ထာဝရဘုရားသည် အာဗြံအား ကိုယ်ထင်ရှားပြ၍ “ဤပြည်ကို သင်၏အမျိုးအနွယ်အား ငါပေးမည်”ဟု မိန့်တော်မူ၏။ အာဗြံသည်လည်း မိမိအား ကိုယ်ထင်ရှားပြတော်မူသောထာဝရဘုရားအဖို့ ထိုအရပ်၌ ယဇ်ပလ္လင်ကို တည်လေ၏။
ဟေရှာယ 19:19 - မြန်မာ့စံမီသမ္မာကျမ်း ထိုနေ့ရက်တွင် အီဂျစ်ပြည်အလယ်၌ ထာဝရဘုရားအတွက် ယဇ်ပလ္လင်တစ်ခုရှိလိမ့်မည်။ ထိုပြည်၏နယ်စပ်၌ ထာဝရဘုရားအတွက် ကျောက်တိုင်တစ်တိုင်ရှိလိမ့်မည်။ Common Language Bible ထိုအချိန်ကာလကျရောက်လာသောအခါ အီဂျစ်ပြည်တွင်ထာဝရဘုရားအတွက် ယဇ်ပလ္လင်တစ်ခုကိုတည်ထားလိမ့်မည်။ ကိုယ် တော်အားအနုမောဒနာပြု၍စိုက်ထူထား သည့်ကျောက်တိုင်တစ်ခုသည်နယ်စပ်တွင်ရှိ လိမ့်မည်။- Garrad Bible ထို ကာ လ၊ အိ ဂျစ် ပြည့် အ တွင်း၊ ထာ ဝ ရ ဘု ရား ကို ပူ ဇော် ရန် ပ လ္လင် ရှိ သည့် ပြင်၊ ပြည် စွန် အ နီး၊ ထာ ဝ ရ ဘုရား အ ဖို့ ကျောက် တိုင် စိုက် လျက် ရှိ ရာ၊ Judson Bible ထိုကာလ၌ အဲဂုတ္တုပြည်အလယ်တွင်၊ ထာဝရဘုရားကို ပူဇော်ရာယဇ်ပလ္လင်ရှိလိမ့်မည်။ ပြည်စွန်းနားတွင်လည်း ထာဝရဘုရားအဖို့ မှတ်တိုင်ရှိလိမ့်မည်။ |
ထာဝရဘုရားသည် အာဗြံအား ကိုယ်ထင်ရှားပြ၍ “ဤပြည်ကို သင်၏အမျိုးအနွယ်အား ငါပေးမည်”ဟု မိန့်တော်မူ၏။ အာဗြံသည်လည်း မိမိအား ကိုယ်ထင်ရှားပြတော်မူသောထာဝရဘုရားအဖို့ ထိုအရပ်၌ ယဇ်ပလ္လင်ကို တည်လေ၏။
ယာကုပ်သည် နံနက်စောစောထ၍ သူခေါင်းအုံးခဲ့သောကျောက်ကိုယူကာ မှတ်တိုင်အဖြစ်စိုက်ထူပြီးလျှင် ထိပ်ဖျား၌ ဆီကိုလောင်းလေ၏။
သံတမန်တို့သည် အီဂျစ်ပြည်မှရောက်လာကြလိမ့်မည်။ အီသီယိုးပီးယားပြည်သည် ဘုရားသခင်ထံသို့ မိမိလက်ကိုဆန့်လိမ့်မည်။
မောရှေသည် ထာဝရဘုရား၏စကားတော်အလုံးစုံတို့ကို ရေးသားထားပြီးလျှင် နံနက်စောစောထ၍ တောင်ခြေရင်း၌ ယဇ်ပလ္လင်ကိုလည်းကောင်း၊ အစ္စရေးမျိုးနွယ်တစ်ဆယ့်နှစ်နွယ်အတွက် ကျောက်တိုင်တစ်ဆယ့်နှစ်တိုင်ကိုလည်းကောင်း တည်လေ၏။
ငါ၏သန့်ရှင်းသောတောင်ပေါ်သို့ ငါဆောင်ခဲ့၍ ငါ၏ဆုတောင်းရာအိမ်၌ သူတို့ကို ငါဝမ်းမြောက်စေမည်။ ငါ့ယဇ်ပလ္လင်ပေါ်မှာပူဇော်သော သူတို့၏မီးရှို့ရာယဇ်များ၊ ပူဇော်သက္ကာများကို ငါလက်ခံမည်။ ငါ့အိမ်တော်ကို လူမျိုးတကာတို့၏ဆုတောင်းရာအိမ်ဟူ၍ ခေါ်ဝေါ်ကြလိမ့်မည်”ဟု မိန့်တော်မူ၏။
ကေဒါပြည်၏သိုးစုရှိသမျှတို့သည် သင့်ထံ၌စုဝေးလိမ့်မည်။ နဗာယုတ်ပြည်၏သိုးထီးတို့သည် သင်၏အမှုကိုထမ်းဆောင်၍ လက်ခံဖွယ်ရာယဇ်အဖြစ် ငါ၏ယဇ်ပလ္လင်ပေါ်သို့ တက်ကြရလိမ့်မည်။ ငါသည် ဂုဏ်ကျက်သရေရှိသောငါ၏အိမ်တော်ကို ဘုန်းထင်ရှားစေမည်။
ထာဝရဘုရားက “လူသားအပေါင်းတို့သည် လဆန်းနေ့တိုင်း၊ ဥပုသ်နေ့တိုင်း ငါ့ရှေ့မှောက်တွင် လာရောက်ရှိခိုးကိုးကွယ်ကြလိမ့်မည်။
