ကိုယ်တော်သည် ကမ္ဘာမြေကြီးပေါ်ရှိ ဆိုးယုတ်သောသူရှိသမျှတို့ကို ချော်ကဲ့သို့ ဖယ်ရှားတော်မူ၏။ ထို့ကြောင့် ကိုယ်တော်၏သက်သေခံချက်တို့ကို အကျွန်ုပ်မြတ်နိုးပါ၏။
ဟေရှာယ 1:22 - မြန်မာ့စံမီသမ္မာကျမ်း သင်၏ငွေသည် ချော်ဖြစ်သွားပြီ။ သင်၏အကောင်းဆုံးဝိုင်သည် ရေနှင့်ရောလေပြီ။ Common Language Bible အို ယေရုရှလင်မြို့၊ သင်သည်အခါတစ်ပါးကငွေနှင့်တူခဲ့၏။ ယခုမူကားတန်ဖိုးမဲ့ဖြစ်၍နေလေပြီ။ ယခင်အခါကသင်သည်စပျစ်ရည်ကောင်းနှင့်တူခဲ့၏။ ယခုမှာမူရေပကတိဖြစ်၍နေတော့၏။- Garrad Bible သင်၏ ငွေ သည် ချော် ဖြစ်၍၊ အ ရက် လည်း ရေ ရော လျက် ရှိ ပြီ။ Judson Bible သင်၏ငွေသည်လည်း ချော်ဖြစ်လေပြီ။ သင်၏စပျစ်ရည်သည် ရေနှင့် ရောလျက်ရှိ၏။ |
ကိုယ်တော်သည် ကမ္ဘာမြေကြီးပေါ်ရှိ ဆိုးယုတ်သောသူရှိသမျှတို့ကို ချော်ကဲ့သို့ ဖယ်ရှားတော်မူ၏။ ထို့ကြောင့် ကိုယ်တော်၏သက်သေခံချက်တို့ကို အကျွန်ုပ်မြတ်နိုးပါ၏။
သစ္စာစောင့်သောမြို့သည် ပြည့်တန်ဆာကဲ့သို့ဖြစ်သွားပါသည်တကား။ ယခင်က တရားမျှတမှုနှင့်ပြည့်ဝရာ၊ ဖြောင့်မတ်ခြင်းတည်ရာ မြို့သည် ယခုအခါ လူသတ်သမားတို့နေရာ ဖြစ်သွားပါသည်တကား။
သင်၏အကြီးအကဲတို့သည် သူပုန်ဖြစ်ကြပြီ။ သူခိုးလက်ခံဖြစ်ကြပြီ။ သူတို့အားလုံးသည် တံစိုးလက်ဆောင်ကိုနှစ်သက်၍ ဂုဏ်ပကာသနနောက်သို့လိုက်ကြပြီ။ သူတို့သည် ဖတဆိုးဘက်မှ တရားသဖြင့်မစီရင်ကြ။ မုဆိုးမ၏အမှုကိုလည်း မဖြေရှင်းကြ။
သူတို့သည် စပျစ်ဝိုင်ယစ်မူးပြီး ပြည့်တန်ဆာနှင့်ဖောက်ပြန်မှားယွင်းကြ၏။ သူတို့၏အကြီးအကဲတို့သည်လည်း ရှက်ဖွယ်အမှုကို အလွန်နှစ်သက်ကြ၏။
“အို ဧဖရိမ်၊ သင့်ကို ငါမည်သို့ပြုရမည်နည်း။ အို ယုဒ၊ သင့်ကို ငါမည်သို့ပြုရမည်နည်း။ သင်တို့၏မေတ္တာသည် နံနက်အချိန်၌ကျသောမြူခိုးကဲ့သို့၊ စောစောပြယ်လွင့်သွားသောနှင်းကဲ့သို့ ဖြစ်ပါသည်တကား။
အကြောင်းမူကား ငါတို့သည် များစွာသောသူတို့ပြုသကဲ့သို့ ဘုရားသခင်၏နှုတ်ကပတ်တရားတော်ကို လှည့်လည်ရောင်းစား၍အမြတ်ထုတ်ကြသည်မဟုတ်ဘဲ ဖြူစင်သောသူ၊ ဘုရားသခင်ထံမှ စေလွှတ်ခြင်းခံရသောသူအဖြစ် ဘုရားသခင်ရှေ့တော်၌ ခရစ်တော်ကိုအမှီပြု၍ ငါတို့ဟောပြောကြ၏။