နောက်ထပ် ခဏကြာလျှင် ဤလောကသည် ငါ့ကိုမြင်ရတော့မည်မဟုတ်။ သင်တို့မူကား ငါ့ကိုမြင်ရကြလိမ့်မည်။ ငါသည်အသက်ရှင်သောကြောင့် သင်တို့သည်လည်း အသက်ရှင်ရကြလိမ့်မည်။
ဟေဗြဲ 7:8 - မြန်မာ့စံမီသမ္မာကျမ်း ဤနေရာ၌ သေဆုံးတတ်သောလူတို့သည် ဆယ်ဖို့တစ်ဖို့ကိုခံယူကြ၏။ အခြားသောနေရာ၌ကား ထိုသူသည် အသက်ရှင်နေသည်ဟု သက်သေခံထား၏။ Common Language Bible ထိုမှတစ်ပါးလည်းယဇ်ပုရောဟိတ်များ အနေဖြင့် ဆယ်ဖို့တစ်ဖို့အလှူကိုခံယူခြင်း သည်သေမျိုးဖြစ်သောလူသားတို့ကခံယူ ကြခြင်းဖြစ်၏။ မေလခိဇေဒက်မူကားကျမ်း စာတော်တွင်ဖော်ပြသည်နှင့်အညီ အသက် ရှင်သူအနေဖြင့်ဆယ်ဖို့တစ်ဖို့အလှူကို ခံယူခြင်းဖြစ်ပေသည်။- Garrad Bible ယ ခု ကာ လ တွင် သေ တတ် သော သူ တို့ သည် ဆယ် ဘို့ တစ် ဖို့ အ လှူ ကို ခံ ယူ တတ် ကြ၏။ ထို ကာ လ၌ မူ ကား အ သက် ရှင် နေ သည် ဟု သက် သေ ခံ ရှိ သူ ခံ ယူ ၏။ Judson Bible ထိုမှတစ်ပါး၊ သေတတ်သောသူတို့သည် ယခုအခါ ဆယ်ဖို့တစ်ဖို့ကို ခံလေ့ရှိ၏။ ထိုအခါမူကား အသက်ရှင်သည်ဟု သက်သေခံခြင်းကို ရသောသူသည် ဆယ်ဖို့တစ်ဖို့ကိုခံရ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ဆယ်ပုံတစ်ပုံကို ခံယူသော လေဝိအနွယ်ယဇ်ပုရောဟိတ်တို့သည် သေတတ်သောလူများဖြစ်ကြသော်လည်း ဆယ်ပုံတစ်ပုံကို ခံယူသော ဤမေလခိဇေဒက်မှာ အသက်ရှင်ကြောင်း သက်သေထင်ရှား၏။ |
နောက်ထပ် ခဏကြာလျှင် ဤလောကသည် ငါ့ကိုမြင်ရတော့မည်မဟုတ်။ သင်တို့မူကား ငါ့ကိုမြင်ရကြလိမ့်မည်။ ငါသည်အသက်ရှင်သောကြောင့် သင်တို့သည်လည်း အသက်ရှင်ရကြလိမ့်မည်။
ယေရှုက“ငါသည် လမ်း၊ သမ္မာတရားနှင့် အသက်ဖြစ်၏။ ငါ့ကိုအမှီမပြုလျှင် မည်သူမျှ ခမည်းတော်ထံသို့မရောက်နိုင်ရာ။
ထိုသို့ကြားရလျက်နှင့် ဆန့်ကျင်ခဲ့သူများကား မည်သူတို့နည်း။ မောရှေ၏ဦးဆောင်မှုအားဖြင့် အီဂျစ်ပြည်မှထွက်လာသောသူအပေါင်းတို့ပင်မဟုတ်လော။
အခြားကျမ်းချက်တွင်လည်း “သင်သည် မေလခိဇေဒက်နှင့်အလားတူသော ထာဝရယဇ်ပုရောဟိတ်ဖြစ်၏”ဟု မိန့်တော်မူသည့်အတိုင်းဖြစ်၏။
ယေရှုသည် မေလခိဇေဒက်နှင့်အလားတူသော ထာဝရယဇ်ပုရောဟိတ်မင်းဖြစ်လာပြီး ထိုကန့်လန့်ကာအတွင်းသို့ ရှေ့ဆောင်လမ်းခင်းပေးသူအဖြစ် ငါတို့ကိုယ်စားဝင်တော်မူ၏။
အခြားသောယဇ်ပုရောဟိတ်တို့သည် သေခြင်းတရားကြောင့် တာဝန်ကိုဆက်လက်၍မထမ်းဆောင်နိုင်ကြသဖြင့် များစွာသောသူတို့သည် ယဇ်ပုရောဟိတ်ဖြစ်လာကြ၏။
ထို့ပြင် ဆယ်ဖို့တစ်ဖို့ကိုခံယူသောလေဝိသည်လည်း အာဗြဟံမှတစ်ဆင့် ဆယ်ဖို့တစ်ဖို့ကိုပေးလှူသည်ဟု ဆိုနိုင်၏။
အသက်ရှင်သောသူလည်းဖြစ်၏။ ငါသည် သေခဲ့၏။ သို့သော် ကြည့်ရှုလော့။ ငါသည် ကမ္ဘာအဆက်ဆက်အသက်ရှင်လျက်ရှိ၏။ သေခြင်းနှင့်မရဏာနိုင်ငံတို့၏သော့များကိုလည်း ငါကိုင်ထား၏။