နံနက်အချိန်၌ ယောသပ်သည် သူတို့ထံသို့လာ၍ကြည့်ရှုရာ သူတို့မျက်နှာမသာမယာဖြစ်နေသည်ကို မြင်လေ၏။
ဟေရှာယ 19:10 - မြန်မာ့စံမီသမ္မာကျမ်း အီဂျစ်ပြည်၏ရက်ကန်းသည်တို့သည် စိတ်ဓာတ်ကျ၍ အလုပ်သမားအပေါင်းတို့သည် စိတ်ပျက်ကြလိမ့်မည်။ Common Language Bible ရက်ကန်းသည်များနှင့်အတတ်ပညာရှင် အလုပ်သမားများသည်လက်မှိုင်ချလျက် နေကြလိမ့်မည်။ Garrad Bible တိုင် မ ဖြစ် သူ တို့ ကျိုး ပျက်၍ သူ ရင်း ငှား တို့ လည်း စိတ် ငယ် ရ ကြ လ တ္တံ့။ Judson Bible အမှီတံကဲတို့သည်ပျက်၍၊ အခစားသောသူအပေါင်းတို့သည် ညှိုးငယ်သောစိတ် ရှိကြလိမ့်မည်။ |
နံနက်အချိန်၌ ယောသပ်သည် သူတို့ထံသို့လာ၍ကြည့်ရှုရာ သူတို့မျက်နှာမသာမယာဖြစ်နေသည်ကို မြင်လေ၏။
တစ်ဖန် ထာဝရဘုရားက “သင်သည် အာရုန်အား ‘သင်၏တောင်ဝှေးကိုယူ၍ မြစ်များ၊ ချောင်းများ၊ ရေအိုင်များ၊ ရေလှောင်ကန်များစသည့် အီဂျစ်ပြည်ရှိရေရှိသမျှအပေါ်သို့ သင်၏လက်ကိုဆန့်လော့။ ထိုအခါ ရေသည် သွေးဖြစ်သွားလိမ့်မည်။ အီဂျစ်ပြည်တစ်ပြည်လုံးတွင် သစ်သားခွက်များနှင့်ကျောက်ခွက်များထဲ၌ပါမကျန် သွေးဖြစ်လိမ့်မည်’ဟူ၍ ပြောလော့”ဟု မောရှေအား မိန့်တော်မူ၏။
တစ်ဖန် ထာဝရဘုရားက မောရှေအား “ ‘သင်ကိုင်ထားသောတောင်ဝှေးကို မြစ်များ၊ ချောင်းများ၊ ရေအိုင်များပေါ်သို့ ဆန့်လော့။ ဖားများကို အီဂျစ်ပြည်တစ်လျှောက် တက်လာစေလော့’ဟူ၍ အာရုန်အား ပြောလော့”ဟု မိန့်တော်မူ၏။
သင်တို့ဝင်ရောက်သိမ်းပိုက်ရမည့်ပြည်သည် အီဂျစ်ပြည်နှင့်မတူ။ သင်တို့ထွက်ခဲ့သောအီဂျစ်ပြည်၌ ဟင်းသီးဟင်းရွက်စိုက်ခင်းထဲသို့ ခြေဖြင့်ရေသွင်းရသကဲ့သို့ မျိုးစေ့ကြဲရာတွင် ရေသွင်း၍မျိုးကြဲရ၏။