ငါတို့နှစ်ဦးစပ်ကြားတွင် ကြားဝင်စီရင်ဆုံးဖြတ်ပေးမည့်သူ တစ်ယောက်မျှမရှိ။
ဟေရှာယ 1:18 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားက “ယခု လာကြ။ အတူတကွအချေအတင်ဆွေးနွေးကြစို့။ သင်တို့အပြစ်သည် အနီရောင်ကဲ့သို့ဖြစ်သော်လည်း နှင်းပွင့်ကဲ့သို့ဖြူလိမ့်မည်။ ကြက်သွေးရောင်ကဲ့သို့ဖြစ်သော်လည်း သိုးမွေးကဲ့သို့ဖြစ်လိမ့်မည်။ Common Language Bible ထာဝရဘုရားက``သင်တို့၏အမှုကို ယခုစဉ်းစားဆုံးဖြတ်ကြပါစို့။ သင်တို့သည်အပြစ်သွေးစွန်းလျက်ရှိကြ၏။ သို့ရာတွင်ငါသည်သင်တို့အားမိုးပွင့်ကဲ့သို့ဖြူစင်အောင် ဆေးကြောတော်မူမည်။ သင်တို့သည်အပြစ်သွေးဖြင့်နီမြန်းလျက်နေသော်လည်း ဝါဂွမ်းကဲ့သို့ဖြူဖွေး၍လာလိမ့်မည်။- Garrad Bible ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် မှာ လာ ကြ၊ အ ချင်း ချင်း ချေ ပ ကြ ကုန် အံ့။ သင် တို့ ဒု စ ရိုက် များ က မ္ပ လာ ထည် နှင့် တူ သော် လည်း၊ မိုး ပွင့် သ ဖွယ် ဖြူ ရ လိမ့် မည်။ ပိုး က တ္ထီ ပါ နှင့် အ မျှ နီ သော် လည်း၊ သိုး မွေး ကဲ့ သို့ ဖြစ် ရ လိမ့် မည်။ Judson Bible ထာဝရဘုရားမိန့်တော်မူသည်ကား၊ လာကြ။ တရားစီရင်ကြကုန်အံ့။ သင်တို့အပြစ်သည် နီသောအဆင်းရှိသော်လည်း၊ မိုးပွင့်ကဲ့သို့ ဖြူလိမ့်မည်။ ကတ္တီပါနီနှင့်အမျှ နီသော်လည်း၊ သိုးမွေးကဲ့သို့ဖြစ်လိမ့်မည်။ |
ငါတို့နှစ်ဦးစပ်ကြားတွင် ကြားဝင်စီရင်ဆုံးဖြတ်ပေးမည့်သူ တစ်ယောက်မျှမရှိ။
အကျွန်ုပ်ကို ဟုဿုပ်ခက်ဖြင့် သန့်စင်စေတော်မူပါ။ ထိုအခါ အကျွန်ုပ်သည် စင်ကြယ်ပါလိမ့်မည်။ အကျွန်ုပ်ကိုဆေးကြောတော်မူပါ။ ထိုအခါ အကျွန်ုပ်သည် နှင်းပွင့်ထက် ပို၍ဖြူပါလိမ့်မည်။
အကျွန်ုပ်၏အပြစ်များမှ မျက်နှာတော်လွှဲ၍ အကျွန်ုပ်၏ဒုစရိုက်အားလုံးကို ပယ်ဖျက်တော်မူပါ။
သင်၏အကြီးအကဲတို့သည် သူပုန်ဖြစ်ကြပြီ။ သူခိုးလက်ခံဖြစ်ကြပြီ။ သူတို့အားလုံးသည် တံစိုးလက်ဆောင်ကိုနှစ်သက်၍ ဂုဏ်ပကာသနနောက်သို့လိုက်ကြပြီ။ သူတို့သည် ဖတဆိုးဘက်မှ တရားသဖြင့်မစီရင်ကြ။ မုဆိုးမ၏အမှုကိုလည်း မဖြေရှင်းကြ။
ကမ်းရိုးတန်းဒေသတို့၊ ငါ့ရှေ့မှာတိတ်ဆိတ်စွာနေကြလော့။ လူမျိုးတကာတို့၊ အားသစ်မွေးကြ။ လာ၍ တိုင်ပင်ဆွေးနွေးကြ။ တရားဆိုင်ဖို့ အတူတူဆုံ၍ တရားဆိုင်ကြစို့။
“သင်တို့၏အမှုကို တင်ပြကြလော့”ဟု ထာဝရဘုရားမိန့်တော်မူ၏။ “သင်တို့၏ခိုင်လုံသောသက်သေတို့ကို ယူဆောင်လာကြလော့”ဟု ယာကုပ်အမျိုး၏ရှင်ဘုရင်မိန့်တော်မူ၏။
သင်ကျူးလွန်သောအပြစ်တို့ကို တိမ်တိုက်ကဲ့သို့လွင့်စဉ်သွားစေပြီ။ သင်၏အပြစ်တို့ကို မိုးတိမ်ကဲ့သို့လွင့်စဉ်သွားစေပြီ။ သင့်ကိုငါရွေးနုတ်ပြီဖြစ်၍ ငါ့ထံသို့ပြန်လာလော့”ဟု မိန့်တော်မူ၏။
