ရှောလမုန်မင်းကြီးပိုင်သောရထားဆွဲမြင်းများထားရန် မြင်းဇောင်း လေးသောင်းနှင့် မြင်းစီးသူရဲ တစ်သောင်းနှစ်ထောင်ရှိ၏။
ဟေရှာယ 2:7 - မြန်မာ့စံမီသမ္မာကျမ်း သူတို့ပြည်သည် ရွှေငွေနှင့်ပြည့်၍ သူတို့၏ဥစ္စာဘဏ္ဍာသည် အတိုင်းမသိများပြား၏။ သူတို့၏ပြည်သည် မြင်းများနှင့်ပြည့်၍ သူတို့၏စစ်ရထားတို့သည် အတိုင်းမသိများပြား၏။ Common Language Bible သူတို့၏ပြည်သည်ရွှေ၊ ငွေပေါများသဖြင့် အတိုင်းမသိအောင်ချမ်းသာကြွယ်ဝပါ၏။ သူတို့၏ပြည်၌မြင်းပေါများ၍ မြင်းရထား အရေအတွက်မှာလည်းအတိုင်းမသိအောင် များပါ၏။- Garrad Bible သူ တို့ ပြည် သည် ရွှေ ငွေ နှင့် ပြည့်၍၊ ဘ ဏ္ဍာ လည်း မ ကုန် ခန်း နိုင်။ မြင်း နှင့် ပြည့်၍၊ ရ ထား လည်း မ ကုန် ခန်း နိုင်။ Judson Bible သူတို့ပြည်သည် ရွှေငွေနှင့်ကြွယ်ဝ၍၊ ဥစ္စာပစ္စည်း အတိုင်းမသိများ၏။ သူတို့ပြည်သည် မြင်းနှင့် ကြွယ်ဝ၍၊ မြင်းရထား အတိုင်းမသိများ၏။ |
ရှောလမုန်မင်းကြီးပိုင်သောရထားဆွဲမြင်းများထားရန် မြင်းဇောင်း လေးသောင်းနှင့် မြင်းစီးသူရဲ တစ်သောင်းနှစ်ထောင်ရှိ၏။
ရွှေကိုပိုင်ဆိုင်၍ မိမိတို့အိမ်ကို ငွေဖြင့်ပြည့်စေသော မင်းညီမင်းသားများနှင့်အတူ အိပ်စက်အနားယူနေရပြီ။
အချို့တို့သည် စစ်ရထားများအတွက်၊ အချို့တို့သည် မြင်းများအတွက် ဂုဏ်ယူဝင့်ကြွားကြ၏။ ငါတို့မူကား ငါတို့၏ဘုရားသခင် ထာဝရဘုရား၏နာမတော်အတွက် ဂုဏ်ယူဝင့်ကြွားကြ၏။
သင်တို့က “ငါတို့သည် ထိုသို့မနေ၊ မြင်းစီး၍ထွက်ပြေးမည်”ဟု ဆိုသောကြောင့် သင်တို့ထွက်ပြေးရလိမ့်မည်။ “ငါတို့သည် အပြေးမြန်သောမြင်းကိုစီးသွားမည်”ဟု ဆိုသောကြောင့် သင်တို့ကိုလိုက်သောသူတို့သည် အလျင်အမြန်လိုက်လိမ့်မည်။
အစ္စရေးလူမျိုး၏သန့်ရှင်းသောဘုရားကို မမျှော်ကြည့်၊ ထာဝရဘုရားကို မရှာဘဲ အီဂျစ်ပြည်၏မြင်းများ၊ များစွာသောစစ်ရထား၊ အလွန်အားကြီးသောမြင်းစီးသူရဲတို့ကို ကိုးစားမှီဝဲပြီး အီဂျစ်ပြည်သို့သွား၍ အကူအညီတောင်းသူတို့သည် အမင်္ဂလာရှိကြ၏။
မတရားအကျိုးစီးပွားရှာသောအပြစ်ကြောင့် ငါသည် အမျက်ထွက်၍ သူ့ကိုရိုက်၏။ ငါသည် အမျက်ထွက်၍ မျက်နှာလွှဲသော်လည်း သူသည် မိမိစိတ်အလိုရှိရာလမ်းသို့ ဆက်သွား၍ လမ်းလွဲလျက်ရှိ၏။
အဆီးရီယားပြည်သည် အကျွန်ုပ်တို့ကို မကယ်တင်နိုင်ပါ။ အကျွန်ုပ်တို့သည် မြင်းမစီးတော့ပါ။ ကိုယ့်လက်ဖြင့်လုပ်သောအရာတို့ကို ‘အကျွန်ုပ်တို့၏ဘုရား’ဟု မဆိုတော့ပါ။ အကြောင်းမူကား ကိုယ်တော်သည် ဖတဆိုးတို့ကို သနားစုံမက်တော်မူပါ၏”ဟု လျှောက်ဆိုလော့။
ထာဝရဘုရားက “ထိုနေ့ရက်တွင် သင်၏မြင်းများကို ငါဖယ်ရှားပစ်မည်။ သင်၏စစ်ရထားတို့ကို ဖျက်ဆီးပစ်မည်။
အကြောင်းမူကား လူမျိုးအပေါင်းတို့သည် သူ၏တရားနှင့်မညီမေထုန်ပြုခြင်းနှင့်ဆိုင်သည့် ပြင်းစွာသောဒေါသစပျစ်ဝိုင်ကိုသောက်ကြ၍ ကမ္ဘာမြေကြီး၏ရှင်ဘုရင်တို့သည် သူနှင့်အတူတရားနှင့်မညီမေထုန်ပြုကြကာ ကမ္ဘာမြေကြီး၏ကုန်သည်တို့သည်လည်း သူ၏လွန်ကျူးသောဇိမ်ခံခြင်းအရှိန်အဝါအားဖြင့် ချမ်းသာလာကြ၏”ဟု ဆို၏။