ထိုနေ့ရက်၌ ယေရှဲ၏အမြစ်သည် လူတို့အတွက် အောင်လံသဖွယ်ရပ်တည်လိမ့်မည်။ လူမျိုးတို့သည် သူ့ကို မေးမြန်းစူးစမ်းကြလိမ့်မည်။ ကိန်းဝပ်တော်မူရာအရပ်သည် ဘုန်းအသရေရှိလိမ့်မည်။
ဟေရှာယ 14:3 - မြန်မာ့စံမီသမ္မာကျမ်း ထိုနေ့ရက်၌ ထာဝရဘုရားသည် သင်၏ဝမ်းနည်းပူဆွေးခြင်း၊ ဆင်းရဲဒုက္ခ၊ အလုပ်ကြမ်းလုပ်ရခြင်းတို့မှ သင့်အားလွတ်ငြိမ်းချမ်းသာခွင့်ကိုပေးတော်မူ၍ Common Language Bible ထာဝရဘုရားသည်ဣသရေလအမျိုး သားတို့အား မိမိတို့ခံစားရသောဝေဒနာ နှင့်ဆင်းရဲဒုက္ခများမှလည်းကောင်း၊ အလုပ် ကြမ်းလုပ်ကိုင်ရမှုမှလည်းကောင်းသက် သာခွင့်ပေးတော်မူလိမ့်မည်။- Garrad Bible သင် ခံ ခဲ့ ရ သော ညှဉ်း ဆဲ ခြင်း၊ နှောင့် ရှက် ခြင်း၊ အ ကျပ် အ တည်း စေ စား ခြင်း များ မှ ထာ ဝ ရ ဘု ရား ကင်း လွတ် ချမ်း သာ စေ တော် မူ အံ့ သော နေ့ ရက်၌၊ Judson Bible ထိုအခါ ထာဝရဘုရားသည် သင့်ကိုငြိုငြင်ခြင်း၊ စိုးရိမ်ခြင်း၊ သူတစ်ပါးစေစား၍ ဆင်းရဲစွာ အစေကျွန်ခံရခြင်းထဲကနုတ်၍၊ ချမ်းသာပေးတော်မူလျှင်၊ |
ထိုနေ့ရက်၌ ယေရှဲ၏အမြစ်သည် လူတို့အတွက် အောင်လံသဖွယ်ရပ်တည်လိမ့်မည်။ လူမျိုးတို့သည် သူ့ကို မေးမြန်းစူးစမ်းကြလိမ့်မည်။ ကိန်းဝပ်တော်မူရာအရပ်သည် ဘုန်းအသရေရှိလိမ့်မည်။
ထိုနေ့ရက်၌ သင်က “အို ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်ကိုချီးမွမ်းပါမည်။ ကိုယ်တော်သည် အကျွန်ုပ်ကို အမျက်ထွက်တော်မူသော်လည်း အမျက်တော်ပြေ၍ အကျွန်ုပ်ကိုနှစ်သိမ့်တော်မူပါ၏။
ငါ၏လူမျိုးသည် ငြိမ်းချမ်းသောနေရာ၊ လုံခြုံသောအိမ်၊ ငြိမ်းအေးသောခိုနားရာ၌ နေရလိမ့်မည်။
“စစ်ပွဲ ပြီးဆုံးပြီ။ ထာဝရဘုရား၏လက်တော်မှ မိမိအပြစ်အတွက် နှစ်ဆခံယူပြီးပြီဖြစ်၍ အပြစ်လည်း ခွင့်လွှတ်ခြင်းခံရပြီ”ဟု ဂျေရုဆလင်မြို့အား ကြေညာပြီး နှစ်သိမ့်ပေးလော့။
သင့်အား ငါပေးသောအမွေကို သင်လက်လွတ်ရမည်။ သင်မသိသောပြည်တွင် သင်၏ရန်သူတို့အား သင်အစေခံရမည်။ အစဉ်အမြဲတောက်လောင်နေမည့် ငါ့အမျက်မီးကို သင်မွှေးလေပြီ။