ငါ့ကို ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုသောသူသည် အနီးတွင်ရှိ၏။ မည်သူသည် ငါ့ကို ဆန့်ကျင်ဘက်ပြုမည်နည်း။ ငါတို့ အတူတကွ မတ်တတ်ရပ်ကြမည်။ မည်သူသည် ငါနှင့်တရားဆိုင်မည်နည်း။ သူသည် ငါ့ထံသို့လာပါစေ။
ဆိုးယုတ်သောသူသည် မိမိလမ်းကိုလည်းကောင်း၊ အပြစ်ဒုစရိုက်ပြုသောသူသည် မိမိအကြံအစည်တို့ကိုလည်းကောင်း စွန့်ပစ်၍ ထာဝရဘုရားထံတော်သို့ ပြန်လှည့်လာပါစေ။ သို့ပြုလျှင် ကိုယ်တော်သည် သူ့ကို သနားတော်မူမည်။ ငါတို့၏ဘုရားသခင်ထံတော်သို့ ပြန်လှည့်လာပါစေ။ အကြွင်းမဲ့ခွင့်လွှတ်တော်မူမည်။
ထာဝရဘုရားက “သင်တို့၏ဘိုးဘေးတို့သည် ငါ၌မည်သည့်မတရားမှုကိုတွေ့၍ ငါနှင့်ဝေးဝေးနေကြသနည်း။ အဘယ်ကြောင့် အချည်းနှီးသောအရာနောက်သို့လိုက်၍ အသုံးမကျသောသူဖြစ်ကြသနည်း။
ဆိုးယုတ်သောသူသည် ဆိုးယုတ်မှုကိုပြုရာမှ ပြန်လှည့်၍ ဖြောင့်မတ်မှန်ကန်သောအမှုကိုပြုလျှင် သူသည် မိမိအသက်ဝိညာဉ်ကို ကယ်တင်ရာရောက်မည်။
သူကျူးလွန်ခဲ့သောအပြစ်အားလုံးကို အမှတ်ရတော့မည်မဟုတ်။ သူသည် တရားသောအမှု၊ ဖြောင့်မတ်သောအမှုတို့ကိုပြုသောကြောင့် စင်စစ်အသက်ရှင်ရမည်။
အို တောင်များတို့၊ အို ခိုင်ခံ့သောမြေကြီးအုတ်မြစ်တို့၊ ထာဝရဘုရား၏စွဲချက်ကိုနားထောင်ကြလော့။ အကြောင်းမူကား ထာဝရဘုရားသည် မိမိလူမျိုးတော်ကို စွဲချက်တင်တော်မူပြီ။ အစ္စရေးလူမျိုးနှင့် အချေအတင်ပြောဆိုတော်မူမည်။
ပေါလုသည် မိမိပြုလေ့ရှိသည့်အတိုင်း သူတို့ထံသို့ဝင်၍ ဥပုသ်နေ့သုံးကြိမ်တိုင်တိုင် ကျမ်းစာကိုအမှီပြုလျက် သူတို့နှင့်ဆွေးနွေးပြောဆိုကာ
ပေါလုသည် ဥပုသ်နေ့တိုင်းတွင် ဝတ်ပြုစည်းဝေးကျောင်း၌ ဆွေးနွေးပြောဆိုလျက် ဂျူးလူမျိုးနှင့်ဂရိလူမျိုးတို့ကို စည်းရုံးလေ၏။
သို့သော် ပေါလုက ဖြောင့်မတ်ခြင်း၊ မိမိကိုယ်ကိုချုပ်တည်းခြင်းနှင့် ရောက်လာမည့်တရားစီရင်ခြင်းအကြောင်းတို့ကို ဆွေးနွေးပြောဆိုသောအခါ ဖေလဇ်မင်းသည် ကြောက်လန့်၍ “ယခုသွားဦးလော့။ နောက်မှ အချိန်ရသောအခါ သင့်ကို ငါခေါ်ဦးမည်”ဟု ဆိုလေ၏။
ပညတ်တရားမူကား ကျူးလွန်သောအပြစ်ကို များပြားစေရန်ဝင်ရောက်ခဲ့၏။ သို့သော် အပြစ်များပြားလာသည့်နေရာ၌ ကျေးဇူးတော်သည် ပို၍ပြည့်စုံကြွယ်ဝလေ၏။
ငါကလည်း “သခင်၊ ကိုယ်တော်သိပါ၏”ဟု ပြန်လျှောက်လျှင် ထိုသူက “ဤသူတို့သည် ကြီးစွာသောဆင်းရဲဒုက္ခထဲမှ ထွက်လာသောသူများဖြစ်ကြ၏။ သူတို့သည် မိမိတို့၏ဝတ်လုံများကို သိုးသငယ်တော်၏သွေးတော်အားဖြင့် လျှော်ဖွပ်လျက် ဖြူဖွေးစေကြ၏။
ယခု ရပ်နေကြလော့။ သင်တို့နှင့် သင်တို့၏ဘိုးဘေးများအတွက် ထာဝရဘုရားပြုတော်မူသည့် ဖြောင့်မတ်သောအမှုရှိသမျှတို့ကို ထာဝရဘုရားရှေ့တော်၌ သင်တို့ကို ငါရှင်းလင်းပြောပြမည်။