ထို့ကြောင့် သူတို့သည် မိမိတို့သိုမှီးထားသောဥစ္စာနှင့် သိုလှောင်ထားသောအရာများကို မိုးမခပင်ပေါက်ရာချောင်းတစ်ဖက်ကမ်းသို့ သယ်ဆောင်သွားကြလိမ့်မည်။
ဟေရှာယ 15:8 - မြန်မာ့စံမီသမ္မာကျမ်း အော်ဟစ်သံသည် မောဘပြည်နယ်စပ်အထိရောက်လေ၏။ မြည်တမ်းသံသည် ဧဂလိမ်မြို့၊ ဗေရဧလိမ်မြို့တိုင်အောင် ရောက်လေ၏။ Common Language Bible မောဘပြည်၊ နယ်စပ်အနှံ့အပြားတွင်ငို ကြွေးမြည်တမ်းသံကိုကြားရကြ၏။ ထို အသံကိုဧဂလိမ်မြို့နှင့်ဗေရဧလိမ်မြို့ မှပင်ကြားရကြလေသည်။- Garrad Bible ဟစ် သံ သည် မော ဘ ပြည် စွန်း တိုင် နှံ့ ပြား၍ အော် သံ လည်း ဧ ဂ လိမ် မြို့ တိုင် အောင် လည်း ကောင်း၊ ဗေ ရ ဧ လိမ် မြို့ တိုင် အောင် လည်း ကောင်း၊ ရောက် လေ ၏။ Judson Bible ငိုကြွေးသောအသံသည် မောဘပြည်ကို နှံ့ပြားလေ၏။ ညည်းတွားမြည်တမ်းသော အသံသည် ဧဂလိမ်မြို့တိုင်အောင်လည်းကောင်း၊ ဗေရဧလိမ်မြို့တိုင်အောင်လည်းကောင်း ရောက်လေ၏။ |
ထို့ကြောင့် သူတို့သည် မိမိတို့သိုမှီးထားသောဥစ္စာနှင့် သိုလှောင်ထားသောအရာများကို မိုးမခပင်ပေါက်ရာချောင်းတစ်ဖက်ကမ်းသို့ သယ်ဆောင်သွားကြလိမ့်မည်။
ဒိမုန်မြို့၏ရေတို့သည် သွေးနှင့်ပြည့်လေပြီ။ ထိုမျှမက မောဘပြည်မှလွတ်မြောက်လာသောသူ၊ ပြည်၌ကြွင်းကျန်သောသူတို့ထံ ခြင်္သေ့ကိုလွှတ်ခြင်းဖြင့် ဒိမုန်မြို့ကို ဘေးထပ်ရောက်စေဦးမည်။
အင်္ဂေဒိမှ ဧနေဂလိအရပ်တိုင်အောင် ကမ်းစပ်တစ်လျှောက်သည် တံငါသည်တို့ကျင်လည်ရာ၊ သူတို့၏ပိုက်ကွန်များဖြန့်ရာအရပ် ဖြစ်လိမ့်မည်။ မြေထဲပင်လယ်ရှိငါးများကဲ့သို့ ထိုအရပ်၌ ငါးတို့သည် အမျိုးအလိုက် အလွန်များပြားကြလိမ့်မည်။
တစ်ဖန် သူတို့သည် ထိုနေရာမှ ဗေရရေတွင်းရှိရာအရပ်သို့ ခရီးပြုကြ၏။ ထိုရေတွင်းကား ထာဝရဘုရားက မောရှေအား “လူတို့ကိုစုဝေးစေလော့။ သူတို့အား ငါရေပေးမည်”ဟု မိန့်တော်မူသောရေတွင်းဖြစ်၏။