ထာဝရဘုရားက “အို ငါ့အစေအပါးယာကုပ်၊ မကြောက်နှင့်။ အို အစ္စရေး၊ စိတ်မပျက်နှင့်။ သင့်ကို ဝေးသောအရပ်မှ၊ သင်၏အမျိုးအနွယ်ကို သုံ့ပန်းအဖြစ်နေရသောပြည်မှ ငါကယ်တင်မည်။ ယာကုပ်သည် ပြန်လာ၍ ခြိမ်းခြောက်မည့်သူမရှိဘဲ ငြိမ်းချမ်းသာယာစွာ နေရလိမ့်မည်”ဟု မိန့်တော်မူ၏။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ထိုနေ့ရက်၌ သူတို့၏ပခုံးပေါ်မှ ထမ်းပိုးကို ငါချိုးမည်။ သူတို့ကိုချည်နှောင်သောကြိုးများကို ငါဖြတ်မည်။ သူတို့သည် တစ်ပါးအမျိုးသားတို့ကို အစေခံရတော့မည်မဟုတ်။
သူတို့ကို ရွေးနုတ်တော်မူသောအရှင်သည် တန်ခိုးကြီးသောအရှင်ဖြစ်တော်မူ၏။ နာမတော်ကား ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားပေတည်း။ ကိုယ်တော်သည် သူတို့အမှုကို ဖြေရှင်းပေးမည်ဖြစ်၍ သူတို့ပြည်သည် အေးချမ်းမည်။ ဘေဘီလုံမြို့သားတို့မူကား ဆောက်တည်ရာမရဖြစ်လိမ့်မည်”ဟု မိန့်တော်မူ၏။
အစ္စရေးလူမျိုးတို့ကို စူးသောဆူး၊ နာကျင်စေသောဆူးနှင့်တူသောဝန်းကျင်မှ မကောင်းပြောသူများ ရှိတော့မည်မဟုတ်။ နောက်မှ ငါသည် ဘုရားရှင်ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်’ဟု မိန့်တော်မူ၏။
“ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘ငါသည် ဇိအုန်မြို့ကို အလွန်ကြင်နာ၏။ ပြင်းစွာအမျက်ထွက်သည့်တိုင်အောင် ကြင်နာ၏’ဟု မိန့်တော်မူ၏။
သူတို့ကို ပြန်ခေါ်လာ၍ ဂျေရုဆလင်မြို့တွင် နေထိုင်စေပြီး သူတို့သည် ငါ၏လူမျိုးတော် ဖြစ်လိမ့်မည်။ ငါသည်လည်း သူတို့အဖို့ သစ္စာစောင့်သော၊ ဖြောင့်မတ်သောဘုရားသခင် ဖြစ်လိမ့်မည်’ဟု မိန့်တော်မူ၏။
ဆာလောင်မွတ်သိပ်ခြင်း၊ အဝတ်အချည်းစည်းဖြစ်ခြင်း၊ အရာရာချို့တဲ့ခြင်းတို့ဖြင့် ထာဝရဘုရားစေလွှတ်တော်မူသော သင်၏ရန်သူကို သင်အစေခံရလိမ့်မည်။ သင်ပျက်စီးခြင်းသို့မရောက်မချင်း သံထမ်းပိုးကို သင်၏လည်ပင်းပေါ် တင်ထားတော်မူမည်။
ကောင်းကင်မှစ၍ သန့်ရှင်းသူများ၊ တမန်တော်များနှင့် ပရောဖက်များတို့၊ ထိုမြို့၏အဖြစ်ကြောင့် ပျော်ရွှင်ကြလော့။ အကြောင်းမူကား ဘုရားသခင်သည် သင်တို့ဘက်၌နေ၍ ထိုမြို့အပေါ် ပြစ်ဒဏ်စီရင်ခြင်းကိုသက်ရောက်စေတော်မူပြီ”ဟု ဆိုသည်ကို ငါကြားရ၏။