Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟေ​ရှာ​ယ 13:4 - Common Language Bible

4 တောင်​ပေါ်​ရှိ​လူ​အုပ်​ကြီး​၏​အ​သံ​ကို​နား ထောင်​ကြ​လော့။ ထို​အ​သံ​သည်​လူ​မျိုး​တ​ကာ တို့​စု​ရုံး​နေ​ကြ​သော​အ​သံ​ဖြစ်​၏။ ဗိုလ်​ခြေ တို့​၏​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​၏​စစ် သည်​တော်​တို့​ကို​တိုက်​ပွဲ​ဝင်​စေ​ရန်​အ​တွက် အ​သင့်​ပြင်​ဆင်​လျက်​နေ​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

4 နား ထောင် ကြ ဦး။ တောင် ပေါ် တွင် လူ ပ ရိ သတ် ကြီး အ သံ ဗ လံ ကဲ့ သို့၊ အုတ် အုတ် သဲ သဲ ပါ တ ကား။ လူ မျိုး ခြား နိုင် ငံ သား တို့ စု ရုံး သော ဆူ ညံ သံ ပါ တ ကား။ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား သည် အ လုံး အ ရင်း ကို ခင်း ကျင်း တော် မူ ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

4 ကြီး​စွာ​သော အ​လုံး​အ​ရင်း၏​အ​သံ​ကဲ့​သို့ တောင်​တို့​အ​ပေါ်​မှာ လူ​များ၏​အ​သံ​ဗ​လံ၊ စု​ဝေး​သော တိုင်း​သူ​ပြည်​သား​များ​တို့၏ အုတ်​အုတ်​ကျက်​ကျက်​သော အ​သံ​ဗ​လံ​ရှိ​သည်​နှင့်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် စစ်​တိုက်​ခြင်း​ငှာ၊ အ​လုံး​အ​ရင်း​ကို စီ​ရင်​ခင်း​ကျင်း​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

4 လူအုပ်​ကြီး​မှ​ထွက်​သော​အသံ​ကဲ့သို့ တောင်​ပေါ်မှ ဆူဆူညံညံ​အသံ​၊ တိုင်းနိုင်ငံ​တို့​မှ လူမျိုး​တို့ အတူတကွ​စုဝေး​၍ အုတ်အုတ်ကျက်ကျက်​ဖြစ်​သော​အသံ​ပါတကား​။ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​သည် စစ်ပွဲ​အတွက် စစ်သည်​အလုံးအရင်း​ကို ခင်းကျင်း​တော်မူ​ပြီ​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ရှာ​ယ 13:4
23 ပူးပေါင်းရင်းမြစ်များ  

တန်​ခိုး​ကြီး​မား​သည့်​နိုင်​ငံ​များ​သည် ပင်​လယ် မြည်​ဟည်း​သံ၊ လှိုင်း​လုံး​ကြီး​များ​ရိုက်​ပုတ် သံ​ကဲ့​သို့​သော​အ​သံ​နှင့်​ထ​ကြွ​သောင်း ကျန်း​လျက်​ရှိ​ကြ​၏။-


သင်​တို့​အ​ပေါင်း​သည်​စု​ဝေး​၍​ငါ​ပြော​သည် ကို နား​ထောင်​ကြ​လော့။ ငါ​ရွေး​ချယ်​ထား​သူ​သည်​ဗာ​ဗု​လုန်​ပြည်​ကို တိုက်​ခိုက်​လိမ့်​မည်​ဟူ​၍​လည်း​ကောင်း၊ ငါ​၏​အ​လို​တော်​ကျ​ဆောင်​ရွက်​ပေး​လိမ့်​မည် ဟူ​၍​လည်း​ကောင်း၊ အ​ဘယ်​ရုပ်​တု​က​မျှ​ကြို​တင်​၍​မ​ဟော​ကြား နိုင်​ခဲ့။


