မာနထောင်လွှားလျက် ခက်ထန်မောက်မာသောသူ၏အမည်မှာ “ပြက်ရယ်ပြုတတ်သောသူ” ဟူ၍ဖြစ်၏။ သူသည် အလွန်မာနထောင်လွှားသောစိတ်နှင့် ပြုမူတတ်၏။
ဟေရှာယ 16:6 - မြန်မာ့စံမီသမ္မာကျမ်း မောဘ၏မာနကို ငါတို့ကြားသိ၏။ အလွန်ကြီးသောမာနဖြစ်၏။ သူ၏မာန်မာနကြီးခြင်း၊ သူ၏ထောင်လွှားခြင်း၊ သူ၏ဒေါသတို့သည် ဘာမျှမဟုတ်။ ဝါကြွားခြင်းသာ ဖြစ်၏။ Common Language Bible ယုဒပြည်သူတို့က``မောဘပြည်သူတို့သည် အဘယ်မျှမာန်မာနကြီးကြကြောင်းကိုငါ တို့ကြားရကြလေပြီ။ သူတို့သည်မောက်မာ ထောင်လွှားလျက်မိမိတို့ကိုယ်ကိုအထင်ကြီး လျက်နေခဲ့ကြသော်လည်း သူတို့ဝါကြွားမှု များသည်အချည်းနှီးသာဖြစ်ကြောင်းကို ငါတို့သိပါ၏'' ဟုဆိုကြ၏။ Garrad Bible မော ဘ၏ မာ န သည် အ လွန် ကြီး ကြောင်း ကို လည်း ကောင်း၊ ထောင် လွှား စော် ကား ခြင်း၊ ဒေါ သ အ မျက် ထွက် ခြင်း များ အ ကြောင်း ကိုလည်း ကောင်း၊ ငါ တို့ ကြား သိ ရ ပြီ။ ဤ ဝင့် ဝါ ခြင်း ကား၊ အ ချည်း နှီး တည်း။ Judson Bible မောဘ၏မာနကို ငါတို့သည် ကြားသိကြ၏။ အလွန်ကြီးသောမာနဖြစ်၏။ ထောင်လွှားစော်ကားခြင်း၊ ဒေါသအမျက်ထွက်ခြင်းရှိ၍၊ အချည်းနှီးသက်သက် ဝါကြွားသောစကားကို ပြောတတ်၏။ |
မာနထောင်လွှားလျက် ခက်ထန်မောက်မာသောသူ၏အမည်မှာ “ပြက်ရယ်ပြုတတ်သောသူ” ဟူ၍ဖြစ်၏။ သူသည် အလွန်မာနထောင်လွှားသောစိတ်နှင့် ပြုမူတတ်၏။
မောဘပြည်နှင့်ဆိုင်သောဗျာဒိတ်တော်။ မောဘပြည်၊ အာရမြို့သည် ညတွင်းချင်းဖျက်ဆီးခြင်းခံရသဖြင့် ပျက်စီးလေပြီ။ မောဘပြည်၊ ကိရမြို့သည် ညတွင်းချင်းဖျက်ဆီးခြင်းခံရသဖြင့် ပျက်စီးလေပြီ။
ထိုနေ့ရက်တွင် မျက်နှာမောက်မာသောသူသည် မာန်စွယ်ကျိုးသွားရမည်။ ထောင်လွှားသောသူသည် ဦးကျိုးသွားရမည်။ ထာဝရဘုရားတစ်ပါးတည်းသာ ချီးမြှောက်ခြင်းခံရမည်။
ထာဝရဘုရားသည် လက်တော်ကို ဤတောင်ပေါ်တွင်တင်ထားတော်မူမည်။ နွားချေးပုံ၌ ကောက်ရိုးကိုနင်းနယ်သကဲ့သို့ မောဘပြည်ကို နင်းနယ်တော်မူမည်။
ရေကူးသောသူသည် ရေကူးရန်လက်ကိုဆန့်သကဲ့သို့ မောဘပြည်သည် ပြည်အလယ်၌ မိမိလက်ကိုဆန့်လိမ့်မည်။ သို့သော် ကိုယ်တော်သည် ထိုပြည်၏မာန်မာန၊ ထိုပြည်၏လက်စွမ်းကို ချိုးနှိမ်တော်မူမည်။
