အလို၊ လူမျိုးများစွာတို့၏မြည်ဟိန်းသံပါတကား။ သူတို့သည် သမုဒ္ဒရာမြည်ဟိန်းသကဲ့သို့ မြည်ဟိန်းကြ၏။ အလို၊ လူတို့၏မြည်ဟည်းသံပါတကား။ သူတို့သည် ရေလုံးကြီး၏မြည်ဟည်းသံကဲ့သို့ မြည်ဟည်းကြ၏။
ဟေရှာယ 13:4 - မြန်မာ့စံမီသမ္မာကျမ်း လူအုပ်ကြီးမှထွက်သောအသံကဲ့သို့ တောင်ပေါ်မှ ဆူဆူညံညံအသံ၊ တိုင်းနိုင်ငံတို့မှ လူမျိုးတို့ အတူတကွစုဝေး၍ အုတ်အုတ်ကျက်ကျက်ဖြစ်သောအသံပါတကား။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် စစ်ပွဲအတွက် စစ်သည်အလုံးအရင်းကို ခင်းကျင်းတော်မူပြီ။ Common Language Bible တောင်ပေါ်ရှိလူအုပ်ကြီး၏အသံကိုနား ထောင်ကြလော့။ ထိုအသံသည်လူမျိုးတကာ တို့စုရုံးနေကြသောအသံဖြစ်၏။ ဗိုလ်ခြေ တို့၏အရှင်ထာဝရဘုရားသည် မိမိ၏စစ် သည်တော်တို့ကိုတိုက်ပွဲဝင်စေရန်အတွက် အသင့်ပြင်ဆင်လျက်နေတော်မူ၏။- Garrad Bible နား ထောင် ကြ ဦး။ တောင် ပေါ် တွင် လူ ပ ရိ သတ် ကြီး အ သံ ဗ လံ ကဲ့ သို့၊ အုတ် အုတ် သဲ သဲ ပါ တ ကား။ လူ မျိုး ခြား နိုင် ငံ သား တို့ စု ရုံး သော ဆူ ညံ သံ ပါ တ ကား။ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား သည် အ လုံး အ ရင်း ကို ခင်း ကျင်း တော် မူ ပြီ။ Judson Bible ကြီးစွာသော အလုံးအရင်း၏အသံကဲ့သို့ တောင်တို့အပေါ်မှာ လူများ၏အသံဗလံ၊ စုဝေးသော တိုင်းသူပြည်သားများတို့၏ အုတ်အုတ်ကျက်ကျက်သော အသံဗလံရှိသည်နှင့်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် စစ်တိုက်ခြင်းငှာ၊ အလုံးအရင်းကို စီရင်ခင်းကျင်းတော်မူ၏။ |
အလို၊ လူမျိုးများစွာတို့၏မြည်ဟိန်းသံပါတကား။ သူတို့သည် သမုဒ္ဒရာမြည်ဟိန်းသကဲ့သို့ မြည်ဟိန်းကြ၏။ အလို၊ လူတို့၏မြည်ဟည်းသံပါတကား။ သူတို့သည် ရေလုံးကြီး၏မြည်ဟည်းသံကဲ့သို့ မြည်ဟည်းကြ၏။
သင်တို့အားလုံး စုရုံး၍ နားထောင်ကြလော့။ သူတို့တွင် မည်သူသည် ဤအမှုတို့ကို ပြန်ပြောခဲ့သနည်း။ ထာဝရဘုရား ချစ်တော်မူသောသူသည် ကိုယ်တော်၏အလိုတော်အတိုင်း ဘေဘီလုံမြို့ကိုပြုမည်။ သူ၏လက်သည် ခါလဒဲလူမျိုးကို ဆန့်ကျင်မည်။
ကိုယ်တော်သည် ဝေးသောအရပ်မှလူမျိုးတို့အတွက် အချက်ပြအလံကိုလွှင့်ထူတော်မူ၏။ မြေကြီးစွန်းအရပ်ရှိလူတို့ကို လေချွန်၍ခေါ်တော်မူ၏။ ကြည့်ရှုလော့။ သူတို့သည် အလျင်အမြန်ပြေးလာကြလိမ့်မည်။
ထိုနေ့ရက်တွင် သူတို့သည် သမုဒ္ဒရာမြည်ဟည်းသကဲ့သို့ မာန်ဖီကြလိမ့်မည်။ ထိုပြည်ကိုကြည့်လျှင် ဆင်းရဲဒုက္ခအမှောင်ထုသာရှိ၏။ မိုးတိမ်များကြောင့် အလင်းသည် မှောင်မိုက်လေ၏။
အစ္စရေးလူမျိုး၏ဘုရားသခင် ထာဝရဘုရားက ‘ကြည့်ရှုလော့။ မြို့ရိုးအပြင်ဘက်၌ဝိုင်းထားသော ဘေဘီလုံဘုရင်နှင့် ခါလဒဲလူမျိုးတို့ကို တိုက်ခိုက်ရန် သင်တို့ကိုင်စွဲထားသောလက်နက်များကို သင်တို့ထံပြန်လှည့်စေမည်။ ထိုလက်နက်တို့ကို မြို့ထဲ၌ ငါစုသိမ်းမည်။
လူမျိုးတကာတို့နှင့် တန်ခိုးကြီးသောရှင်ဘုရင်တို့သည် သူတို့အား စေခိုင်းကြလိမ့်မည်။ သူတို့၏အကျင့်အတိုင်း၊ သူတို့၏လုပ်ရပ်အတိုင်း သူတို့ကို ငါပြန်ပေးဆပ်စေမည်’ဟူ၍ မိန့်တော်မူသည်”ဟု ဆင့်ဆိုလေ၏။
“သင်တို့ထံ ငါစေလွှတ်ခဲ့သော စစ်သည်အလုံးအရင်းများဖြစ်သည့် အရာဘကျိုင်း၊ ယာလက်ကျိုင်း၊ ခါသိလကျိုင်း၊ ဂါဇံကျိုင်းတို့ ဝါးမျိုဖျက်ဆီးသောနှစ်ကာလတစ်လျှောက် သင်တို့ဆုံးရှုံးခဲ့သမျှကို ငါပြန်ပေးမည်။
တရားစီရင်ဆုံးဖြတ်ရာချိုင့်ဝှမ်းလွင်ပြင်၌ လူအမြောက်အမြား ပြည့်နှက်နေပါတကား။ စင်စစ် ဆုံးဖြတ်ရာချိုင့်ဝှမ်းလွင်ပြင်တွင် ထာဝရဘုရား၏နေ့ရက် ရောက်လုနီးပြီ။
ထို့ကြောင့် သူခံရမည့်ဘေးဒဏ်များဖြစ်သော သေခြင်း၊ ဝမ်းနည်းကြေကွဲခြင်းနှင့် ငတ်မွတ်ခေါင်းပါးခြင်းတို့သည် တစ်ရက်အတွင်း သူ့အပေါ်ကျရောက်ပြီး သူသည် မီးဖြင့်လောင်ကျွမ်းခြင်းခံရလိမ့်မည်။ အကြောင်းမူကား သူ့ကိုစီရင်တော်မူသော ထာဝရအရှင်ဘုရားသခင်သည် ခွန်အားနှင့်ပြည့်စုံတော်မူ၏။