ဟေရှာယ 11:8 - Common Language Bible8 အကယ်၍နို့စို့ကလေးသည်မြွေဆိုးတွင်းဝ၌ပင် ကစားစေကာမူ ဘေးအန္တရာယ်ရောက်ရလိမ့်မည်မဟုတ်။ အခန်းကိုကြည့်ပါ။Garrad Bible8 နို့ စို့ သူ ငယ် သည် မြွေ ဆိုး တွင်း ဝ တွင် က စား ခွင့်၊ နို့ ကွာ သူ ငယ် လည်း မြွေ ဟောက် မျက် စိ ပေါ် လက် တင် ခွင့် ရ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible8 နို့စို့သူငယ်သည်လည်း မြွေဆိုးတွင်းပေါ်မှာ ကစားလိမ့်မည်။ နို့ကွာသော သူငယ်သည်လည်း၊ မြွေဟောက်တွင်းဝ၌ မိမိလက်ကို သွင်းလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း8 နို့စို့ကလေးငယ်သည် မြွေဟောက်တွင်းပေါ်၌ ကစားလိမ့်မည်။ နို့ပြတ်သောကလေးငယ်သည်လည်း မြွေပွေးတွင်းထဲသို့ လက်ကိုထည့်လိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ဘုရားသခင်၏သန့်ရှင်းမြင့်မြတ်သည့် ဇိအုန်တောင်တော်ပေါ်၌ ဘေးအန္တရာယ်ဖြစ်စေသည့်အရာသို့မဟုတ် ဆိုးညစ်သည့်အရာတစ်စုံတစ်ခုမျှ ရှိလိမ့်မည်မဟုတ်။ ပင်လယ်များသည်ရေနှင့်ပြည့်လျက်နေသကဲ့သို့၊ ထိုပြည်တော်သည်လည်းထာဝရဘုရားအား သိကျွမ်းမှုအသိပညာနှင့်ပြည့်ဝ၍နေလိမ့် မည်။
အို ဖိလိတ္တိအမျိုးသားတို့၊ သင်တို့အားရိုက် နှက်သည့်တုတ်သည်ကျိုး၍သွားပြီဖြစ်သော် လည်းသင်တို့ဝမ်းမြောက်ကြရန်အကြောင်း မရှိ။ မြွေတစ်ကောင်သေသောအခါထိုမြွေ ထက်ဆိုးသည့်အခြားမြွေတစ်ကောင်ပေါက် ၍လာလိမ့်မည်။ မြွေဥမှအဆိပ်ပြင်းသော နဂါးပျံပေါက်ဖွားလာတတ်ပါသည် တကား။-