ယောရှိမင်းကြီး၏သားတော် ယုဒဘုရင်ယောယကိမ်မင်းကြီးနန်းစံလေးနှစ်၊ ယူဖရေးတီးမြစ်နား ကာခေမိတ်အရပ်တွင် ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးကို စစ်ရှုံးခဲ့သော အီဂျစ်ဘုရင်ဖာရောနေခေါမင်းကြီး၏စစ်သည်နှင့်တကွ အီဂျစ်ပြည်သားတို့နှင့်ပတ်သက်၍
ဒသမနှစ်၊ ဒသမလ၊ တစ်ဆယ့်နှစ်ရက်တွင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၍
တစ်ဆယ့်တစ်နှစ်မြောက်၊ တတိယလ၊ ပထမနေ့တွင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၍
တစ်ဆယ့်နှစ်နှစ်မြောက်၊ တစ်ဆယ့်နှစ်လပိုင်း၊ ပထမနေ့တွင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၍
ရပ်ဝေးမှလူတို့သည် ထာဝရဘုရား၏ဗိမာန်တော်ကို လာရောက်တည်ဆောက်ကြလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် ငါ့ကိုစေလွှတ်တော်မူကြောင်းကိုလည်း သင်တို့သိရကြလိမ့်မည်။ သင်တို့သည် သင်တို့ဘုရားသခင်ထာဝရဘုရား၏စကားကို နာခံလိုက်လျှောက်လျှင် ထိုသို့ဖြစ်လာလိမ့်မည်”ဟု မိန့်ဆို၏။
ငါတို့တွင် ယဇ်ပလ္လင်တစ်ခုရှိ၏။ တဲတော်ဝတ်ကိုပြုသောသူတို့သည် ထိုယဇ်ပလ္လင်ပေါ်မှပူဇော်သက္ကာကို စားခွင့်မရှိ။
ရုဗင်သားမြေး၊ ဂဒ်သားမြေး၊ မနာရှေသားမြေးတစ်ဝက်တို့သည် ခါနာန်ပြည်၊ ဂျော်ဒန်မြစ်အနီးသို့ရောက်သောအခါ ထင်ရှားမြင်သာသော ယဇ်ပလ္လင်ကြီးတစ်ခုကို တည်လေ၏။
ထို့ကြောင့် ငါတို့က ‘ငါတို့အဖို့ ယဇ်ပလ္လင်တည်ကြစို့။ သို့သော် မီးရှို့ရာယဇ်အတွက်မဟုတ်၊ ယဇ်ပူဇော်ရန်အတွက်လည်း မဟုတ်။
ငါတို့သည် ငါတို့၏မီးရှို့ရာယဇ်များ၊ ပူဇော်သက္ကာများ၊ မိတ်သဟာယယဇ်များဖြင့် ထာဝရဘုရား၏ရှေ့တော်၌ ကိုယ်တော်ကိုဝတ်ပြုတတ်ကြကြောင်း သင်တို့နှင့်ငါတို့အကြား၊ နောင်လာမည့်ငါတို့၏မျိုးဆက်အစဉ်အဆက်ကြား၌ သက်သေဖြစ်စေရန်သာဖြစ်၏။ သို့မှ နောင်ကာလ၌ သင်တို့၏သားမြေးတို့သည် ငါတို့၏သားမြေးတို့အား “ထာဝရဘုရား၌ သင်တို့အဖို့ဝေစုမရှိ”ဟူ၍ ပြောခွင့်ရှိတော့မည်မဟုတ်’ဟု ပြောဆိုတိုင်ပင်ကြ၏။
နောင်ကာလ၌ သူတို့က ငါတို့နှင့်ငါတို့၏မျိုးဆက်အစဉ်အဆက်တို့ကို ထိုသို့ပြောလျှင် ငါတို့က ‘ကြည့်ရှုလော့။ ငါတို့ဘိုးဘေးတို့သည် ထာဝရဘုရား၏ယဇ်ပလ္လင်နှင့်ပုံသဏ္ဌာန်တူသော ယဇ်ပလ္လင်ကိုတည်ခဲ့သည်မှာ မီးရှို့ရာယဇ်အတွက်မဟုတ်၊ ယဇ်ပူဇော်ရန်အတွက်လည်း မဟုတ်၊ ငါတို့နှင့်သင်တို့အကြား၌ သက်သေဖြစ်ရန်အတွက်သာဖြစ်၏’ဟု ပြန်ပြောနိုင်ရန်ဖြစ်၏။
ရုဗင်သားမြေးနှင့်ဂဒ်သားမြေးတို့က “ထာဝရဘုရားသည် ဘုရားသခင်ဖြစ်တော်မူကြောင်း ထိုယဇ်ပလ္လင်သည် ငါတို့တွင် သက်သေဖြစ်၏”ဟု ဆို၍ ထိုယဇ်ပလ္လင်ကို “သက်သေ”ဟု ခေါ်ဝေါ်ကြ၏။