျွန်ုပ်တို့၏ဘိုးဘေးများ ဖိစီးနှိပ်စက်မှုခံရသည်ကို ကိုယ်တော်သိမြင်တော်မူပါ၏။ ဧဒုံပင်လယ်နားတွင် သူတို့၏အော်ဟစ်သံကို ကိုယ်တော်ကြားတော်မူပါ၏။
ထိုအခါ ယောဘသည် ထ၍ ဝတ်လုံကိုဆုတ်လေ၏။ ဆံပင်ကိုလည်းရိတ်ပြီး မြေပေါ်တွင် ပျပ်ဝပ်ကိုးကွယ်လျက်
ကိုယ်တော်သည် ခပ်သိမ်းသောအရာတို့ကို သူ့အချိန်နှင့်သူလှပအောင်ပြင်ဆင်တော်မူပြီး လူ၏စိတ်နှလုံးထဲ၌ ထာဝရကာလကိုလည်း ထည့်သွင်းထားတော်မူ၏။ သို့သော် အစမှအဆုံးအထိဘုရားသခင်ပြုတော်မူသောအမှုကို လူသည် ရှာဖွေ၍မတွေ့နိုင်။
ငိုကြွေးရသောအချိန်နှင့် ရယ်မောရသောအချိန်ရှိ၏။ မြည်တမ်းရသောအချိန်နှင့် ကခုန်ရသောအချိန်ရှိ၏။
မောဘပြည်သားတို့သည် မြင့်ရာအရပ်ရှိ အိမ်တော်သို့၊ ဒိဘုန်မြို့သို့ တက်သွား၍ ငိုကြွေးကြပြီ။ နေဗောမြို့၊ မေဒဘမြို့အတွက် ညည်းတွားငိုကြွေးကြပြီ။ သူတို့အားလုံး ခေါင်းတုံးတုံးကြ၏။ မုတ်ဆိတ်ရိတ်ကြ၏။
ဆိုးယုတ်သောသူသည် သနားခြင်းကိုခံရသော်လည်း ဖြောင့်မတ်ခြင်းတရားကို မသင်ယူ။ သူသည် တရားသောပြည်၌ မတရားသဖြင့်ပြုလျက် ထာဝရဘုရား၏ဘုန်းတန်ခိုးတော်ကို မမြင်။
အရေလမြို့၊ အရေလမြို့၊ ဒါဝိဒ်မင်းကြီးစခန်းချရာမြို့သည် အမင်္ဂလာရှိ၏။ တစ်နှစ်ပြီးတစ်နှစ် ထပ်၍ထပ်၍ ပွဲတို့ကို အလှည့်ကျကျင်းပကြပါစေဦး။
အမွှေးနံ့သာအစား အပုပ်နံ့၊ ခါးစည်းအစား ကြိုး၊ ဆံထုံးအစား ခေါင်းတုံး၊ ဝတ်ကောင်းစားလှအစား လျှော်တေအဝတ်၊ လှပတင့်တယ်ခြင်းအစား အမာရွတ် ဖြစ်စေမည်။
မိမိကိုယ်မိမိ အားရကျေနပ်နေသောမိန်းမတို့၊ ကြောက်ရွံ့တုန်လှုပ်ကြလော့။ မိမိကိုယ်မိမိ ယုံကြည်စိတ်ချနေသောသူတို့၊ ထိတ်လန့်တုန်လှုပ်ကြလော့။ အဝတ်ချွတ်၍ ကိုယ်ဗလာကျင်း နေကြလော့။ ခါးစည်းကြလော့။
ဟေဇကိမင်းကြီးသည် ထိုစကားကိုကြားလျှင် မိမိအဝတ်ကိုဆုတ်ဖြဲ၍ လျှော်တေအဝတ်ကိုဝတ်ပြီး ထာဝရဘုရား၏အိမ်တော်သို့ သွားလေ၏။
မင်းကြီးသည် လျှော်တေအဝတ်ဝတ်ထားသည့် နန်းတော်အုပ်ဧလျာကိမ်၊ စာရေးတော်ကြီးရှေဗန၊ အသက်ကြီးသောယဇ်ပုရောဟိတ်တို့ကို အာမုတ်၏သား ပရောဖက်ဟေရှာယထံသို့ စေလွှတ်၏။