သင်တို့က “ငါတို့သည် သေခြင်းနှင့် ပဋိညာဉ်ဖွဲ့ကြပြီ။ မရဏာနိုင်ငံနှင့် သဘောတူညီမှု ပြုကြပြီ။ လွှမ်းမိုးသောဘေးဆိုးဖြတ်သွားသည့်အခါ ငါတို့ထံလာမည်မဟုတ်။ အကြောင်းမူကား ငါတို့သည် လိမ်လည်မှုကို ငါတို့၏ခိုလှုံရာဖြစ်စေလျက် မုသားထဲ၌ ပုန်းနေကြပြီ”ဟု ဆိုကြ၏။
သင်တို့၏သေခြင်းနှင့်ဖွဲ့သောပဋိညာဉ်သည် ပျက်လိမ့်မည်။ သင်တို့၏မရဏာနိုင်ငံနှင့်ပြုသောသဘောတူညီမှုသည် တည်လိမ့်မည်မဟုတ်။ လွှမ်းမိုးသောဘေးဆိုးဖြတ်သွားသည့်အခါ သင်တို့ကို နင်းချေသွားလိမ့်မည်။
ငါသည် ပရောဖက်အတုအယောင်တို့၏နိမိတ်လက္ခဏာများကို ပယ်ဖျက်၏။ ဂမ္ဘီရပညာတတ်မြောက်သူတို့ကို ရူးသွပ်စေ၏။ ပညာရှိတို့ကို နောက်ပြန်လှန်စေ၍ သူတို့၏အသိပညာကို မိုက်မဲစေ၏။
‘ငါတို့သည် စစ်တိုက်ရာတွင် သူရဲကောင်းများ၊ ရဲစွမ်းသတ္တိရှိသူများ ဖြစ်၏’ဟူ၍ သင်တို့ မည်သို့ပြောဝံ့ကြသနည်း”ဟု မိန့်တော်မူ၏။
မောဘပြည်သည် ထာဝရဘုရားထက် ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်သောကြောင့် သူ့ကို ယစ်မူးစေကြလော့။ သူသည် မိမိအန်ဖတ်၌ လူးလိမ့်၍ ပြက်ရယ်ပြုစရာဖြစ်လိမ့်မည်။
ထာဝရဘုရားက “မောဘပြည်သည် ထာဝရဘုရားထက် ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်သောကြောင့် လူမျိုးတစ်မျိုးအဖြစ်မှ ပယ်ဖျက်ခြင်းခံရမည်။
ဓားဘေးကြောင့် ပရောဖက်အတုအယောင်တို့သည် ရူးသွပ်ကြလိမ့်မည်။ ဓားဘေးကြောင့် စစ်သူရဲတို့ ကြောက်လန့်ကြလိမ့်မည်။
တစ်ဖန် ထာဝရဘုရားဤသို့မိန့်တော်မူပြီ။ ထာဝရဘုရားက “မောဘပြည်သည် အပြစ်သုံးလေးမျိုးမက ကျူးလွန်သောကြောင့် ငါအပြစ်မပေးဘဲမနေ။ အကြောင်းမူကား သူသည် ဧဒုံဘုရင်၏အရိုးစုကို မီးရှို့ပြာချပစ်လေပြီ။
ထိုနည်းတူ ငယ်ရွယ်သောသူတို့၊ အသင်းတော်အကြီးအကဲများကို နာခံကြလော့။ သင်တို့အားလုံး တစ်ယောက်အောက်တစ်ယောက် နှိမ့်ချခြင်းတန်ဆာကို ဆင်ယင်ကြလော့။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် မာနထောင်လွှားသောသူတို့ကို ဆန့်ကျင်၍ နှိမ့်ချသောသူတို့အား ကျေးဇူးတော်ကိုခံစားစေတော်မူ၏။