အကြောင်းမူကား ကွင်းပြင်၌ရှိသောကျောက်တုံးများသည် သင်နှင့်မိတ်ဖွဲ့ကြလိမ့်မည်။ တောရိုင်းတိရစ္ဆာန်တို့သည် သင်နှင့်သင့်မြတ်ကြလိမ့်မည်။
ဟေရှာယ 11:8 - မြန်မာ့စံမီသမ္မာကျမ်း နို့စို့ကလေးငယ်သည် မြွေဟောက်တွင်းပေါ်၌ ကစားလိမ့်မည်။ နို့ပြတ်သောကလေးငယ်သည်လည်း မြွေပွေးတွင်းထဲသို့ လက်ကိုထည့်လိမ့်မည်။ Common Language Bible အကယ်၍နို့စို့ကလေးသည်မြွေဆိုးတွင်းဝ၌ပင် ကစားစေကာမူ ဘေးအန္တရာယ်ရောက်ရလိမ့်မည်မဟုတ်။ Garrad Bible နို့ စို့ သူ ငယ် သည် မြွေ ဆိုး တွင်း ဝ တွင် က စား ခွင့်၊ နို့ ကွာ သူ ငယ် လည်း မြွေ ဟောက် မျက် စိ ပေါ် လက် တင် ခွင့် ရ လိမ့် မည်။ Judson Bible နို့စို့သူငယ်သည်လည်း မြွေဆိုးတွင်းပေါ်မှာ ကစားလိမ့်မည်။ နို့ကွာသော သူငယ်သည်လည်း၊ မြွေဟောက်တွင်းဝ၌ မိမိလက်ကို သွင်းလိမ့်မည်။ |
အကြောင်းမူကား ကွင်းပြင်၌ရှိသောကျောက်တုံးများသည် သင်နှင့်မိတ်ဖွဲ့ကြလိမ့်မည်။ တောရိုင်းတိရစ္ဆာန်တို့သည် သင်နှင့်သင့်မြတ်ကြလိမ့်မည်။
သူတို့သည် မိမိတို့လျှာကို မြွေ၏လျှာကဲ့သို့ ချွန်ထက်စေတတ်ကြပါ၏။ သူတို့၏နှုတ်ခမ်းအောက်တွင် မြွေဆိုး၏အဆိပ်ရှိပါ၏။(စေလာ)
နွားမနှင့်ဝက်ဝံမသည် အတူတူအစာစားကြ၍ သူတို့၏သားငယ်များသည် အတူတူလဲလျောင်းကြလိမ့်မည်။ ခြင်္သေ့သည် နွားကဲ့သို့ ကောက်ရိုးကို စားလိမ့်မည်။
ငါ၏သန့်ရှင်းသောတောင်တစ်တောင်လုံးကို ထိခိုက်ဖျက်ဆီးကြမည်မဟုတ်။ အကြောင်းမူကား ပင်လယ်သည် ရေများနှင့်ပြည့်လျှံနေသကဲ့သို့ ကမ္ဘာမြေကြီးသည် ထာဝရဘုရားကို သိကျွမ်းခြင်းနှင့်ပြည့်လိမ့်မည်။
ဖိလိတ္တိပြည်သားအပေါင်းတို့၊ သင့်ကို ရိုက်သောကြိမ်လုံးကျိုးသောကြောင့် ဝမ်းမြောက်ခြင်းမရှိနှင့်။ အကြောင်းမူကား မြွေအမျိုးထဲက မြွေပွေးပေါက်လာလိမ့်မည်။ သူ၏သားပေါက်သည်လည်း ပျံသန်းတတ်သောမီးမြွေဖြစ်လိမ့်မည်။
သူတို့သည် မြွေပွေးဥများကိုပေါက်စေ၏။ ပင့်ကူအိမ်များကိုရက်ကြ၏။ မြွေပွေးဥများကိုစားသောသူသည် သေတတ်၏။ ဥကိုခွဲလျှင် အဆိပ်ပြင်းသောမြွေပွေးပေါက်တတ်၏။