သူတို့က “အကျွန်ုပ်တို့ အဘယ်ကြောင့် အစာရှောင်ရမည်နည်း။ အကျွန်ုပ်တို့အစာရှောင်သည်ကို ကိုယ်တော်မြင်တော်မမူ။ အကျွန်ုပ်တို့ ကိုယ့်ကိုယ်ကိုယ် အဘယ်ကြောင့်နှိမ့်ချရမည်နည်း။ အကျွန်ုပ်တို့ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချသည်ကို ကိုယ်တော်သိမှတ်တော်မမူ”ဟု ဆိုကြ၏။ အကယ်စင်စစ် သင်တို့သည် အစာရှောင်ရာနေ့၌ ကိုယ့်အလိုရှိရာကို ကိုယ်လုပ်ကြ၏။ အလုပ်သမားများကို အဓမ္မစေခိုင်းကြ၏။
ထာဝရဘုရားက “ဤပြည်ရှိ လူအယုတ်အမြတ်၊ အကြီးအငယ်မရွေး သေကြရမည်။ သို့သော် သင်္ဂြိုဟ်ခံရမည်မဟုတ်။ သူတို့အတွက် ငိုကြွေးမြည်တမ်းမည့်သူ၊ ကိုယ့်အသားကို ကိုယ်မွှမ်းမည့်သူ၊ ခေါင်းတုံးတုံးမည့်သူ ရှိမည်မဟုတ်။
ထို့အတူ စားသောက်ပွဲခံရာအိမ်သို့ မဝင်နှင့်။ သူတို့နှင့်အတူ ထိုင်၍မစားမသောက်နှင့်”ဟု မိန့်တော်မူ၏။
ထို့ကြောင့် လျှော်တေအဝတ်ကိုဝတ်၍ ငိုကြွေးမြည်တမ်းကြလော့။ အကြောင်းမူကား ထာဝရဘုရား၏ပြင်းထန်သောအမျက်တော်သည် ငါတို့ထံမှ ပြန်လှည့်မသွားသေးပေ။
သင်တို့၏ဆံပင်ကိုရိတ်၍ လွှင့်ပစ်လော့။ တောင်ကတုံးများပေါ်၌ မြည်တမ်းခြင်းပြုကြလော့။ အကြောင်းမူကား ထာဝရဘုရားသည် အမျက်တော်ခံထိုက်သောမျိုးဆက်ကို ပယ်တော်မူပြီ၊ စွန့်ပစ်တော်မူပြီ’ဟူ၍ ပြောကြားရမည်”ဟု မိန့်တော်မူ၏။
ခေါင်းတုံးတုံး၍ လျှော်တေအဝတ်ကို ဝတ်ကြလေပြီ။ ခါးခါးသီးသီးငိုကြွေးမြည်တမ်းကြလေပြီ။
ဗေလရှာဇာမင်းကြီးသည် မှူးမတ်တစ်ထောင်အတွက် စားသောက်ပွဲကြီးကို ကျင်းပ၍ သူတို့နှင့်အတူ စပျစ်ဝိုင်ကို သောက်လျက်နေ၏။
အို အစ္စရေး၊ လူမျိုးခြားတို့ကဲ့သို့ မရွှင်လန်း၊ မဝမ်းမြောက်နှင့်။ သင်တို့သည် ဖောက်ပြန်မှားယွင်းကြပြီ။ ဘုရားသခင်ကို စွန့်ပစ်ကြပြီ။ ကောက်နယ်တလင်းရှိသမျှတို့တွင် ပြည့်တန်ဆာလုပ်၍ရသောအခကို နှစ်သက်လေပြီ။