ထာ​ဝ​ရ​ဘု​ရား​သည်​အ​ချက်​ပြ​၍​ရပ်​ဝေး နေ​လူ​မျိုး​ခြား​တို့​အား​ခေါ်​ယူ​တော်​မူ​လိမ့် မည်။ ကိုယ်​တော်​သည်​သူ​တို့​အား​ကမ္ဘာ​မြေ​ကြီး စွန်း​မှ​လာ​ရောက်​ကြ​ရန်​လေ​ချွန်​သံ​ဖြင့် အ​ချက်​ပေး​တော်​မူ​လိမ့်​မည်။ ထို​သူ​တို့​သည် လည်း​ဤ​အ​ရပ်​သို့​အ​လျင်​အ​မြန်​လာ ရောက်​ကြ​လိမ့်​မည်။-


ထို​ကာ​လ​၌​သူ​တို့​သည်​ပင်​လယ်​မြည်​ဟည်း​သံ ကဲ့​သို့ ကျယ်​စွာ​ဣ​သ​ရေ​လ​ပြည်​တွင်​ကြွေး​ကြော် ကြ​လိမ့်​မည်။ ထို​ပြည်​ကို​ကြည့်​ရှု​ကြ​လော့။ ယင်း သည်​မှောင်​အ​တိ၊ ဆင်း​ရဲ​ဒုက္ခ​အ​တိ​ဖြစ်​၍​နေ​လိမ့် မည်။ အ​လင်း​ကား​အ​မှောင်​တွင်​ကွယ်​ပျောက် သွား​လေ​တော့​သ​တည်း။


``ငါ​သည်​မြို့​ရိုး​ကို​ဝိုင်း​ရံ​သည့်​ဗာ​ဗု​လုန် ဘု​ရင်​နှင့်​သူ​၏​တပ်​မ​တော်​ကို​တိုက်​ခိုက်​ရန် ဇေ​ဒ​ကိ​အ​သုံး​ပြု​လျက်​ရှိ​သည့်​လက်​နက် တို့​ကို​ဆုံး​ရှုံး​စေ​မည်။ ထို​နောက်​သူ​တို့ ကို​မြို့​လယ်​တွင်​စု​ဝေး​စေ​မည်။-


များ​စွာ​သော​လူ​မျိုး​တို့​နှင့်​တန်​ခိုး​ကြီး​သည့် ဘု​ရင်​များ​ထံ​၌​ကျွန်​ခံ​ရ​ကြ​လိမ့်​မည်။ ငါ သည်​လည်း​သူ​တို့​အား​မိ​မိ​တို့​ပြု​ခဲ့​သည့် အ​မှု​များ​၏ ဆိုး​ကျိုး​ကို​ခံ​စေ​မည်' '' ဟု မိန့်​တော်​မူ​၏။


သင်​တို့​၏​သီး​နှံ​များ​ကို​ကျိုင်း​ကောင်​အုပ်​တို့ ကိုက်​စား​လိုက်​သည့်​နှစ်​များ​က၊ သင်​တို့​ဆုံး​ရှုံး​မှု​ကို​ငါ​ပြန်​လည်​ပေး လျော်​မည်။ သင်​တို့​ထံ​သို့​ထို​ကျိုင်း​ကောင်​အုပ်​များ​ကို စေ​လွှတ်​သူ​မှာ​ငါ​ပင်​ဖြစ်​၏။


ထောင်​ပေါင်း​များ​စွာ​သော​သူ​တို့​သည် တ​ရား​စီ​ရင်​တော်​မူ​ရာ​ချိုင့်​ဝှမ်း​တွင် ရှိ​နေ​ကြ​၏။ ထို​ချိုင့်​ဝှမ်း​သို့​ထာ​ဝ​ရ​ဘု​ရား တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​ရက်​ကာ​လ သည် များ​မ​ကြာ​မီ​သက်​ရောက်​လာ​လိမ့်​မည်။


ဤ​အ​ကြောင်း​ကြောင့်​ရော​ဂါ​ဘေး၊ ဝမ်း​နည်း​ကြေ​ကွဲ​ခြင်း​ဘေး၊ အ​စာ​ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​များ​သည် သူ​၏​အ​ပေါ်​သို့​တစ်​ရက်​အ​တွင်း ကျ​ရောက်​လာ​လိမ့်​မည်။ သူ​သည်​မီး​ရှို့​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ့​အား တ​ရား​စီ​ရင်​တော်​မူ​သော​ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်​သည် တန်​ခိုး​ကြီး​တော်​မူ​သော​ကြောင့်​ဖြစ်​သ​တည်း'' ဟု​ဆို​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