အို ယဇ်ပုရောဟိတ်တို့၊ လျှော်တေအဝတ်ကိုဝတ်၍ မြည်တမ်းကြလော့။ ယဇ်ပလ္လင်၏အမှုထမ်းတို့၊ ညည်းတွားကြလော့။ ငါ၏ဘုရားသခင်အမှုတော်ကိုထမ်းဆောင်သောသူတို့၊ လာကြ။ တစ်ညလုံး လျှော်တေအဝတ်ကိုဝတ်အိပ်ကြလော့။ အကြောင်းမူကား သင်တို့ဘုရားသခင်၏အိမ်တော်တွင် ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာပူဇော်သက္ကာတို့ ကုန်ခန်းလေပြီ။
လျှော်တေအဝတ်ကိုဝတ်ပြီး ခင်ပွန်းလောင်းအတွက် ငိုကြွေးမြည်တမ်းနေသောအပျိုကညာကဲ့သို့ ငိုကြွေးမြည်တမ်းလော့။
ထာဝရဘုရားက “ယခုပင် ငါ့ထံသို့ စိတ်နှလုံးအကြွင်းမဲ့ ပြန်လာ၍ အစာရှောင်လျက် ငိုကြွေးမြည်တမ်းကြလော့”ဟု မိန့်တော်မူ၏။
ထာဝရဘုရား၏အမှုတော်ဆောင် ယဇ်ပုရောဟိတ်တို့သည် ဆင်ဝင်ပေါက်နှင့်ယဇ်ပလ္လင်ကြားတွင် ငိုကြွေးလျက် “အို ထာဝရဘုရား၊ ကိုယ်တော်၏လူမျိုးတော်ကို သနားတော်မူပါ။ ကိုယ်တော်၏အမွေတော်ကို လူမျိုးခြားတို့အလယ်တွင် ကဲ့ရဲ့စရာ၊ ပုံခိုင်းစရာဖြစ်အောင် ပြုတော်မမူပါနှင့်။ လူမျိုးခြားတို့က ‘သူတို့၏ဘုရားသခင်သည် အဘယ်မှာရှိသနည်း’ဟူ၍ လူမျိုးတကာ၏အလယ်တွင် အဘယ်ကြောင့် ဆိုရပါမည်နည်း”ဟု လျှောက်ကြစေ။
ထို့ပြင် သင်တို့၏ပျော်ပွဲများကို ငိုပွဲများ ဖြစ်စေမည်။ သင်တို့၏သီချင်းများကို ငိုချင်း ဖြစ်စေမည်။ သင်တို့အားလုံးကို လျှော်တေဝတ်စေ၍ ခေါင်းတုံး ဖြစ်စေမည်။ တစ်ဦးတည်းသောသားအတွက် ငိုကြွေးမြည်တမ်းရသကဲ့သို့ ဖြစ်စေမည်။ နိဂုံးသည်လည်း ခါးသီးသောနေ့ရက် ဖြစ်လိမ့်မည်”ဟု ဘုရားရှင်ထာဝရဘုရားမိန့်တော်မူ၏။
နိနေဝေဘုရင်သည် ထိုအကြောင်းကိုကြားသောအခါ ရာဇပလ္လင်ပေါ်မှဆင်းပြီး မင်းဝတ်တန်ဆာကိုချွတ်ကာ လျှော်တေအဝတ်ကိုခြုံ၍ ပြာပုံတွင် ထိုင်လေ၏။
သင်ချစ်မြတ်နိုးသောသားသမီးတို့သည် ဖမ်းခေါ်သွားခြင်းခံရမည်ဖြစ်သောကြောင့် ဆံပင်ညှပ်၍ ခေါင်းတုံးတုံးလော့။ လင်းယုန်ငှက်ကဲ့သို့ သင့်ခေါင်းကို ပြောင်စေလော့။
ချမ်းသာသောသူတို့၊ ယခုနားထောင်ကြလော့။ သင်တို့အပေါ်သက်ရောက်လာမည့် ဒုက္ခဆင်းရဲခြင်းများအတွက် အော်ဟစ်ငိုကြွေးကြလော့။